Unai Emery ကို အာဆင်နယ် မန်နေဂျာ ခန့်ထားဖို့ ရှိနေ

ဘောလုံး အားကစား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

PSG အသင်း မန်နေဂျာ Unai Emery

လက်ရှိ ပြင်သစ် ချန်ပီယံ ဘောလုံးအသင်းဖြစ်တဲ့ Paris Saint Germain က မန်နေဂျာကို လန်ဒန်က အာဆင်နယ်အသင်း နည်းပြ အဖြစ် ခန့်ဖို့ ရှိနေပါတယ်။

စပိန်ဖွား Unai Emery ဟာ အာဆင်နယ် အသင်းကို နှစ်ဆယ့်နှစ်နှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ မန်နေဂျာ အာဆင်ဗင်းဂါးရဲ့ နေရာကို ရယူတော့မှာ ဖြစ်ပါတယ်။

အခုလို အာဆင်နယ် မန်နေဂျာသစ် ခန့်အပ်မှု တရားဝင် ကြေညာချက်ကို ဒီသီတင်းပတ်ကုန်မှာ တရားဝင် ထုတ်ပြန်လိမ့်မယ်လို့ယူဆရပါတယ်။

အသက် ၄၆ နှစ်ရှိ အယ်မရီဟာ သူPSG အသင်းကို ကိုင်တွယ်ခဲ့တဲ့ဘောလုံးရာသီ နှစ်ခု အတွင်း လိဂ်ဝမ်းဖလား နဲ့ တခြား ပြင်သစ် ပြည်တွင်း ဖလား လေးခုကို ရယူပေးခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၄ နဲ့ ၂၀၁၆ အတွင်းမှာ Sevilla အသင်းအတွက် ယူရိုပါလိဂ်ဖလားသုံးနှစ်ဆက်တိုက် ဆွတ်ခူးပေးခဲ့တာ ဖြစ်ပါတယ်။

အသက် ၆၈ နှစ် ရှိပြီ ဖြစ်တဲ့ လက်ရှိအာဆင်နယ် မန်နေဂျာ ဗင်းဂါးဟာ အခု ဘောလုံးရာသီ အကုန်မှာ အသင်းကနေ အနားယူဖို့ ကြေညာထားပြီး ဖြစ်ပါတယ်။

သူကိုင်တွယ်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော် အတွင်း ပရီးမီးယားလိဂ် ဆုဖလား သုံးကြိမ် ၊ FA ဖလား ခုနှစ်ကြိမ် နဲ့ တခြား ဆုတွေ အပြင် ၁၉၉၈ ခုနှစ်တုန်းက ဆိုရင် လိဂ် ဖလားနဲ့ FA ဖလား တို့ကို တနှစ်အတွင်း တပြိုင်တည်း အာဆင်နယ် အသင်းအတွက် ရယူပေးခဲ့တာ ဖြစ်ပါတယ်။