အိန္ဒိယမှာ နီပါ ဗိုင်းရပ်ကြောင့် သေသူ ၁ဝ ယောက်ရှိ

ဓာတ်ပုံ မူပိုင် AFP
Image caption ရေတွင်းထဲက လင်းနို့တွေ ဖမ်းနေရ

အိန္ဒိယ တောင်ပိုင်းက ကယ်ရာလားပြည်နယ်မှာ ရှားပါးတဲ့ ဗိုင်းရပ်ပိုးတမျိုးက ကူးစက်တဲ့ ရောဂါကြောင့် သေသူ ၁ဝ ယောက် ရှိပြီလို့ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

နီပါ ဗိုင်းရပ်ပိုးဟာ သစ်သီးစားတဲ့ လင်းနို့တွေကနေ ကူးစက်တာ ဖြစ်ပြီး သေဆုံးမှုတွေ မကြာခဏ တွေ့ရပါတယ်။

တုတ်ကွေးဗိုင်းရပ်စ်သစ် အန္တရာယ် သတိရှိဖို့လို

HIV ဆေးသစ်တွေကြောင့် ကုထုံးတိုးတက်

နောက်ထပ် လူနာ ၉ ယောက်ဆီက သွေးနမူနာတွေ စစ်ဆေးဆဲ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အိန္ဒိယ-မြန်မာ နယ်စပ်မျဉ်းပေါ်က နန်းတော်

ခေါင်းကိုက်တာ၊ အိပ်ချင်တာနဲ့ ဖျားတဲ့ လက္ခဏာတွေ ပြတဲ့ လူနာတွေ အများအပြား ဆေးရုံတွေမှာ တက်ရောက် ကုသနေကြသလို ကူးစက်လူနာတွေ ထားဖို့ သီးသန့်ခွဲထားမယ့် အဆောင်တွေလည်း ပြင်ဆင်ထားရှိပါတယ်။

လူနာ ၄ဝ လောက်ကို သီးသန့်ခွဲထားရပြီး နှစ်ယောက်ကတော့ သေလုမျောပါး အခြေအနေမှာ ရှိပါတယ်။

ဒီရောဂါပိုးကို ရှာဖွေရခက်ခဲပြီး ဖျားတာ၊ အန်တာနဲ့ ခေါင်းကိုက်တာ စတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။

ကူးစက်ခံရရင် သေဆုံးနိုင်ခြေ ၇ဝ ရာခိုင်နှုန်းထိ ရှိပြီး ကာကွယ်ဆေးလည်း မရှိသေးပါဘူး။

ရောဂါဆိုးလာရင် တရက် နှစ်ရက်အတွင်း သတိလစ်ပြီး ကယောင်ချောက်ချား ပြောတာကနေ သတိမလည်တော့တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

လူတွေကို တိရစ္ဆာန်က တဆင့် ကူးစက်နိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်ပြန်ထားတဲ့ ကပ်ဘေးအထိ ကျရောက်နိုင်တဲ့ ရောဂါ ၁ဝ မျိုး စာရင်းမှာလည်း နီပါ ဗိုင်းရပ်က ထိပ်က ပါနေပါတယ်။

အိမ်မပြန်နိုင်တဲ့ အိန္ဒိယ မြန်မာများ

မြန်မာပြည်ရောက် အိန္ဒိယ ဘုရင်

ဓာတ်ပုံ မူပိုင် SAM PANTHAKY
Image caption သစ်သီးစားတဲ့ လင်းနို့တွေကနေ ကူးစက်

လူနာတွေကို ပြုစုနေတဲ့ သူနာပြု တယောက်လည်း ဗိုင်းရပ်ပိုး ကူးစက်ပြီး သေဆုံးခဲ့ပါတယ်။

လီနီဆိုတဲ့ သူနာပြုမလေးမှာ ကလေးငယ် နှစ်ယောက် ကျန်ရစ်ပြီး သူ့အကြောင်းကို လူမှုကွန်ယက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပြောနေကြပါတယ်။

အိမ်တအိမ် နောက်ဘေးက ရေတွင်းထဲမှာ လင်းနို့သေတွေ တွေ့ရလို့ ရေတွင်းကို ပိုက်ကွန်တွေနဲ့ ပိတ်ထားရတယ်လို့ ကျန်းမာရေး လုပ်သားတွေက ပြောပါတယ်။

လူတွေကို သစ်သီးတွေ သတိထားစားဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

ဒီရောဂါပိုးကို စပြီး သတိထားမိတာက ၁၉၉၉ ကပါ။

အဲဒီအချိန်က စင်္ကာပူနဲ့ မလေးရှားမှာ ဝက်မွေးတဲ့ လူအများအပြား အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်တာနဲ့ ဦးနှောက်ယောင် ရောဂါတွေ ကူးစက်တာကို သတိပြုရာက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ