ပထမ လူမည်းအမျိုးသမီး ဘုရင်ခံလောင်း

ဓာတ်ပုံ မူပိုင် Jessica McGowan
Image caption စတေစီ အဘရမ်

ဂျော်ဂျီယာ ပြည်နယ်က လွှတ်တော်အမတ်ဟောင်းနဲ့ စာရေးဆရာမ တဦး အမေရိကန်ရဲ့ ပထမဆုံး လူမည်း အမျိုးသမီး ဘုရင်ခံ ဖြစ်လာဖို့ နီးစပ်နေပါပြီ။

ဒီမိုကရက် ပါတီတွင်း ပဏာမ ရွေးကောက်ပွဲမှာ ၄၄ နှစ် အရွယ် စတေစီ အဘရမ် အနိုင်ရရှိခဲ့ပါတယ်။

၂ဝဝ၃ ခုနှစ်နောက်ပိုင်း ဂျော်ဂျီယာ ဘုရင်ခံ ရာထူးကို ဒီမိုကရက်တွေ မရဘဲ ရှိခဲ့တာ ဖြစ်ပါတယ်။

လူမည်းကပြားနဲ့ ပထမဆုံးဆောင်တဲ့ ဗြိတိသျှ တော်ဝင်

မာတင် လူသား ကင်း အထိမ်းအမှတ် ဆန္ဒပြပွဲ

နိုဝင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ ရီပတ်ဘလစ်ကန် ဘုရင်ခံလောင်းနဲ့ သူ အကျိတ်အနယ် ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

ဒုတိယ ဘုရင်ခံ ကေဆီ ကေးဂဲလ်က မေလ ၂၂ က ကျင်းပတဲ့ ရီပတ်ဘလစ်ကန် ပဏာမ ရွေးကောက်ပွဲ ကို နိုင်ပေမယ့် ဂျော်ဂျီယာ နိုင်ငံခြားရေး ဝန်ကြီး ဘရိုင်ယန် ကမ့်နဲ့ ဇူလိုင် ၂၄ ရက်မှာ ထပ်ပြီး နောက်တကျော့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဒီလို ရှေးရိုးစွဲဆန်တဲ့ ဂျော်ဂျီယာလို တောင်ပိုင်း ပြည်နယ်မှာသာ အနိုင်ရခဲ့ရင် မစ္စ အဘရမ် ဟာ ပထမဆုံး အမျိုးသမီး နဲ့ ပထမဆုံး လူနည်းစုထဲက တောင်ပိုင်းပြည်နယ် ခေါင်းဆောင် တယောက် ဖြစ်လာတော့မှာပါ။

ကင်တပ်ကီ၊ အာကန်ဆောနဲ့ တက္ကဆက် ပြည်နယ်တွေမှာလည်း အမျိုးသမီး တော်တော်များများ ဒီမိုကရက် သက်တမ်းတဝက် ရွေးပွဲတွေမှာ ဝင်ပြိုင်ခဲ့ကြပါတယ်။

ဒါဟာ မီးတူး ကမ်ပိန်းရဲ့ အောင်မြင်မှုတွေ ဖြစ်ပါတယ်။

ဒီထဲမှာ ကင်တပ်ကီကနေ ပြည်ထောင်စု အောက်လွှတ်တော် အမတ် အရွေးခံရတဲ့ အေမီ မက်ဂရက်လည်း ပါပြီး အရင်က တိုက်လေယာဉ်မှူး လုပ်ခဲ့ပါတယ်။

လက်ရှိ အမေရိကန်မှာ အမျိုးသမီး ပြည်နယ် ဘုရင်ခံ ၆ ယောက် ရှိပါတယ်။

ဓာတ်ပုံ မူပိုင် ERIK S. LESSER
Image caption အမေရိကန်မှာ အရေးကြီးတဲ့ ဂျော်ဂျီယာ ပြည်နယ် ရွေးကောက်ပွဲ

ငယ်ကတည်းက ပထမ

မစ္စ အဘရမ်ဟာ မစ္စစ္စပီမှာ မွေးဖွားပြီး မိဘတွေနဲ့ အတ္တလန္တာကို ရွှေ့လာခဲ့ပါတယ်။

သူ့မိဘတွေက ကောလိပ် စာကြည့်တိုက်မှူးနဲ့ သင်္ဘောကျင်း လုပ်သား ဖြစ်ပြီး တက္ကသိုလ်ဘွဲ့ရပြီးနောက် သင်းအုပ်ဆရာတွေ ဖြစ်လာကြပါတယ်။

သူ အထက်တန်းကျောင်း အောင်တဲ့အခါ ကျောင်းဆင်းပွဲမှာ ပထမဆုံး စကားပြောရတဲ့ လူမည်း အမေရိကန် ကျောင်းသူ ဖြစ်လာပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကျမ်းကျိန်ပွဲမှာ ဖျော်ဖြေမယ့် လူမည်းသံစုံတီးဝိုင်း

ယေးလ်နဲ့ တက္ကဆက် တက္ကသိုလ်တွေက မဟာဘွဲ့ နဲ့ ဥပဒေဘွဲ့တွေလည်း အဘရမ် ရရှိခဲ့ပါတယ်။

၂ဝဝ၆ ခုနှစ်မှာ ဂျော်ဂျီယာ ပြည်နယ် အောက်လွှတ်တော်ကို သူ ရွေးကောက်ခံရပြီး ပထမဆုံး လူမည်း ပြည်နယ် အောက်လွှတ်တော် ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

စီးပွားရေး မညီမျှမှုကို သူ့ဘဝ နောက်ခံပြု ဟောပြောပြီး ၂ဝ၁၆ ဒီမိုကရက် ပါတီ ညီလာခံမှာ ဟီလာရီ ကလင်တန်ကို ထောက်ခံခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဝတ္ထု ၈ အုပ်ရေးခဲ့သူ

စာရေးဆရာ နိုင်ငံရေးသမား

ဒီတခါ ရွေးကောက်ပွဲမှာလည်း သူ့အတွက် ဟီလာရီက ထောက်ခံပေးသလို ဘာနီး ဆန်းဒါး၊ ခရစ္စတန် ဂျီလီဘရန်း စတဲ့ ၂ဝ၂ဝ မှာ သမ္မတလောင်း ဝင်ပြိုင်နိုင်တဲ့ အထက်လွှတ်တော်အမတ်တွေကလည်း သူ့ကို ထောက်ခံကြောင်း ပြခဲ့ကြပါတယ်။

အချစ်နဲ့ လျှို့ဝှက်သည်းဖို ဝတ္ထု ၈ အုပ်ကိုလည်း ဆယ်လီနာ မွန်ဂိုမာရီ ကလောင်နာမည်နဲ့ မစ္စ အဘရမ် ရေးခဲ့ပါတယ်။

သူ့ပထမဆုံး သူလျှို ဝတ္ထု စာအုပ်ကို ယေးလ်ဥပဒေကျောင်းမှာ တက်နေတုန်း ရေးခဲ့တာပါ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်မှုအပေါ် လူမည်းတွေရဲ့ အမြင်

ဂျော်ဂျီယာ မှာ နိုင်ဖို့ခက်

ဂျော်ဂျီယာလို ၂ဝ၁၆ က ထရမ့် အနိုင်ရခဲ့တဲ့ ပြည်နယ် မျိုးမှာ သူ အနိုင်ရဖို့က ခက်ပါတယ်။

အခုပဲ အခွန်ကြွေးကျန်တာ ဒေါ်လာ ငါးသောင်း ရှိလျက်သားနဲ့ သူ့မဲဆွယ်ပွဲ အတွက် ဒေါ်လာ ငါးသောင်း ချေးတယ်ဆိုပြီး စစ်ဆေးခံနေရပါတယ်။

သူ့မှာ ကျောင်းတက်တုန်းက အကြွေး ဒေါ်လာ တသိန်း ခုနစ်သောင်းတင်နေတာနဲ့ ဒီအခွန်ကြွေးတွေကြောင့် ပြည်နယ် ဘုရင်ခံ ရာထူး ပြိုင်ခွင့် မပိတ်သင့်ဘူးလို့ အဘရမ်က မဂ္ဂဇင်းမှာ စာရေးခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ