စစ်ဗီဒီယိုဂိမ်းတွေနဲ့ ဉာဏ်ရည်တု ပရိုဂရမ်တွေ စမ်းသပ်မှု ဗြိတိန်စစ်တပ် စိုးရိမ်

ဓာတ်ပုံ မူပိုင် BLIZZARD

စစ်ပွဲဗီဒီယိုဂိမ်းတွေနဲ့ ဉာဏ်ရည်တု ပရိုဂရမ်တွေကို လေ့ကျင့်ပေးနေတာဟာ နောင်မှာ ဆိုင်ဘာ တိုက်ခိုက်မှုတွေ ပိုဖြစ်လာမလားဆိုပြီး ဗြိတိန် စစ်တပ်က စိုးရိမ်နေ ပါတယ်။

နည်းပညာကုမ္ပဏီတွေ အခြေစိုက်တဲ့ အမေရိကန် ဆီလီကွန်တောင်ကြားမှာ သုတေသနသမားတွေက ရှုပ်ထွေးတဲ့ ပြဿနာတွေ ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး သူတို့ တီထွင်နေတဲ့ ဉာဏ်ရည်တု ပရိုဂရမ်တွေကို Starcraft IIတို့လို့ ဗျူဟာကျ စစ်ဗီဒီယို ဂိမ်းတွေကို အသုံးပြုပြီး စမ်းသပ်နေ တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဉာဏ်ရည်တုနဲ့ပတ်သက်ပြီး ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာန (MoD)ရဲ့ အစီရင်ခံစာထဲမှာ အခုလို သတိပေးလိုက်တာ ဖြစ်ပါတယ်။

Starcraft ဂိမ်းကို ကစားရင် ကစားတဲ့သူဟာ အရင်းအမြစ်တွေစုဆောင်းပြီး အခြေစိုက်နေရာတွေကို ဆောက်လုပ်ကာ ရန်သူကို တိုက်ခိုက်တာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဂိမ်းကစားပြီး စီးပွားရှာဖို့ ကြံနေသူ

ဒီလိုဂိမ်းတွေနဲ့ ဉာဏ်ရည်တု ပရိုဂရမ်တွေကို လေ့ကျင့်တာဟာ ဆိုင်ဘာ တိုက်ခိုက်မှုတွေကို လုပ်ဆောင်ဖို့ အဆင်သင့် ဖြစ်စေတယ်လို့ MoD က ပြောပါ တယ်။

ဒါအပြင် ဒီထုတ်ပြန်ချက်က ၂၀၁၀ ခုနှစ်တုန်းက ပရိုဂရမ်တွေက အလိုအလျောက် တွေးတောနိုင်ဖို့ Starcraft II ဗွီဒီယိုဂိမ်းကို အသုံးပြုပြီး လေ့ကျင့်ပေးထားတဲ့ ဂူးဂဲလ်ရဲ့ DeepMind ဉာဏ်ရည်တု သုတေသန စီမံကိန်းရဲ့ ထုတ်ပြန်ချက်ကိုလည်း ကိုးကားထားပါတယ်။

ငွေကြေးကို အသုံးပြုပြီး ဒီစနစ်ကို ဝယ်ယူမယ် ဒါမှမဟုတ် မသမာသူ၊ အကြမ်းဖက် သမားတွေက ခိုးယူပြီး ဒီစနစ်ကို ရယူသွားရင် ပြင်းထန် ကြောက်စရာကောင်းတဲ့ ဆိုင်ဘာ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

ဒါပေမယ့် လန်ဒန်အခြေစိုက် DeepMind ကုမ္ပဏီကတော့ ကမ္ဘာကြီးကို ပိုကောင်း မွန်လာဖို့ ဉာဏ်ရည်တုတွေနဲ့ လုပ်ဆောင်မှာ ဖြစ်သလို ရာသီဥတု ပြောင်းလဲတာလိုမျိုး ရှုပ်ထွေးတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ Atariနဲ့ Go တို့လို ဂိမ်းတွေနဲ့ ဉာဏ်ရည်တု ပရိုဂရမ်တွေကို လေ့ကျင့်ပေးနေတာလို့ ပြောပါတယ်။

လန်ဒန် တက္ကသိုလ်လက်အောက်ခံ UCLမှာ နည်းပညာလုံခြုံရေး သုတေသနကို လုပ်ဆောင်နေတဲ့ Steven Murdochက ဉာဏ်ရည်တု ပရိုဂရမ်နဲ့ အဆင့်မြင့် ဆိုင်ဘာ တိုက်ခိုက်မှုတွေကို လုပ်ဖို့ဆိုတာကတော့ အဝေးကြီး လိုသေးတယ်လို့ ပြောပါတယ်။

ဒီဉာဏ်ရည်တု ပရိုဂရမ်တွေက ဂိမ်းတွေကို လူတွေနဲ့အပြိုင် ကစားကောင်း ကစား နိုင်ပေမယ့် ဖန်းတီးမှုတော့ သိပ်ရှိမှာမဟုတ်သလို ပုံသေ သတ်မှတ်ချက်တွေကို လိုက်နာနေမှာလို့ သူက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ