မြောက်ကိုရီးယားနဲ့ ဆွေးနွေးပွဲ ထရမ့်ဖျက်သိမ်း

ဓာတ်ပုံ မူပိုင် MANDEL NGAN

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ နောက်လထဲ ထိပ်သီးဆွေးနွေးပွဲ လုပ်မယ့် အစီအစဉ်ကို အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ဖျက်သိမ်းလိုက်ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ လတ်တလော ထုတ်ပြန်ချက်တွေမှာ ပါရှိတဲ့ ခက်ထန် တင်းမာတဲ့ အသုံးအနှုန်း ရန်လိုမှုတွေကြောင့် ဒီအချိန်မှာ အစည်းအဝေး လုပ်ဖို့ မသင့်တော်သေးဘူး ဆိုပြီး ထရမ့်က အကြောင်းပြခဲ့ပါတယ်။

ဒီလို ဖျက်သိမ်းလိုက်တဲ့အတွက် ကမ္ဘာကြီးအတွက် ထိခိုက်နစ်နာစေတယ်လို့လည်း ကင်ဂျုံအွန်းဆီကို ထရမ့်ရေးတဲ့ စာထဲမှာ ပါရှိပါတယ်။

မြောက်ကိုရီးယား နျူကလီးယားစခန်း ဖျက်ကြောင်း ကြေညာ

ဒါပေမဲ့ နောက်ထပ် ဆွေးနွေးပွဲလုပ်ဖို့ လမ်းစဖွင့်ထားတယ် လို့လည်း ဆိုပါတယ်။

ဒီ ပယ်ဖျက်လိုက်တဲ့ ဆွေးနွေးပွဲကနေ မြောက်ကိုရီးယား အဏုမြူ လက်နက် ဖျက်သိမ်းရေးထိ ဖြစ်လာနိုင်တယ်လို့ ယူဆခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ပွန်ဂေရီ အဏုမြူ စမ်းသပ်စခန်း

တရက်ထဲမှာပဲ မြောက်ကိုရီးယားက သူတို့ အဏုမြူ အဓိက စမ်းသပ်တဲ့ စခန်းကို အခမ်းအနားနဲ့ ဖျက်သိမ်းခဲ့ပါတယ်။

ဒီအခမ်းအနားတက်ဖို့ ပြည်ပ သတင်းထောက် တချို့ကို လက်ရွေးစင် ဖိတ်ကြားခဲ့ပါတယ်။

ပွန်ဂေရီ အဏုမြူ စမ်းသပ်တဲ့ စခန်းက မြေအောက် လိုဏ်ခေါင်း သုံးခုကို သူတို့ရှေ့မှာ ဆက်တိုက် ဖောက်ခွဲခဲ့တာပါ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ထရမ့်နဲ့ ဆွေးနွေးပွဲ ဖျက်ပစ်မယ်လို့ မြောက်ကိုရီးယား ခြိမ်းခြောက်

ဒီအခမ်းအနားကို အဏုမြူ သိပ္ပံပညာရှင်တွေကိုတော့ မဖိတ်ခဲ့ပါဘူး။

ဒီလို ဖျက်သိမ်းတာဟာ အဏုမြူ ဖျက်သိမ်းရေးအတွက် အဓိပ္ပာယ်ရှိတဲ့ ပထမ တဆင့် ဖြစ်တယ်လို့ တောင်ကိုရီးယား ဘက်က ပြောကြား ခဲ့ပါတယ်။

ဒီစခန်းတွေဟာ အသုံးပြုလို့ ရတဲ့ စခန်းတွေ မဟုတ်ဘူးလို့လည်း တချို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။