မော်ဂန် ဖရီးမင်း တောင်းပန် စကားပြော

ဓာတ်ပုံ မူပိုင် Reuters
Image caption အသက် ၈၀ ရှိ ဟောလီးဝုဒ်မင်းသားကြီး Morgan Freeman

အော်စကာဆုရှင် မင်းသားကြီး Morgan Freeman က သူ့အနေနဲ့ တစုံတယောက်ကို စိတ်မသက်သာဖွယ် ၊ မလေးစားဖွယ် လုပ်ခဲ့မိရင် တောင်းပန်ကြောင်း ဆိုသွားခဲ့ပါတယ်။

လိင်ပိုင်းဆိုင်ရာ စိတ်အနှောက်အယှက် ဖြစ်စရာတွေ ၊ မဖွယ်မရာ လုပ်တာတွေ ရှိတယ်ဆိုတဲ့ သူ့အပေါ် စွပ်စွဲချက်တွေ ထွက်ပေါ်လာခဲ့ပြီးနောက်မှာ အခုလို တောင်းပန် လိုက်တာ ဖြစ်ပါတယ်။

အသက် ၈ဝ ရှိပြီ ဖြစ်တဲ့ ဟောလီးဝုဒ် မင်းသားကြီးဟာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ စိတ်မသက်မသာ ဖြစ်အောင် လုပ်ခဲ့တယ်လို့ စွပ်စွဲ ပြောကြားလာတဲ့ အမျိုးသမီး ရှစ်ယောက် ရှိကြောင်း စီအန်အန် သတင်းဌာနက ဆိုပါတယ်။

တဖက်မှာလည်း မစ္စတာ ဖရီးမန်းနဲ့ အတူ လက်တွဲ လုပ်ခဲ့ဖူးသူ အရေအတွက် ရာဂဏန်းလောက် ရှိသူတွေကတော့ သူတို့အနေနဲ့ မစ္စတာဖရီးမန်းရဲ့ မလျှော်ကန်တဲ့ အပြုအမူ ဘယ်တုန်းကမှ မကြုံဖူးသလို ၊ သူဟာ အလုပ်သဘောဆန်ဆန် အမြဲတမ်း ပြုမူ ဆက်ဆံတာမျိုးဘဲ တွေ့ရတယ်လို့ အခိုင်အမာ ပြောကြောင်းကိုလည်း စီအန်အန်ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။