အိုင်ယာလန်မှာ သားဖျက်ခွင့် ဆန္ဒခံ

ဓာတ်ပုံ ရင်းမြစ်, Brian Lawless
မဲပုံးတွေက ကျွန်းပေါ်က သယ်လာ
အိုင်ယာလန် သမ္မတ နိုင်ငံမှာ ကိုယ်ဝန်ဖျက်ချမှု ဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်ပြီး ဆန္ဒခံယူပွဲ ကျင်းပနေပါတယ်။
အဋ္ဌမ ပြင်ဆင်ချက်လို့ လူသိများတဲ့ အိုင်းရစ် အခြေခံ ဥပဒေပါ ပုဒ်မမှာ ပဋိသန္ဓေ ဖျက်ချတာကို တားမြစ်ထားပြီး ဒါကို ပြင်ဆင်မလား ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးရဲ့ အသက် အန္တရာယ် စိုးရိမ်ရမှသာ ဖျက်ချခွင့်ကို ခွင့်ပြုထားပါတယ်။
မုဒိမ်းမှု၊ ဆွေမျိုးချင်း ကျူးလွန်မှု ဖြစ်တာနဲ့ သန္ဓေသားမှာ သေနိုင်လောက်တဲ့ ချို့ယွင်းမှု ရှိရင်တောင် ဖျက်ချခွင့် မရပါဘူး။
အိုင်ယာလန် ကျွန်းတွေမှာ နေကြသူတွေက အချိန်မီ မဲတွေရောက်အောင် မေလ ၂၄ ရက်ကတည်းက ကြိုပေးကြပါတယ်။
ဒီ ဆန္ဒခံပွဲကို မဲပေးဖို့ လူ ၃ သန်းကျော် စာရင်းပေးကြပြီး ဒီထဲမှာ လူ တသိန်းကျော်က အရင်က မဲပေးကြဖူးတဲ့သူတွေ ဖြစ်ကြပါတယ်။
ဓာတ်ပုံ ရင်းမြစ်, PAUL FAITH
ကက်သလစ် ဘုန်းတော်ကြီးလည်း မဲပေး
အိုင်ယာလန်မှာ ကိုယ်ဝန်ဖျက်ခွင့် ကိစ္စကို ဆန္ဒခံတာ ဒီတခါဆို ၆ ခါ ရှိပါပြီ။
၁၉၈၃ ဆန္ဒခံပွဲကနေပြီး ခု အငြင်းပွားနေကြတဲ့ အဋ္ဌမ ပြင်ဆင်ချက်ကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ဥပဒေအရ မိခင်နဲ့ မမွေးသေးတဲ့ ကလေးရဲ့ အသက်ကို တန်းတူသတ်မှတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဖျက်ခွင့်ကို တားမြစ်တာပါ။
ခုတော့ နှစ်ဘက်လုံးက နှစ်လနီးပါး အကြီးအကျယ် မဲဆွယ်ကြပြီးနောက် မဲပေးကြတာ ဖြစ်ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Jeff J Mitchell
မဲပေးဖို့ စာရင်းပေးသူ ၃ သန်းကျော်
မဲပြားတွေပေါ်မှာတော့ ဖျက်ချတဲ့ ကိစ္စကို ထည့်ရေးမထားပေမယ့် အခြေခံ ဥပဒေ ပြင်တာကို သဘောတူသလား မတူလားပဲ မေးထားပါတယ်။
ဥပဒေ မပြင်လိုသူတွေက ကန့်ကွက်မဲပေးပြီး ပြင်ဆင်ချင်သူတွေက ထောက်ခံမဲပေးရမှာပါ။
အနိုင်ရလဒ်ကို မေလ ၂၆ ရက်ညနေ ကြေညာမယ်လို့ ယူဆရပါတယ်။
အိန္ဒိယက ကိုယ်ဝန်ဖျက်ချမှု