နာဂျစ်ရာဇက်ဆီက ဒေါ်လာ ၂၈ သန်း သိမ်းဆည်း

ဓာတ်ပုံ မူပိုင် MANAN VATSYAYANA
Image caption ငွေတွေကို ဘဏ်စာရေး ၂၂ ယောက်က သုံးရက်ကြာရေတွက်ခဲ့ရ

မလေးရှားခေါင်းဆောင်ဟောင်း နာဂျစ် ရာဇက်ဆီကနေ စုစုပေါင်း ဒေါ်လာ ၂၈ ဒသမ ၆ သန်း သိမ်းဆည်းရရှိခဲ့တယ်လို့ ရဲအဖွဲ့က ပြောပါတယ်။

မလေးရှားခေါင်းဆောင်ဟောင်း နာဂျစ် ရာဇက် ရဲ့ အိမ်ကို ရဲက အရင်တပတ် သောကြာနေ့က ရှာဖွေခဲ့ရာမှာ ပိုက်ဆံတွေကို အိတ် ၃၅ လုံးနဲ့ သိမ်းဆည်းရရှိခဲ့ပါတယ်။

ဒါ့အပြင် နာရီနဲ့ လက်ဝတ်ရတနာတွေကိုလည်း အိတ် ၃၇ လုံးနဲ့ သိမ်းဆည်းရရှိခဲ့ပါတယ်။

နာဂျစ်ရာဇက်ဆီက ပစ္စည်းနဲ့ငွေတွေသိမ်း

ဓာတ်ပုံ မူပိုင် MOHD RASFAN
Image caption လာဘ်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ခေါ်မေးတာ နှစ်ကြိမ်ရှိ

အခု အိတ် ၃၅ လုံးနဲ့ သိမ်းဆည်းရမိခဲ့တဲ့ ငွေတွေကို ဘဏ်စာရေး ၂၂ ယောက်က သုံးရက်ကြာရေတွက်ခဲ့ရပါတယ်။ အဲသလို ရေတွက်ရာမှာ စုစုပေါင်း ဒေါ်လာ ၂၈.၆ သန်းရှိတယ်လို့ သိရတာဖြစ်ပါတယ်။

သူ့အိမ်ကို ဝင်ရောက်စီးနင်းခဲ့တာကတော့ 1MDB လို့ခေါ်တဲ့ မလေးရှား ဘဏ္ဍာရေး ဝန်ကြီးဌာနပိုင် ကုမ္ပဏီက ငွေတွေ အခိုးယူခံခဲ့ရတယ်ဆိုတဲ့ စွပ်စွဲချက် နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးလုပ်ရာကနေ ဖြစ်လာခဲ့တာပါ။

1MDB နဲ့ ပတ်သက်တဲ့ စွပ်စွဲချက်ထဲမှာ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ကိုယ်တိုင်ကို လည်း ဒေါ်လာ သန်း ၇ဝဝ သူ့အိတ်ထဲ ထည့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် ၂ဝဝ၉ ခုနှစ်ကတည်းက ဖြစ်ပေါ်ခဲ့ ဖူးပါတယ်။ ဒါပေမယ့် မစ္စတာ နာဂျစ်ကတော့ သူ့အနေနဲ့ မဟုတ်တာ မလုပ်ခဲ့ဘူးလို့ ငြင်းဆိုခဲ့သလို တရားရုံးကလည်း ကင်းလွတ်ခွင့် ပြုခဲ့ပါတယ်။

အခုသူ့အိမ်ကနေ ငွေတွေ သိမ်းဆည်းရမိတဲ့ ကိစ္စကိုလည်း သူ့ပါတီကတော့ ဒီငွေတွေဟာ ပါတီရန်ပုံငွေတွေလို့ ဆိုပါတယ်။ သူ့ပါတီဖြစ်တဲ့ မလေးရှား အမျိုးသားညီညွတ်ရေးပါတီ ဟာ ရွေးကောက်ပွဲကာလ မဲဆွယ်ရာမှာ ပါတီငွေ အမြောက်အမြားဟာ ပါတီခေါင်းဆောင်ဆီမှာ အပိုကျန်ရှိနေခဲ့တာ ဖြစ်တယ်လို့ ပါတီဘက်က ဆိုပါတယ်။ ရွေးကောက်ပွဲကတော့ အများသိကြတဲ့ အတိုင်း ရှုံးနိမ့် ခဲ့ပြီး သူ့ဆရာဟောင်းဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က အနိုင်ရသွားခဲ့ပါတယ်။

မလေးဝန်ကြီးချုပ်ဟောင်း ပြည်ထွက်ခွင့်ပိတ်

ဓာတ်ပုံ မူပိုင် Reuters
Image caption နာဂျစ်ကို ထောင်ထဲပို့ဖို့ ကျောင်းသားတွေ လှောင်ပြောင်

အခု ရဲကငွေတွေကို သိမ်းဆည်းချိန်ဟာ အဲဒီငွေတွေကို ပါတီခေါင်းဆောင်သစ်ဆီ လွှဲပြောင်းနေဆဲအချိန်ဖြစ်တယ်လို့လည်း ပါတီက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပါတီဟာ ရွေးကောက်ပွဲ ရှုံးနိမ့်ပြီးနောက် ပြန်လည် တည်ဆောက်ဖို့ အဲဒီငွေတွေ ပြန်ရအောင် ကြိုးစားသွားမယ်လို့လည်း အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခု မစ္စတာ မဟာသီယာ ရွေးကောက်ပွဲ နိုင်ပြီးနောက်မှာ 1MDB ကုမ္ပဏီရဲ့ အလွဲသုံးစားမှု စုံစမ်းစစ်ဆေးရေးကိုလည်း ပြန်စမှာပါ။

မစ္စတာ နာဂျစ်ကို အကျင့်ပျက် လာဘ်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ခေါ်ယူမေးမြန်းတာလည်း နှစ်ကြိမ်ရှိပါပြီ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မလေးရှား ၀န်ကြီးချုပ်ဟောင်း နေအိမ်ကို ရဲက ဝင်ရောက်ရှာဖွေ

ပြီးခဲ့တဲ့ အပတ်က ရဲက အိမ်ကို ဝင်ရောက်စီးနင်းခဲ့တာကိုလည်း မစ္စတာ နာဂျစ်က မကျေနပ်ဘူးလို့ သူ့ရှေ့နေ ဟာပဲလ် ဆင်း ကပြောပါတယ်။

ဓာတ်ပုံ မူပိုင် STR
Image caption ရဲတွေက ချော့ကလက်တွေ စားသွားကြတယ်ဆို

သူ့အိမ်ကို ဝင်ရောက်စီးနင်း ရှာဖွေခဲ့သူ ရဲတွေဟာ သူ့အိမ်က အစားအသောက်တွေ ချော့ကလက်တွေကိုလည်း သူတို့သဘောနဲ့ သူတို့ စားသွားကြတယ်လို့ သူက အပြစ်တင် ပြောဆိုခဲ့ပါတယ်။ ဒီပြောဆိုချက်ဟာ အွန်လိုင်းနဲ့ လူမှုကွန်ရက်တွေ မှာ ပျံ့နှံ့သွားခဲ့ပြီး မလေးရှား ရဲစခန်းဆီကို လူတွေက ချော့ကလက်တွေ ပေးပို့ခဲ့ကြပါတယ်။

တွစ်တာ လူမှုမီဒီယာမှာတော့ မင့်ချောကလက်ကို ငါတို့က စားပြီး ငါတို့ပိုက်ဆံတွေကို မင်းက စားတယ်လို့ လှောင်ပြောင် ရေးသားခဲ့ကြပါတယ်။

ဒါကတော့ မစ္စတာနာဂျစ်ကို တိုင်းပြည်ဘဏ္ဍာ အလွဲသုံးစားလုပ်တယ်လို့ စွပ်စွဲပြီး လှောင်ပြောင်ခဲ့ကြတာပါ။

မစ္စတာ နာဂျစ်ကတော့ သူ့အနေနဲ့ မဟုတ်တာ ဘာမှ မလုပ်ခဲ့ဘူးလို့ တောက်လျှောက် ငြင်းဆိုခဲ့သလို 1MDB အမှုနဲ့ ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာ အာဏာပိုင်တွေက သူ့မှာ အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့ပြီးပြီလို့ သူက ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ