ကင်ဂျုံအွန်းနဲ့ မွန်းဂျေအင်းတို့ ပန်မွန်ဂျုံမှာ ရုတ်တရက်တွေ့

korea

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

တလ အတွင်း ဒုတိယအကြိမ် တွေ့ဆုံခဲ့ကြ

တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း တို့ နှစ်နာရီကြာ ပန်မွန်ဂျုံ နယ်စပ် စခန်းမှာ တွေ့ဆုံခဲ့ကြပါတယ်။

တလ အတွင်း ဒုတိယအကြိမ် ဒီနေရာမှာ သူတို့တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

နောက်ဆုံး တွေ့ဆုံပွဲကိုတော့ အသေးစိတ် ထုတ်ပြန်တာ မရှိသေးပါဘူး။

korea

ဓာတ်ပုံ ရင်းမြစ်, CHEONG WA DAE HANDOUT

ဓာတ်ပုံ ပုံစာ,

ဆွေးနွေးပွဲ ရလဒ်ကို မေလ ၂၇ ရက်မနက်မှာ မွန်းဂျေအင်း ကြေညာမယ်

ပန်မွန်ဂျုံ စခန်း မြောက်ဘက်ခြမ်းမှာ ဒေသစံတော်ချိန် ညနေ ၃ နာရီက ၅ နာရီ အတွင်း ဆွေးနွေးခဲ့ကြတာလို့ တောင်ကိုရီးယား သမ္မတရုံးက ထုတ်ပြန်ပါတယ်။

မြောက်ကိုရီးယားနဲ့ အမေရိကန် တွေ့ဆုံပွဲ ဖြစ်မြောက်ဖို့အတွက် နှစ်ဘက်ခေါင်းဆောင်တွေ အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်းနဲ့ ဒီဆွေးနွေးပွဲ ရလဒ်ကို မေလ ၂၇ ရက်မနက်မှာ မွန်းဂျေအင်းက ကြေညာမယ်လို့လည်း သိရပါတယ်။

ပထမအကြိမ် သမိုင်းဝင် တွေ့ဆုံပွဲအပြီးမှာတော့ ခုထိ စစ်ရပ်စဲရေး မယူရသေးတဲ့ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာမယ့် လက္ခဏာတွေ သိသိသာသာ ပြသခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲကနေ အမေရိကန် သမ္မတ ထရမ့်နဲ့ စင်္ကာပူမှာ နောက်လ တွေ့ဖို့ထိ ဖြစ်ထွန်းလာခဲ့ပါတယ်။

korea

ဓာတ်ပုံ ရင်းမြစ်, Chung Sung-Jun

ဓာတ်ပုံ ပုံစာ,

မြောက်ကိုရီးယားနဲ့ ဆွေးနွေးပွဲ မဖျက်ဖို့ ကန်ကိုတောင်းဆို

ကိုရီးယား ကျွန်းဆွယ် တင်းမာမှုတွေ လျော့ကျရေးနဲ့ အဏုမြူ ဖျက်သိမ်းရေးကို အဓိကထား ဆွေးနွေးကြဖို့ ရည်ရွယ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ထရမ့်က ဒီပွဲကို ဖျက်သိမ်းခဲ့ပါတယ်။

အခုတော့ သူ့ဘက်က ပြန်ဆက်မယ့် စကားတွေ ပြောနေပြန်ပါပြီ။

ဒီအချိန်မှာပဲ အိမ်ဖြူတော်က ဇွန်လ ၁၂ ရက် တွေ့ဆုံပွဲ ဖြစ်လာရင် ပြင်ဆင်ဖို့ အကြို အဖွဲ့တဖွဲ့ စင်္ကာပူကို သွားလိမ့်မယ်လို့ ကြေညာ ထားပါတယ်။