မြွေကိုက်ခံရမှုဟာ ဦးစားပေးဖြေရှင်းရမဲ့ ပြဿနာတရပ် ဖြစ်လာနေ

ဓာတ်ပုံ မူပိုင် Alamy
Image caption တနှစ်ကို လူ ၈ သောင်း ၁ ထောင်ကနေ လူပေါင်း ၁ သိန်းသုံးသောင်းရှစ်ထောင်လောက်အထိ ဟာ မြွေကိုက်ခံရမှုကြောင့် သေဆုံးနေရ

မြွေကိုက်ခံနေရမှုတွေဟာ ကမ္ဘာ့တလွှားကျန်းမာရေးလုပ်ငန်းတွေအတွက် ဦးစားပေးဖြေရှင်းရမယ့် လုပ်ငန်းဖြစ်လာပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲချုပ် WHO ကပြောပါတယ်။

အဲဒီလို ဦးစားပေးအစီအစဉ်ချမှတ်ဆောင်ရွက်နိုင်ဖို့ အတွက် ပြီးခဲ့တဲ့ သောကြာနေ့က ပြုလုပ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ရဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ချက်အသစ်တရပ်ကိုလည်း ချမှတ်ခဲ့တာပါ။

ရှုပ်ထွေးတဲ့ ဆက်နွှယ်မှုနဲ့ တိုက်ခိုက်မှုတွေကြောင့် ဒီလို အပူပိုင်းဒေသတွေမှာ အဖြစ်များတဲ့ မြေကိုက်ခံရမှုကြောင့် ခံစားရတဲ့ ရောဂါဝေဒနာဆိုင်ရာ ကိစ္စရပ်တွေဟာ မသိကျိုးကျွံအပြုခံရဆုံး ကိစ္စရပ်တွေထဲက တခုဖြစ်လာနေတယ်လို့ WHO က ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းဖြစ်တဲ့ WHO က ဒီလို ကိစ္စရပ်တွေကို လျင်လျင်မြန်မြန် တုံ့ပြန်ဖြေရှင်းနိုင်ဖို့အတွက် ဈေးသက်သာတဲ့ မြွေဆိပ်ဖြေဆေး ဖြန့်ဝေမှုတွေအပြင် ရှေးဦးသူနာပြုသင်တန်းတွေကိုပါ ပိုမိုပေးနိုင်ဖို့ လုပ်ဆောင်လာတော့မှာ ဖြစ်ပါတယ်။

ဒဗျူအိပ်ချ်အိုရဲ့ တကမ္ဘာလုံးဆိုင်ရာ အစီအစဉ်အရ ရည်မှန်းချက်ထဲမှာ ဒီလို မြွေကိုက်ခံရမှုတွေကို ကုသတုံ့ပြန်ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံအသီးသီးနဲ့ ပူးပေါင်းကာ ဘုံသဘောတူထားတဲ့ မဟာဗျူဟာ စီမံချက်ချဖို့ကိစ္စလည်း ပါဝင်တာပါ။

တနှစ်ကို လူ ၈ သောင်း ၁ ထောင်ကနေ လူပေါင်း ၁ သိန်းသုံးသောင်းရှစ်ထောင်လောက်အထိ ဟာ မြွေကိုက်ခံရမှုကြောင့် သေဆုံးနေရပါတယ်။

ကမ္ဘာတလွှား တနှစ်ကို လူပေါင်း ၅ သန်းလောက် မြွေကိုက်ခံနေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ပြောပြီး အဲဒီထဲက တဝက်ကျော်ကျော်လောက်သာ ဆေးထိုးမှုတွေ လုပ်နိုင်တာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ရဲ့ အခုဆုံးဖြတ်အသစ်ဟာ နိုင်ငံတွေကို မဟာဗျူဟာ ဘုံ စီမံချက်အထဲလိုက်ပါ ဆောင်ရွက်စေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

မျက်စိကွယ်မှုကနေ ကိုယ်လက်အဂါၤဖြတ်တောက်ရမှုတွေ စတဲ့ ကိစ္စတွေအပါအဝင် သိန်းနဲ့ချီတဲ့လူတွေဟာ မြွေကိုက်မှုကြောင့် ထာဝရ မရသန်စွမ်းဘဝနဲ့ နေထိုင်ရမှုတွေလည်း ဖြစ်ပေါ်နေတာပါ။

အာဖရိက ဆာဟာရ ၊ တောင်နဲ့ အရှေ့တောင် အာရှဒေသတွေလို လူဦးရေ သိပ်သည်းတဲ့ ဒေသတွေမှာ မြွေကိုက်ခံရမှု အများစုဟာ ဖြစ်ပွားနေတာဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှု ၊ ကျေးလက်ဒေသတွေမှာ ဖြစ်ပွားမှုတို့ကြောင့် မြွေဆိပ်ဖြေဆေးမရနိုင်တဲ့ ကိစ္စတွေ မကြာခဏ ဖြစ်နေတာ စတဲ့ ကိစ္စတွေကိုတွေ့ရတဲ့အပြင် ဒေသဆိုင်ရာ ရိုးရာကုထုံးတွေကြောင့်လည်း ခေတ်မှီ ဆေးပညာတွေနဲ့ ကုသနိုင်ခွင့်အလှမ်းဝေးနေတဲ့ ကိစ္စတွေလည်း ရှိနေတာပါ။

မြွေကိုက်ခံရမှု အဆိုးဝါးဆုံးခံစားရတဲ့တိုင်းပြည်တွေဟာ သူတို့ရဲ့ ကိုယ်ပိုင်အစီအစဉ်နဲ့ မြွေဆိပ်ဖြေဆေးထုတ်နိုင်တဲ့ အနေအထားမျိုးလည်း မရှိကြပါဘူး။ အဲဒါကြောင့်လည်း အဆိပ်ကို မဟန့်တားနိုင်ပဲ လျင်မြင်စွာပျံ့နှံ့ခွင့်ပြုကြရတာဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ