အင်ဒိုနီးရှား ဒီဇိုင်နာ ငွေလိမ်မှုနဲ့ ထောင် ၁၈ နှစ်ကျ

ဓာတ်ပုံ မူပိုင် Reuters
Image caption ဒေါ်လာ သန်း ၆ဝ လောက် ပမာဏ ရှိတဲ့ ပိုက်ဆံတွေကို လိမ်လည် ခဲ့

အင်ဒိုနီးရှား နိုင်ငံ က နာမည်ကျော် ထိပ်တန်း ဒီဇိုင်နာ တယောက် ဟာ ငွေကြေး လိမ်လည်မှုတွေ နဲ့ ထောင်ဒဏ် ၁၈ နှစ် ပြစ်ဒဏ် ချမှတ် ခံ လိုက်ရပါတယ်။

အင်ဒိုနီးရှား နိုင်ငံ က နာမည်ကျော် ဒီဇိုင်နာ ဖြစ်တဲ့ အန်နီဆာ ဟာဆီဘူအန် နဲ့ သူ့ယောက်ျား ဖြစ်သူ အန်ဒီကာ ဆူရက်မန် တို့ ဟာ အမေရိကန် ဒေါ်လာ သန်း ၆ဝ လောက် ပမာဏ ရှိတဲ့ ပိုက်ဆံတွေကို လိမ်လည် ခဲ့တဲ့ အတွက် အပြစ်ရှိကြောင်း တရားရုံး က ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ် ။

သူတို့ နှစ်ယောက် က First Travel ပထမ ခရီးသွား လုပ်ငန်း ကုမ္ပဏီ ကို ထူထောင် ထားကြတာ ဖြစ်ပြီး အစ္စလာမ် ဘာသာဝင် တို့ အထွတ် အမြတ် ထားရာ မက္ကာ ကို ဘုရားဖူး ပို့ ပေးမယ် ဆိုပြီး ငွေကြေး တွေ ရယူ ထားခဲ့ ကြတာပါ။

အင်ဒိုမှာ ၂ ရက်အတွင်း မိသားစုလိုက် အသေခံ ဗုံးခွဲ

ဆုံးရှုံးသွားတဲ့ ငွေကြေး တွေက အင်မတန်များပါတယ်၊ သူတို့ မက္ကာကို သွားရမယ် ဆိုပြီး မျှော်လင့် ထားခဲ့ကြတာပါ၊ အခု အပြစ်ဒဏ် ကို အယူခံ ဝင်ရင်တောင်မှ ဒီထက် ပိုကြီးလေး တဲ့ ပြစ်ဒဏ် ကို ချမှတ် ခံရပါစေလို့ သူတို့ ရဲ့ လိမ်လည် မှုကြောင့် ငွေကြေးတွေ ဆုံးရှုံးခဲ့ရသူ ကာတာဂမ် ဂူနာဝမ် ဆိုသူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် GOH CHAI HIN
Image caption အမျိုးသမီး တွေ အတွက် ခေါင်းဆောင်း ဒီဇိုင်းတွေနဲ့ အဝတ်အစား ဒီဇိုင်းတွေ ဖန်တီး

ဒီဇိုင်နာ အန်နီဆာ ဟာဆီဘူအန် ဆိုတာက အစ္စလာမ် ဘာသာဝင် အမျိုးသမီး တွေ အတွက် ခေါင်းဆောင်း ဒီဇိုင်းတွေနဲ့ အဝတ်အစား ဒီဇိုင်းတွေ ဖန်တီး ခဲ့သူ ဖက်ရှင် ဒီဇိုင်နာ တယောက် ဖြစ်ပါတယ်။

သူဟာ ၂ဝ၁၆ ခုနှစ် တုန်း က အမေရိကန် နိုင်ငံ နယူးယောက်မှာ လုပ်တဲ့ ဖက်ရှင် ပြပွဲ တစ်ခုမှာ သူ့ရဲ့ ဟီဂျက် ခေါင်းဆောင်း ဖက်ရှင် ပြသ ခွင့် ရခဲ့တဲ့ အတွက် အင်ဒိုနီးရှား နိုင်ငံရဲ့ ထိပ်တန်း ဖက်ရှင် ဒီဇိုင်နာ အဖြစ် နာမည်ကျော် ခဲ့သူ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဆိုင်ကယ်စတန့်သမား အင်ဒိုနီးရှား မိန်းကလေး
ဓာတ်ပုံ မူပိုင် Reuters
Image caption တရားခွင်က ဒီဇိုင်နာ မောင်နှံ

ဒါပေမယ့် အခု ငွေကြေး လိမ်လည်မှုတွေ ပေါ်ပေါက် ခဲ့ပြီးနောက်မှာ သူ့ ရဲ့ အမှု ကို စုံစမ်း စစ်ဆေး ခဲ့ရာမှာတော့ နယူးယောက် ဖက်ရှင် ပြပွဲ မှာ သူ့ ရဲ့ ဒီဇိုင်းတွေ ပြသ ခွင့် ရဖို့ အတွက် ပိုက်ဆံ တွေကို ပေးခဲ့တယ်လို့ စုံစမ်း သိရှိခဲ့ရပါတယ်။

သူ နာမည်ကျော် ဒီဇိုင်နာ ဖြစ်ဖို့ နာမည်ကျော်ကြားဖို့ ပေးခဲ့တဲ့ ပိုက်ဆံ တွေကလည်း ဘုရားဖူး ပို့ပေးမယ်ဆိုပြီး လက်ခံ ရယူ ထားခဲ့တဲ့ ပိုက်ဆံ တွေကို ပေးခဲ့တာဖြစ် ပါတယ်။

ဒါ့ အပြင် အဲဒီ့ မက္ကာ ကို သွားရောက် ဖို့အတွက် စာရင်းပေး ပြီး ငွေ ပေး ထားတဲ့ လူတွေကိုလည်း ဘယ်တုန်း က မှ ဘုရားဖူး ပို့ဆောင် ခဲ့ခြင်း မရှိခဲ့ပါဘူး။

အန်နီဆာ က အစ္စလာမ် ဘာသာဝင် အမျိုးသမီး တို့ အတွက် ချုပ်လုပ် ပေးတဲ့ ဖက်ရှင် ဒီဇိုင်း တွေကြောင့် နာမည်ကျော်ကြား သူ ဖြစ်ပါတယ်။ သူ့ရဲ့ ဖက်ရှင် ဒီဇိုင်းတွေကို အင်္ဂလန်၊ တူရကီ နဲ့ ပြင်သစ် နိုင်ငံတို့မှာလည်း ပြသ ခဲ့ဖူးပါတယ်။

သူဟာ နာမည်ကျော် တယောက် ဖြစ်ဖို့ ငွေကြေး ကို အသုံးပြု ခဲ့သလို နာမည်ကျော်ပြီး နောက်မှာလည်း ငွေကြေး လိမ်လည်မှု တွေ ဆက်လက် လုပ်ဆောင် ခဲ့တဲ့ အတွက် အခုလို ပြစ်ဒဏ်တွေ ကျခံ ခဲ့ရတာ ပဲ ဖြစ်ပါတယ်။