ဒီဇိုင်နာ Kate Spade နေအိမ်မှာ ကိုယ့်ကိုယ်ကိုသတ်သေ

ဓာတ်ပုံ မူပိုင် Google

လက်ကိုင်အိတ်တွေနဲ့ လူသိများ ထင်ရှားတဲ့ အမေရိကန် ဒီဇိုင်နာ Kate Spade ဟာ နယူးယောက်မြို့မှာရှိတဲ့ သူရဲ့ နေအိမ်မှာ ကိုယ့်ကိုယ်ကို သတ်သေခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ မစ္စ Spade ရဲ့ အလောင်းကို အိမ်အကူ တွေက တွေ့ရှိခဲ့တာဖြစ်ပြီး အခင်းဖြစ်ပွားတဲ့နေရာမှာ မသေဆုံးခင်က ရေးသားခဲ့တဲ့ မှတ်စုတခုကို တွေ့ရတယ်လို့ ဆိုပါတယ်။

မှတ်စုမှာ ဘာတွေ ရေးသားထားသလဲဆိုတာကို ထုတ်ပြောမှာ မဟုတ်ဘူးလို့ နယူးယောက် ရဲတပ်ဖွဲ့အကြီးအကဲ Dermot Sheaက ပြောပါတယ်။စုံစမ်းမှုတွေ လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

မစ္စSpade သေဆုံးမှုနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မထရမ့်ရဲ့ သမီး အိုင်ဗာကာ ထရမ့် ကလည်း စိတ်မကောင်းဖြစ်မိသလို သမ္မတဟောင်း ကလင်တန်ရဲ့ သမီး ချဲလ်ဆီး ကလင်တန်ကလည်း Spade အိတ်နဲ့ ပတ်သက်ပြီး သူ့ဘဝမှာ အမှတ်တရ ရှိနေတဲ့ အကြောင်းအရာကို လူမှုကွန်ရက် တွစ်တာပေါ်မှာ ရေးသားပါတယ်။

မစ္စ Spadeဟာ ဖက်ရှင် မဂ္ဂဇင်း Mademoiselleကို တည်းဖြတ်ခဲ့သလို အကျီ၊ ဖိနပ်၊ လက်ဝတ် လက်စား အဆင်တန်ဆာ ဒီဇိုင်းတွေနဲ့ ပတ်သက်ပြီး လူသိများပါတယ်။

Kate Spade လက်ကိုင်အိတ် ကုမ္ပဏီကို ၁၉၉၃ ခုနှစ်မှာ ခင်ပွန်း Andy Spadeနဲ့ ပူးတွဲ တည်ထောင်ခဲ့ပါတယ်။

အဓိကအားဖြင့် ကုမ္ပဏီက လက်ကိုင်အိတ်တွေကို ဒီဇိုင်းထွင် ရောင်းချခဲ့သလို ၁၉၉၆ခုနှစ်မှာ နယူးယောက်မှာ ပထမဆုံး ဆိုင်ကို ဖွင့်လှစ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters

လက်ရှိမှာတော့ ကမ္ဘာတစ်ဝန်းမှာ ဆိုင်ခွဲ ၃၀၀ အထိ ရှိနေပါတယ်။ ၂၀၀၇ ခုနှစ်မှာ ကုမ္ပဏီရဲ့ အမည်ကို ရောင်းချခဲ့ပါတယ်ရင်နှစ်ကတော့ ပြိုင်ဖက် ဒီဇိုင်နာ Coach က ဒေါ်လာ ၂.၄ ဘီလီယံ တန်ကြေးနဲ့ ရောင်းချခဲ့ပါတယ်။ ဒီနောက်မှာတော့ Frances Valentine ဆိုတဲ့ ကုမ္ပဏီကို ခင်ပွန်းဖြစ်သူနဲ့ တည်ထောင်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာ Kate Spade ကိုယ်တိုင်လည်း သူရဲ့ နာမည်ကို Kate Valentine လို့ တရားဝင် ပြောင်းလဲလိုက်ပါတယ်။

မစ္စ Spade ရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး ဝမ်းနည်းပူဆွေးနေချိန်မှာ သီးသန့်နေပါရ စေဆိုပြီး မိသားစုက ထုတ်ပြန်တယ်လို့ အမေရိကန် နယူးယောက်တိုင်းမ် မှာ ဖေါ်ပြ ထားပါတယ်။

ဆက်စပ် အကြောင်းအရာများ