အာဖရိက ဘောလုံးအရာရှိ ၁၀၀ ကျော် လာဘ်ယူတာမိ

football

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

ဂါနာ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ကွယ်ဆီ ညန်တက်ချီ

အာဖရိက က ဘောလုံး အားကစား အရာရှိ အယောက် ၁၀၀ ကျော်ကို ဂါနာ သတင်း ထောက် တွေက အသွင်ယူပြီး ဗီဒီယို ရိုက်ကူး လျှို့ဝှက် သတင်းယူ ခဲ့ရာ အဲဒီ အရာရှိတွေ ဟာ ငွေယူပြီး အားကစား စည်းကမ်းတွေ ချိုးဖောက်တာကို တွေ့ရပါတယ်။

အဲဒီ စွပ်စွဲ ခံရတဲ့ အထဲမှာ ကမ္ဘာ့ဖလားမှာ ဒိုင်လူကြီး လုပ်မယ့် ကင်ညာ က ဒိုင် အက်ဒင် ရန့်ဂယ် မာဝမ် နဲ့ ဖီဖာ ကောင်စီမှာ ပါတဲ့ ဂါနာ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ကွယ်ဆီ ညန်တက်ချီ လည်း ပါတာကို တွေ့ရပါတယ်။

ညန်တက်ချီ ကတော့ အခု စွပ်စွဲမှုတွေကို မဟုတ်ကြောင်း ငြင်းဆိုထားပြီး ဂါနာ ဘောလုံး အဖွဲ့ချုပ်က ဒီကိစ္စကို စုံစမ်းစစ်ဆေးသွားမယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

တိတ်တဆိတ် ရိုက်ကူးထားတဲ့ ဗီဒီယို ဖိုင်တွေ ထဲမှာ အနောက် အာဖရိက နိုင်ငံတွေ က ဘောလုံးဒိုင်လူကြီးတွေ ဖီဖာ လူကြီးတွေ ငွေတွေ လက်ခံ ယူနေ ကြပုံတွေ ကို တွေ့ရပါတယ်။

အနောက်တိုင်း ဝတ်စုံ ကို အကျဝတ်ထားတဲ့ ဂါနာ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ညန်တက်ချီ က ဒေါ်လာ ခြောက်သောင်းခွဲ ရှိတဲ့ ငွေ အထုပ်တွေကို ပလပ်စတစ် အိတ် ထဲ ထည့်နေ တာတွေ့ရပါတယ်။ ဂါနာ ဘောလုံး အားကစားမှာ ရင်းနှီးမြှုပ်နှံဖို့ဆိုပြီး စီးပွားရေး သမား တယောက် အသွင်ဆောင်ထားတဲ့ သတင်းထောက်က ပေးတာပါ။

ဒီလို ဗီဒီယို ဖိုင်တင် မက ပါဘူး။ ဂါနာ က ဘောလုံးဒိုင်တွေ ဘောလုံး အားကစား အဖွဲ့ လူကြီးတွေ ငွေတွေ လက်ခံယူနေတဲ့ ပုံတွေ ရာနဲ့ချီပြီး အများကြီးတွေ့ရပါတယ်။ ဒါတွေ က ဖီဖာ နဲ့ ဂါနာ ဘောလုံးအားကစား စည်းမျဉ်းတွေ ကို ချိုးဖောက်နေကြတာပါ။

ဓာတ်ပုံ ရင်းမြစ်, AHMED JALLANZO

ဓာတ်ပုံ ပုံစာ,

ဘောလုံးမှာ နာမည်ကြီးတဲ့ အနောက်အာဖရိက အသင်းတွေ

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ကင်ညာမှာလည်း အခု မကြာခင်စတော့မယ့် ရုရှား ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ လက်ထောင် ဒိုင်လူကြီး သွားလုပ်မယ့် ရန်ဂေး မာဝါ ဆိုရင်လည်း ဒေါ်လာ ငွေ ၆ဝဝ လက်ခံနေတဲ့ဗီဒီယို ကိုတွေ့ရပါတယ်။ သူက လက်ဆောင် အတွက် ကျေးဇူးတင်တယ်၊ အရေးအကြီးဆုံးကတော့ မိတ်ဆွေတွေ ဖြစ်ကြတာ က အရေးကြီးပဲဗျ လို့တောင် ပြောတာ ကြားလိုက်ရပါတယ်။

သူ့ ကို ငွေလာ ပေးတဲ့ သူ က သူ့ကိုယ်သူ ဂါနာ ဘောလုံးအဖွဲ့ချုပ် က လူကြီးတယောက်လို ဟန်ဆောင်ထားတဲ့ သတင်းထောက်ပါ။

ဒီ သတင်းတွေ ကို ဂါနာ က နာမည်ကျော် သတင်းထောက် ဖြစ်တဲ့ အက်နပ်စ် အရီမီယော အက်နပ်စ် က လုပ်တာပါ။ သူ က စုံစမ်းထောက်လှမ်းတဲ့ သတင်းထောက် ဖြစ်ပြီး သူ့ မျက်နှာကို ပရိသတ် ရှေ့မှာ ဖွင့်မပြပါဘူး။ မျက်နှာကို အကာအကွယ် အုပ်ပြီး သတင်းစာ ရှင်းလင်းပွဲလုပ် လေ့ ရှိပါတယ်။

ပုံအမျိုးမျိုး အယောင်ဆောင်ပြီး ငွေပေးတာ က တော့ မသင့်တော်ဘူး၊ ဂါနာ စည်းမျဉ်းမှာ ပေးတဲ့သူတွေလည်း အဂတိ လိုက်စား မှုနဲ့ အပြစ်ပေးလို့ရပါတယ်လို့ ရှေ့နေတယောက် ချားလ် ဘန်တန် က ပြောပါတယ်။

ဒါဟာ ထောင်ချောက်ဆင် တာ လို့ လည်း ဘန်တန်က ပြောပါတယ်။

စုံစမ်းထောက်လှမ်းတဲ့ သတင်းထောက် အက်နပ်စ် ကတော့ သူတို့ ကို ဘယ်သူမှ ဖိအားပေးပြီး ယူခိုင်းတာ မဟုတ်ဘူး၊ သူတို့ ဘာသာ ယူ ကြတာလို့ ပြောပြီး ရှေ့နေရဲ့ မှတ်ချက်ကို ပယ်ချပါတယ်။

အခုတော့ ဒီပုံတွေ ထဲမှာ ပါတဲ့ ဂါနာ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌလည်း ဖြစ် ဖီဖာ ကောင်စီ လူကြီးလည်း ဖြစ်တဲ့ ကွယ်ဆီ ညန်တက်ချီကို ဘီဘီစီ က လှမ်းဆက်သွယ်မေးပေမယ့် သူက ဘာမှတ်ချက်မှ မပေးလိုပါလို့ဆိုပါတယ်။

ကင်ညာ က နေ ကမ္ဘာ့ဖလား မှာ ဘောလုံးပွဲ ဒိုင်လူကြီး သွားဖို့လုပ်နေတဲ့ ရန် ဂေး မာဝါ ကတော့ သူဘာမှ အမှားလုပ်ထားတာ မရှိဘူး ဆိုပေမယ့် ကမ္ဘာ့ဖလားပွဲ ကို သူမလာ တော့ပါဘူး ဆိုပြီး နုတ်ထွက်လွှာ တင်သွားပါတယ်။