ကင်ဂျုံအွန်း ထိပ်သီး အစည်းအဝေးတက်ဖို့ စင်္ကာပူကို ရောက်လာပြီ

Image caption စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး လာရောက် ကြိုဆို

အမေရိကန် - မြောက်ကိုရီးယားခေါင်းဆောင်တွေကြား သမိုင်းဝင်မယ့်ဆွေးနွေးပွဲကို တက်ရောက်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ စင်္ကာပူနိုင်ငံကို ရောက်ရှိလာပါပြီ။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ လာမယ့်အင်္ဂါနေ့မှာ စင်္ကာပူနိုင်ငံက ဆန်တိုစာကျွန်းမှာ တွေ့ဆုံကြမယ်လို့ အိမ်ဖြူတော်က ပြောဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၈ လ လောက်က မြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်မှု့ ပြင်းထန်ခဲ့လို့ အမေရိကန်နဲ့ မြောက်ကိုရီးယားအကြား ဆက်ဆံရေး အတက်အကျ ဖြစ်ပွားခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်တွေအကြား စော်ကားမော်ကား ပြောဆိုမှုတွေကနေ စစ်ပွဲတွေဖြစ်လာမယ့် အခြေအနေအထိ ဖြစ်ပေါ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် SINGPORE/MOCI
Image caption စင်္ကာပူကို ရောက်ရှိလာတဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်း
ဓာတ်ပုံ မူပိုင် Reuters
Image caption စင်္ကာပူကို ရောက်ရှိလာတဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်း
Image caption စင်္ကာပူမှာ ကမ္ဘာတလွှားက မီဒီယာသမားတွေ စုရုံးနေ

အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေရဲ့ တွေ့ဆုံမှုကနေ ဘယ်လိုရလဒ်ကောင်းတွေ ရလာလိမ့်မယ်ဆိုတာကို ခန့်မှန်းမပြောနိုင်ကြပေမယ့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ရလဒ်ကောင်းတွေ ရလာဖို့ မျှော်လင့်ထားတယ်လို့ ပြောဆိုထားပါတယ်။

ဝါရှင်တန်ကတော့ ဆန်တိုစာကျွန်းပေါ်က တွေ့ဆုံဆွေးနွေးမှုကနေ မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေကို စွန့်လွှတ်မယ့် လုပ်ငန်းစဉ်တွေကို စတင်နိုင်မယ့် လမ်းစတွေဖြစ်လာလိမ့်လို့ မျှော်လင့်ထားပုံ ရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အမေရိကန်နဲ့ ဆွေးနွေးဖို့ မြောက်ကိုရီးယား အမြဲ ဆန္ဒရှိ

စင်္ကာပူနိုင်ငံကို ရောက်ရှိလာတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းကို စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးက လေဆိပ်မှာ သွားရောက်ကြိုဆိုခဲ့တဲ့ ဓာတ်ပုံတွေလည်း သူရဲ့တွစ်တာစာမျက်နှာမှာ ဖော်ပြထားပါတယ်။

ထိပ်သီးဆွေးနွေးပွဲ မစတင်မီ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်းဟာ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဇွန်လ ၉ ရက်က ကနေဒါနိုင်ငံမှာ ကျင်းပခဲ့တဲ့ G 7 အစည်းအဝေးအပြီးမှာ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ စင်္ကာပူနိုင်ငံကို ထွက်ခွာလာပြီလို့ ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကန်နဲ့ မြောက်ကိုရီးယား တွေ့ဆုံဖို့ရက် နီးလာ

ဒီသတင်းနဲ့ပတ်သက်သမျှ