မြောက်ကိုရီးယား နျူဖျက်သိမ်းရေး စတင်မယ်

ဓာတ်ပုံ မူပိုင် AFP
Image caption ထရမ့်နဲ့ ကင်ဂျုံအွန်း

ကမ္ဘာ့ ခေါင်းဆောင် တွေက ရှောင်ကြဉ်ခဲ့ကြပြီး အထီးကျန် အဖြစ်ဆုံး နိုင်ငံ တစ်ခုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး စတင်နိုင်ခဲ့ပြီလို့ လည်း အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် က ပြောဆို လိုက်ပါတယ်။

မစ္စတာ ကင်ဂျံအွန်းဟာ အရည်အချင်း ရှိပြီး သူ့ရဲ့ နိုင်ငံကို အလွန် ချစ်မြတ်နိုးသူတစ်ယောက် ဖြစ်တယ်လို့လည်း ဒေါ်နယ် ထရမ့် က ချီးကျူး ပြောဆို ခဲ့ပါတယ်။

မြောက်ကိုရီးယား ရဲ့ နျူးကလီးယား ဖျက်သိမ်းရေး လုပ်ဆောင်တော့မလား ဆိုတဲ့ မေးမြန်းမှုတွေကိုတော့ အဲဒီ လုပ်ငန်းစဉ်တွေကို အမြန်ဆုံး စတင် လုပ်ဆောင်မှာ ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောရေး ဆိုခွင့်ရှိသူက ဆိုခဲ့ပါတယ်။

စင်္ကာပူ တွေ့ဆုံပွဲမှာ နှစ်ဘက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး မကြာခင်မှာ အသေးစိတ် အချက်အလက် တွေကို ထုတ်ပြန်မယ်လို့လည်း အိမ်ဖြူတော် ဘက် က ပြောကြပါတယ်။

စကာၤပူမှာလုပ်နေတဲ့ ထရမ့်နဲ့ ကင်ဂျုံအွန်းတို့ရဲ့ ထိပ်သီးဆွေးနွေးပွဲက အောင်မြင်စွာ ပြီးဆုံးခဲ့ပြီဖြစ်ပြီး သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

သဘောတူညီချက်ဟာ အလွန်ကျယ်ပြန့်ပြည့်စုံတဲ့ သဘောတူညီမှုဖြစ်ပါတယ်။ သမိုင်းဝင်ဆွေးနွေးမှုအပြီးမှာ ကျွန်တော်တို့ဟာ အတိတ်ကို ချန်ထားခဲ့နိုင်ပါပြီ လို့ သမ္မတ ထရမ့်က ပြောပါတယ်။

အတိတ် ဖြစ်ရပ် တွေကို ထားခဲ့ဖို့ ဆုံးဖြတ်လိုက်ပြီး ကမ္ဘာကြီးအနေနဲ့ အဓိက ကျတဲ့ အပြောင်းအလဲတွေကို မြင်တွေ့ရမယ်လို့ ကင်ဂျုံအွန်း က စကားပြန် ကနေ တဆင့် ပြောဆိုခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ