၂၀၂၆ ခုနှစ် ကမ္ဘာ့ ဖလား ကို အမေရိကန်၊ ကနေဒါ နဲ့ မက္ကဆီကို ပူးတွဲကျင်းပခွင့်ရ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၀၂၆ ကမ္ဘာ့ဖလား အိမ်ရှင်ရွေးပွဲ

ကမ္ဘာ့ဖလား ကျင်းပခွင့် အတွက် မော်စကိုမှာ ကျင်းပတဲ့ ဖီဖာ ညီလာခံအတွင်း မဲခွဲ ဆုံးဖြတ် ခဲ့ရာမှာတော့ အမေရိကန် ဦးဆောင်တဲ့ ကနေဒါ နဲ့ မက္ကဆီကို နိုင်ငံတို့ က မဲရလဒ် ၆၇ ရာခိုင်နှုန်း ရရှိပြီး ကျင်းပခွင့် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဒုတိယ နေရာက မော်ရိုကို နိုင်ငံက ၃၃ ရာခိုင်နှုန်း ပဲ ရရှိခဲ့ပါတယ်။ အဲဒီ့ အထဲမှာ ဂါနာ တစ်နိုင်ငံကတော့ မဲမထည့်ဘဲ နေခဲ့တယ်လို့ သိရပါတယ်။

မော်ရိုကို နိုင်ငံ အနေနဲ့ ကမ္ဘာ့ဖလားကျင်းပ ခွင့် လေးကြိမ် တောင်းခံ ခဲ့ဖူးပြီး မဲခွဲ ဆုံးဖြတ်မှု လေးကြိမ် လုံးမှာ ရှုံးနိမ့်သွားခဲ့ရတာ ဖြစ်ပါတယ်။

ဖီဖာ အနေနဲ့ ကမ္ဘာ့ ဖလား ကျင်းပခွင့် အတွက် စံနှုန်းတွေ သတ်မှတ် ရာမှာတော့ ဘောလုံးကွင်း တွေရဲ့ အနေအထား၊ ကမ္ဘာ့ဖလားပွဲ လာရောက် ကြည့်ရှု သူတွေ နေထိုင်ဖို့ နေရာချထားပေးမှု နဲ့ ခရီးသွားလာရေး အတွက် လမ်းပန်း ဆက်သွက်ရေး အခြေအနေ တွေရဲ့ စံနှုန်း ကောင်းမွန်ဖို့ အထူး အလေး ထားခဲ့တာ ဖြစ်ပါတယ်။

၂၀၂၆ ကမ္ဘာ့ ဖလား ကျင်းပခွင့် ရတဲ့ အမေရိကန်၊ ကနေဒါ နဲ့ မက္ကဆီကို နိုင်ငံတို့ က ဒီစံချိန် စံညွှန်း တွေနဲ့ ပြည့်မီတယ်လို့ မဲပေးရွေးချယ် ခဲ့တဲ့ ဖီဖာ အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ က ပြောကြား ခဲ့ပါတယ်။