မြောက်ကိုရီးယား အရေး တရုတ်နဲ့ ကန် ဆွေးနွေး

မြောက်ကိုရီးယား

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးကို ဦးတည်မယ့် အပြောင်းအလဲ တစ်ခု သူတို့ လုပ်ခဲ့ပြီဆိုတာကို ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ် နိုင်ငံ တို့က အသိအမှတ် ပြုကြ

အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီး မိုက်ပွန်ပီယို ဟာ မြောက် ကိုရီးယား အရေး ဆွေးနွေးဖို့ တရုတ်နိုင်ငံကို ရောက်ရှိနေပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ နဲ့ တွေ့ဆုံခဲ့ရာမှာ သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong-un တို့ရဲ့ ထိပ်သီး ဆွေးနွေး ပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ်တွေကို ပြောခဲ့ပါတယ်။

စစ်ပွဲ အန္တရာယ်ရှောင်ရှားနိုင်ပြီး ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးကို ဦးတည်မယ့် အပြောင်းအလဲ တစ်ခု သူတို့ လုပ်ခဲ့ပြီဆိုတာကို ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ် နိုင်ငံ တို့က အသိအမှတ် ပြုကြတယ်။

မြောက်ကိုရီးယား အနေနဲ့ နျူကလီယာဖျက်သိမ်းရေး အပြည့်အဝ ဆောင်ရွက်ပြီးချိန် အထိ ပိတ်ဆို့ အရေးယူမှုတွေ ဆက်ထားဖို့ သဘောတူခဲ့ကြတယ်လို့ ပြော ပါတယ်။

တရုတ် အစိုးရ ကတော့ ပိတ်ဆို့ အရေးယူမှု တချို့ကို ဖြေလျှော့ဖို့ လိုလားတယ်လို့ အရင်က ပြောခဲ့ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးတွဲ စစ်ရေး လေ့ကျင့်မှု ရပ်ဆိုင်းထားမယ် ဆိုတာကိုတော့ တရုတ်က ကြိုဆိုခဲ့ပါတယ်။

ဒီကိစ္စကို ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးတွေက Mr Pompeo ကို ဆိုးလ်းမြို့တော်မှာ တွေ့ဆုံစဉ် စတင် ပြောခဲ့ကြတာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ,

ကန် မြောက်ကိုရီးယား ဆွေးနွေးပွဲ အောင်မြင်လို့ နှစ်ဘက်စလုံးပြော