ဂျပန်ကို ရည်ရွယ်ပြီးလုပ်တဲ့ တောင်ကိုရီးယားရဲ့ စစ်ရေး လေ့ကျင့်ခန်း

ဓာတ်ပုံ မူပိုင် AFP
Image caption တောင်ကိုရီးယား ကမ်းစောင့်တပ်

တောင်ကိုရီးယား နိုင်ငံဟာ စစ်ရေး လေ့ကျင့်မှု နှစ်ရက်တာ ပြုလုပ် ခဲ့ပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယား အန္တရာယ်ကို ရည်ရွယ်ပြုလုပ်တာ မဟုတ်ပဲ၊ ဂျပန်ကို ရည်ရွယ်ပြီး လုပ်ခဲ့တာပါ။

ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်က ကမ်းရိုးတန်းမှာ ရှိတဲ့ ဒေါ့ဒိုဆိုတဲ့ ကျွန်းစုတွေ တဝိုက်မှာ တောင်ကိုရီးယားက စစ်သင်္ဘောတွေ အပါအဝင် ရေတပ်အင်အားတွေ ချထားပြီး၊ လေကြောင်း ပျံသန်းမှုတွေလည်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption တောင်ကိုရီးယား စစ်ရေး လေ့ကျင့်

အဲဒီ ကျွန်းစုကို တောင်ကိုရီးယားက ထိန်းချုပ် ထားတာ ဖြစ်ပေမယ့် ဂျပန်ကလည်း သူတို့ပိုင်တယ် ဆိုပြီး ပြောဆိုနေပြီး ပိုင်ဆိုင်မှု အငြင်းပွားနေပါတယ်။

စစ်ရေးအရ ကြည့်မယ်ဆိုရင် တောင်ကိုရီးယားရော ဂျပန်ပါ အမေရိကန်ရဲ့ စစ်ရေး မဟာမိတ်တွေ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အကြမ်းဖက် နှိမ်နှင်ရေး တောင်ကိုရီးယားတပ်
ဓာတ်ပုံ မူပိုင် AFP
Image caption ဂျပန်ရော တောင်ကိုရီးယားပါ အမေရိကန်ရဲ့ မဟာမိတ်
ဓာတ်ပုံ မူပိုင် AFP
Image caption တောင်ကိုရီးယား အမေရိကန် တွဲဘက် စစ်ရေး လေ့ကျင့်ခန်းတွေ ရပ်ထားမယ်

ဒါပေမယ့်လည်း ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ နေရာတချို့ တောင်ကိုရီးယားနဲ့ ဂျပန်ကြား ရှိနေသလို သမိုင်းကြောင်း အရလည်း နှစ်နိုင်ငံကြား မကျေလည်မှုတွေ ရှိနေပါတယ်။

မြောက်ကိုရီးယား အန္တရာယ်ကို ရည်ရွယ်ပြီး ပြုလုပ်တဲ့ တောင်ကိုရီးယား အမေရိကန် တွဲဘက် စစ်ရေး လေ့ကျင့်ခန်းတွေ ရပ်နား ထားမယ် ဆိုပြီး အမေရိကန် သမ္မတ ထရမ့်က ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ကြေညာ ထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တောင်နဲ့မြောက်ကိုရီးယား စစ်ရေး ကိစ္စ ဆွေးနွေးမယ်

ဆက်စပ် အကြောင်းအရာများ