ကင်ဂျုံအွန်း တရုတ်ကို သွားပြန်ပြီ

ဓာတ်ပုံ မူပိုင် Getty Images
Image caption အမေရိကန် သမ္မတ ထရမ့်နဲ့ တွေ့ဆုံပြီး တပတ်အကြာမှာပဲ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ ပီကင်းကို ရောက်ရှိလာပါတယ်

အမေရိကန် သမ္မတ ထရမ့်နဲ့ တွေ့ဆုံပြီး တပတ်အကြာမှာပဲ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ ပီကင်းကို ရောက်ရှိလာပါတယ်။

သူ့ရဲ့ ခရီးစဉ်အတွင်း ပိတ်ဆို့အရေးယူခံထားရမှု ကိစ္စတွေနဲ့ ထရမ့်နဲ့ ပြုလုပ်ခဲ့တဲ့ ပြီးခဲ့တဲ့ ဆွေးနွေးပွဲမှာ သူအနေနဲ့ ဘာတွေကတိပြုခဲ့ရသလဲ စတဲပ အချက်တွေကို ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။ ထရမ့်နဲ့ သဘောတူညီချက်တွေထဲမှာတော့ ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယားလျှော့ချမှုတွေ ပြုလုပ်ဖို့ ဆိုတဲ့ အချက်လည်း ပါဝင်ခဲ့တာပါ။

ပီကင်းဟာ မြောက်ကိုရီးယားစီးပွားရေးတခုတည်းသော မဟာမိတ်နိုင်ငံဖြစ်ပြီး မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူမှုတွေအတွက် ဆန့်ကျင်တဲ့ အကြုံပြုချက်တွေ ပေးခဲ့တဲ့ တိုင်းပြည်ဖြစ်သလို လျှော့ပါးသက်သာမှုပေးသင့်တယ်လို့ တရုတ်ဘက်က ဆိုခဲ့ဖူးတာပါ။

လတ်တလောအတွင်းမှာပဲ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က သူတို့ ပူးတွဲပြုလုပ်ဖို့ စီစဉ်ထားတဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ် ရွှေ့ဆိုင်းထားတယ်လို့ အတည်ပြုပြောဆိုလာပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အမေရိကန်နဲ့ တောင်ကိုရီးယားတို့က သူတို့ ပူးတွဲပြုလုပ်ဖို့ စီစဉ်ထားတဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ် ရွှေ့ဆိုင်းထားတယ်လို့ အတည်ပြုပြောဆို

မစ္စကင်ရဲ့ အခုတခေါက် တရုတ်ပြည်ခရီးစဉ်ဟာ မတ်လ နောက်ပိုင်း တတိယ အကြိမ်မြောက် တရုတ်ပြည် ခရီးစဉ်ဖြစ်ပြီး တရုတ်ဟာ မစ္စတာ ကင်အာဏာရပြီးနောက် ပထမဆုံးအကြိမ် ပြည်ပ ခရီးအဖြစ် သွားရောက်ခဲ့တဲ့ တိုင်းပြည်လည်း ဖြစ်ပါတယ်။

အခု နောက်ဆုံးခရီးစဉ်ကတော့ ခါတိုင်းမတူပဲ တရုတ်မီဒီယာတွေက သတင်းထုတ်ပြန်လာတာ ဖြစ်ပြီး အသေးစိတ် အစီအစဉ်တွေကိုတော့ ထုတ်ပြန်တာ မရှိပါဘူး။

ဆက်စပ် အကြောင်းအရာများ