၂ဝ၁၆ သမ္မတရွေးကောက်ပွဲ ရုရှားစွက်ဖက်တယ်လို့ ဟီလာရီစွပ်စွဲ

ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်

ရုရှားသမ္မတ ဗလာဒီမြာပူတင်ဟာ သဘောထား သေးသိမ်သူ တယောက်ပဲလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်က စွပ်စွဲပြောကြားလိုက်ပါတယ်။

မစ္စတာ ပူတင်ဟာ အာဏာရှင်ဆန်တဲ့ ခေါင်းဆောင် တယောက်ဖြစ်ပြီး လူဖြူ လူမျိုးကြီး ဝါဒီသမား ၊ ပြည်ပ နဲ့ ဆက်ဆံရမှာ ကြောက်ရွံ့ကာ ဥရောပ သမဂ္ဂကို ဖြိုခွဲလိုသူ ဖြစ်တယ်လို့ မစ္စစ်ကလင်တန်က ဆိုပါတယ်။

အိုင်ယာလန်နိုင်ငံ ဒဗ်ဗလင် မြို့တော် မှာ ကျောင်းသားတွေကို ပြောကြားတဲ့ မိန့်ခွန်းမှာ သူက ထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဟီလာရီကို အနိုင်ရခဲ့တဲ့ ထရမ့်

ဒေါ်နယ် ထရမ့်ကို သူရှုံးနိမ့်ခဲ့တဲ့ ၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားက စွက်ဖက် ခဲ့တယ်လို့ သူက ဆိုပြီး ဒါဟာ အနောက်တိုင်း ဒီမိုကရေစီကို ခြိမ်းခြောက်နေတာ အရှင်းကြီးဘဲ လို့ သူ ကပြောပါတယ်။

မစ္စတာထရမ့်ဟာလည်း ရွေးကောက်ပွဲအတွင်း တရားဝင်မှု မရှိတာတွေ ၊ မမှန်မကန်တွေ လုပ်ခဲ့တဲ့အပြင် အရှက်တရားမဲ့ လာဘ်ပေးလာဘ်ယူမှုတွေ ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။