နိုင်ဂျီးရီးယားမှာ မတူတဲ့ အုပ်စုတွေကြား တိုက်ခိုက်မှုကြောင့် လူရှစ်ဆယ်ကျော်သေ

ဓာတ်ပုံ မူပိုင် AFP
Image caption အကြမ်းဖက်မှုကြောင့် သေဆုံးသူ ရှစ်ဆယ်ကျော်

နိုင်ဂျီးရီးယား နိုင်ငံမှာတောင်ထူထပ်တဲ့နေရာက တိရစ္ဆာန်အုပ် ထိန်းကျောင်းသူတွေနဲ့ လယ်သမားတွေကြား အကြမ်းဖက်မှုတွေကြောင့် အနည်းဆုံး လူ၈၆ယောက် သေဆုံးခဲ့တယ်လို့ ရဲက အတည်ပြု ပြောကြားလိုက်ပါတယ်။

အိမ်အလုံးငါးဆယ်လောက်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က တိရစ္ဆာန်အုပ် ထိန်းကျောင်းသူ တအုပ်စု တိုက်ခိုက်ခံခဲ့ရ ရာက ရုန်းရင်းဆန်ခတ် စဖြစ်ခဲ့ပြီး ချက်ချင်း ဆိုသလို လက်တုန့်ပြန် သတ်ဖြတ်မှုတွေစနေနေ့က ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption နိုင်ဂျီးရီးယား သမ္မတ ဘူဟာရီ

အခုလို အပြန်အလှန် တိုက်ခိုက်မှုတွေ ပြီးခဲ့တဲ့ ဧပြီ ကတည်းက စဖြစ်ခဲ့ပေမယ့် အခုသတ်ဖြတ်မှုတွေက အဆိုးဆုံးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အကြမ်းဖက် တိုက်ခိုက်မှု အနည်းငယ် ငြိမ်ကျသွားခဲ့ပေမယ့်မြေယာပိုင်ဆိုင်မှု လုယက်တာတွေကြောင့် ပြိုင်ဖက် လူမျိုးစုအဖွဲ့တွေကြားအကြမ်းဖက်မှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ