ဟယ်လိုကစ်တီ ကျည်ဆန်ရထား ဂျပန်မှာ စပြေး

ဓာတ်ပုံ မူပိုင် HANDOUT
Image caption ဟယ်လိုကစ်တီ ကြောင်ရုပ် ကာတွန်းဇာတ်လိုက်ပုံကို အထူးပြု ခြယ်သ

ဂျပန်မှာ နာမည်ကြီးတဲ့ ဟယ်လိုကစ်တီ ကြောင်ရုပ် ကာတွန်းဇာတ်လိုက်ပုံကို အထူးပြု ခြယ်သထားတဲ့ ရထားတစင်း ဂျပန်မှာ ပြေးဆွဲနေပါပြီ။

အဖြူနဲ့ ပန်းရောင် ရောယှက်နေတဲ့ ဒီရထားဟာ ဂျပန်နိုင်ငံ အနောက်ပိုင်းက အိုဆာကာနဲ့ ဖူကူအိုကာ မြို့တွေကြား စနေနေ့တိုင်း ပြေးဆွဲမှာ ဖြစ်ပါတယ်။

ဒီလို ကျော်ကြားတဲ့ ကာတွန်းဇာတ်ကောင်ကြောင့် ဒေသတွင်း ခရီးသွား လုပ်ငန်း တိုးတက်လာမယ်လို့ ရထား ကုမ္ပဏီက ယူဆပါတယ်။

ဟယ်လိုကစ်တီ ကြောင်ရုပ် ပုံနဲ့ ပြတင်းပေါက်တွေ၊ ထိုင်ခုံစွပ်တွေအပြင် ကြမ်းခင်းကိုပါ ပြင်ဆင်ထားတာ တွေ့ရပါတယ်။

ဓာတ်ပုံ မူပိုင် HANDOUT
Image caption မီးရထား ဝန်ထမ်းဝတ်စုံ ဝတ်ထားတဲ့ ဟယ်လိုကစ်တီ ရုပ်ကြီး

ရထားရဲ့ ပထမဆုံးတွဲမှာ ခုံတွေ မထားဘဲ ခရီးသည်တွေ အတွက် ဂျပန်ဒေသထွက်ကုန်တွေ ဝယ်နိုင်အောင် စီစဉ်ပေးထားပါတယ်။

နောက်တတွဲမှာတော့ မီးရထား ဝန်ထမ်းဝတ်စုံ ဝတ်ထားတဲ့ ဟယ်လိုကစ်တီ ရုပ်ကြီးနဲ့ လူတွေ ဓာတ်ပုံရိုက်နိုင်အောင် ပြင်ဆင်ထားပါတယ်။

ဓာတ်ပုံ မူပိုင် HANDOUT
Image caption လေယာဉ်ကနေ အိမ်သာစက္ကူအထိ ဒီကြောင်ရုပ်ကို သုံး

၁၉၇၄ ခုနှစ်က ဂျပန်မှာ ဒီဇိုင်းဆရာမ ယူကို ရှီမီဇူ ရေးဆွဲခဲ့တဲ့ ဒီဇာတ်ကောင်ကို ကမ္ဘာတလွှား လူသိများပါတယ်။

ဟယ်လိုကစ်တီကို သော့တွဲကနေ စက်ဆီဘူး၊ လေယာဉ်ကနေ အိမ်သာစက္ကူအထိ ဒီကြောင်ရုပ်ကို သုံးတာ တွေ့ရပြီး ဒေါ်လာ ဘီလျံနဲ့ချီတန်တဲ့ ဒီဇိုင်း ဖြစ်နေပါပြီ။

ဓာတ်ပုံ မူပိုင် Getty Images

ဆက်စပ် အကြောင်းအရာများ