လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်ခဲ့ပြီးနောက် မက္ကဆီကို ရွေးကောက်ပွဲစတင်

ဓာတ်ပုံ မူပိုင် AFP
Image caption လုံခြုံရေးတွေ တင်းကျပ်

သမ္မတ ၊ ပါလီမန်နဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအရာရှိတွေ ရွေးချယ်နိုင်ဖိုပအတွက် မက္ကဆီကို ရွေးကောက်ပွဲကို ဇူလိုင် ၁ ရက်နေ့ တနင်္ဂနွေနေ့မှာ စတင်တော့မှာဖြစ်ပါတယ်။

လာမယ့် ၄ နာရီလောက် အကြာမှာ မဲစတင်ပေးကြတော့မှာပါ။

မက္ကဆီကို သမ္မတလောင်းနေရာတွေ ထိပ်ပြေးနေသူကတော့ လက်ဝဲဝါဒီတဦးဖြစ်တဲ့ မက္ကဆီကို စီးတီးရဲ့ မြို့တော်ဝန်ဟောင်း အင်ဒရီးစ် မန်နျူရယ်လိုပက်ဇ် အိုဘရာဒို ဖြစ်ပါတယ်။ သူဟာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအတွက် ကတိပေးပြီး ရွေးကောက်ပွဲ မဲဆွယ်ခဲ့တာပါ။

တကယ်လို့ သူသာ အနိုင်ရခဲ့မယ်ဆိုရင် ပါတီနှစ်ပါတီထဲကပဲ ရာစုနှစ်တစုနီးပါး အုပ်ချုပ်လာမှုကို အဆုံးသတ်စေမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရွေးကောက်ပွဲအကြိုမဲဆွယ်ကာလမှာ တိုင်းပြည်ရွေးကောက်ပွဲ သမိုင်းတလျှောက် အဆိုးဝါးဆုံး သွေးစွန်းတဲ့ဖြစ်ရပ်တွေဖြစ်ခဲ့တာကြောင့် ရွေးကောက်ပွဲဟာ အမည်းစက်စွန်းထင်ခဲ့ရပါတယ်။

မဲဆွယ်စည်းရုံးရေးကာလမှာ ကိုယ်စားလှယ်လောင်းတွေနဲ့ သူတို့နဲ့ ပတ်သက်နေသူ စုစုပေါင်း ၁၃၂ ဦးဟာ သတ်ဖြတ်ခံခဲ့ရပါတယ်။

မက္ကဆီကိုနိုင်ငံသားတော်တော်များဟာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ သမ္မတဖြစ်တဲ့ အင်းနရစ်ပန်ညာနီယေးတိုးနေရာမှာ အခြားတဦးကို အစားထိုးချင်နေကြတယ်လို့ ဘီဘီစီ မက္ကဆီကိုရဲ့ သတင်းထောက် ဝီလ်ဂရန့်က ပြောပါတယ်။ သူတို့ဟာ အင်မတန်မှ ဖရိုဖရဲဖြစ်နေတဲ့ မက္ကဆီကိုရဲ့ စီးပွားရေးအခြေအနေအပေါ် စိတ်ပျက်ဒေါသထွက်နေကြပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ ရာဇဝတ်မှုတွေအပေါ်မှာလည်း စိတ်ပျက်နေကြတာပါ။

Andres Manuel Lopez Obrador ဟာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်မှုကို အဓိက အနေနဲ့ လုပ်ဆောင်မယ်ဆိုပြီး သူ့ရဲ့ နိုင်ငံရေးအရရပ်တည်မှုကို အကြိုမဲဆွယ်ကာလမှာ ခိုင်ခိုင်မာမာ ကတိပြုခဲ့သူဖြစ်ပြီး နိုင်ငံရေးအီလိတွေနဲ့ စီးပွားရေးသမားတွေကြောင့် ဝင်ငွေထိခိုက်ကျဆင်းခဲ့ရတဲ့ မက္ကဆီကို လုပ်သားတွေအတွက် လုပ်ခလစာနဲ့ ပင်စင်တိုးမြှင့်ရေး ဆောင်ရွက်သွားမဲ့ အကြောင်းကိုလည်း မကြာခဏ ပြောဆိုခဲ့သူပါ။

သူ့ဟာ လက်ဝဲယိမ်း ညွှန့်ပေါင်းအစိုးရ ဖွဲ့နိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီး အတိတ်က မအောင်မြင်မှုတွေကို ပြင်းပြင်းထန်ထန်ကိုင်တွယ်ဖြေရှင်းနိုင်မယ်သူအဖြစ်လည်း ရည်ညွှန်းခံထားရပါတယ်။

သူ့ရဲ့ အနီးကပ်ဆုံးပြိုင်ဘက်အဖြစ် ရီကာဒို အာနာယာဖြစ်ပြီး သူက လက်ယာအမျိုးသားရေး ညွှန့်ပေါင်းအဖွဲ့ကို ဦးဆောင်သူလည်း ဖြစ်ပါတယ်။ သူဟာ လက်ရှိသမ္မတကို ပေါ်ပြူလစ်ဇင် တိမ်းညွှတ်သူအဖြစ် ကြိုးစားပုံဖော်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption သမ္မတလောင်းသုံးဦးကိုတွေ့ရစဉ်

မက္ကဆီကိုဟာ လက်တင် အမေရိကရဲ့ ဒုတိယအကြီးဆုံး စီးပွားရေး တိုင်းပြည်ဖြစ်ပြီး ရေနံကို အဓိက တင်ပို့တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ လတ်တတလောမှာတော့ ရေနံဈေးကျတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပြီး ၄၀ ရာခိုင်နှုန်းထက်မနည်းတဲ့ ပြည်သူတွေဟာ ဆင်းရဲတွင်းထဲမှာ နေနေရပါတယ်။

ပဋိပက္ခတွေကလည်း ရင်းနှီးမြှပ်နှံတဲ့ကုမ္ပဏီတွေကို ပဋိပက္ခဖြစ်တဲ့ ဒေသတွေကနေ လုပ်ငန်းပိတ်သိမ်းမှုတွေ ဖြစ်ခဲ့ရပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ