ဂူထဲ ၁ဝ ရက်ကြာ ပိတ်မိနေတဲ့ ကလေးတွေ မသေမပျောက် ပြန်တွေ့ရ

ထိုင်းကလေး
ဓာတ်ပုံ ပုံစာ,

ဂူထဲက ကယ်ဆယ်ရေး

ကလေး ၁၂ ယောက်နဲ့ နည်းပြတို့ကို အသက်ရှင်လျက်သား ကယ်ဆယ်ရေး ရေငုပ်သမားတွေ တွေ့ရှိ ခဲ့ကြောင်း ချင်းရိုင်ဒေသ အုပ်ချုပ်ရေးမှူးက အတည်ပြုပါတယ်။

ထမ်လုံဂူထဲ ပိတ်မိတာ ၁ဝ ရက်အကြာမှာ အားလုံးကို မသေမပျောက် တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ကလေးတွေ အားလုံး အသက် ရှင်လျင် ဘေးကင်း ရန်ကင်းရှိတယ်လို့ ချင်းရိုင် ခရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဒါပေမယ့် ကယ်ဆယ်ရေး လုပ်ငန်းစဉ် အဆုံးသတ် မသွားသေးဘူးလို့လည်း အုပ်ချုပ်ရေးမှူး နာရွန်ဆတ် အိုဆော့ထန်နာကွန်းက ဆိုပါတယ်။

ဓာတ်ပုံ ပုံစာ,

တွေ့တဲ့နေရာကို အနီဝိုင်းပြထား

ဂူထဲ ထားရှိထားတဲ့ ကယ်ဆေးရေး ပင်မထိန်းချူပ် စခန်းမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ကယ်ဆယ်ရေး လုပ်ငန်းစဉ် ဆိုတာ ရှာဖွေရေး၊ ကယ်ဆယ်ရေး၊ ပြန်လည် ကယ်ထုတ်ရေး ဆိုတဲ့ လုပ်ငန်းစဉ် ၃ ခု ရှိတာမှာ အခု အဆင့်က တွေ့တဲ့ အဆင့်ပဲ ရှိသေးတယ်လို့ ဆိုပါတယ်။

နောက်တဆင့် အနေနဲ့ ဂူထဲကနေ ကယ်ထုတ်ပြီး အိမ်တွေဆီ အရောက် ပြန်ပို့ရေး ဆက်လုပ်မယ်လို့လည်း ပြောပါတယ်။

ဓာတ်ပုံ ပုံစာ,

ရေတွေဆက်လက် စုပ်ထုတ်

ဓာတ်ပုံ ပုံစာ,

၁ဝ ရက် ကြာခဲ့ပေမယ့် လက်မလျှော့ခဲ့

ဓာတ်ပုံ ပုံစာ,

တွေ့ရှိတဲ့ အဆင့်ပဲရှိသေး၊ ကယ်ထုတ်ရဦးမယ်

ဂူထဲကနေ ရေတွေကို ဆက်လက် စုပ်ထုတ်နေပြီး ဆရာဝန်တွေနဲ့ သူနာပြုတွေလည်း ဂူထဲမှာ အသင့် ရှိနေကြပါတယ်။

ရေလွှမ်းနေလို့ အထဲကို ဝင်ရခက်တဲ့ ထမ်းလွန် လိုဏ်ဂူထဲ ကယ်ဆယ်ရေးကို လက်မလျှော့ပဲ လူအင်အားသုံးပြီး အင်တိုက်အားတိုက် ပြုလုပ် ခဲ့ကြတာပါ။

ရေမျက်နှာပြင်ပေါ် မြင့်တက်နေတဲ့ လိုဏ်ဂူထဲက နေရာတစ်ခုပေါ် လူငယ်တွေ ပိတ်မိ သောင်တင် နေနိုင်တယ် ဆိုတဲ့ ယူဆချက်နဲ့ အဲဒီ နေရာကို မရောက်ရောက်အောင် ရေငုပ်သမားတွေ သွားရောက် ခဲ့ကြပါတယ်။