မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ် ကို ဖမ်းဆီး

ဓာတ်ပုံ မူပိုင် Reuters
Image caption ၂ နာရီ ၃၅ မိနစ်မှာ မစ္စတာ နာဂျစ် ရာဇတ် ကို သူ့ အိမ် ကနေ ဖမ်းဆီး ခဲ့

မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇက် ကို အကျင့်ပျက်ချစားမှု တိုက်ဖျက်ရေး အဖွဲ့ က ဖမ်းဆီး လိုက်ပြီး ဇူလိုင်လ ၄ ရက်မှာ အမှု စစ်ဆေး မယ်လို့ သိရပါတယ်။

မစ္စတာ နာဂျစ်ဟာ အစိုးရ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ ဒေါ်လာ သန်း ၇၀၀ ကျော် ကို ကိုယ်ပိုင် ဘဏ်အကောင့်ထဲ လွှဲပြောင်း ယူခဲ့ကြောင်း စွပ်စွဲ ခံထားရပြီး သူ့ကို မလေးရှား အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး အဖွဲ့ က စစ်ဆေး နေတာပါ။

ပြီးခဲ့တဲ့ မေလ တုန်း က ကျင်းပ ခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာလည်း လက်ရှိ ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် ကို ရှုံးနိမ့် ခဲ့ပြီးနောက်မှာ မစ္စတာ နာဂျစ် ရာဇတ် အနေနဲ့ တိုင်းပြည် ကနေ မထွက်ခွာဖို့ တားမြစ် ခံထား ရတာ လည်း ဖြစ်ပါတယ်။

အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး အဖွဲ့ ရဲ့ ထုတ်ပြန်ချက် အရ မလေးရှား စံတော်ချိန် နေ့လယ် ၂ နာရီ ၃၅ မိနစ်မှာ မစ္စတာ နာဂျစ် ရာဇက် ကို သူ့ အိမ် ကနေ ဖမ်းဆီး ခဲ့တာ ဖြစ်ပါတယ်။

ဇူလိုင်လ ၄ ရက် မနက် ၈ နာရီ ခွဲမှာ ကွာလာလမ်ပူ မြို့က တရားရုံးချုပ်မှာ သူ့ရဲ့ အမှု ကို စတင် စစ်ဆေးမှာပါ။

ဓာတ်ပုံ မူပိုင် Reuters
Image caption နာဂျစ်ရာဇက်ကို အားပေးကြသူတွေ

ပြီးခဲ့တဲ့ ရက်သတ္တပတ် တွေတုန်း ကလည်း သူ့ရဲ့ နေအိမ်ကို ရဲတပ်ဖွဲ့ ဝင်တွေက ဝင်ရောက် ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပြီး ဒေါ်လာ ၂၇၃ သန်း ခန့် ပမာဏ ရှိတဲ့ အဖိုးတန် ပစ္စည်းတွေ နဲ့ ငွေသား တွေ ကို ရှာဖွေ တွေ့ရှိခဲ့ရ ပါတယ်။

ဒီလို ရှာဖွေ တွေ့ရှိမှု က မလေးရှား သမိုင်းမှာ တန်ဖိုး ရှိတဲ့ ပစ္စည်း တွေနဲ့ ငွေကြေး အများအပြား ရှာဖွေ ထိန်းသိမ်း မှု လို့ ဆိုကြပါတယ်။

အဲဒီ အထဲမှာ ဒေါ်လာ ၁ သန်း ကျော် တန်ကြေး ရှိတဲ့ စိန် တွေ နဲ့ ရွှေဆွဲကြိုး တွေကို ပါ သိမ်းဆည်း ရမိခဲ့ပါတယ်။

မစ္စတာ နာဂျစ် ရာဇက် မလေးရှား ဝန်ကြီးချုပ် တာဝန် ထမ်းဆောင် နေစဉ်မှာ အကျင့်ပျက် ခြစားမှုတွေ မရှိဘူး ဆိုပြီးတော့ စုံစမ်းမှုတွေကို ရုတ်သိမ်း ခဲ့ ပေမယ့် တခြား နိုင်ငံ တချို့မှာတော့ အကျင့်ပျက် ခြစား မှုတွေ နဲ့ စုံစမ်းမှုတွေ လုပ်ဆောင်နေကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
နာဂျစ်ရာဇတ်နဲ့ ဇနီးပိုင်ဆိုင်မှု ဒေါ်လာသန်း ရာချီရှိ

ဆက်စပ် အကြောင်းအရာများ