ဂျပန် နိုင်မယ်လို့ ခန့်မှန်း ပေးခဲ့တဲ့ ရေဘဝဲ သတ်ခံရ

ဓာတ်ပုံ မူပိုင် Science Photo Library
Image caption ဘယ်လ်ဂျီယံ နဲ့ ပွဲစဉ်မှာတော့ ဂျပန် အသင်း နိုင်မယ်လို့ ရာဘီယို က ခန့်မှန်း ပေး

ကမ္ဘာ့ဖလား မှာ ဂျပန် နိုင်မယ်လို့ ခန့်မှန်း ပေးခဲ့တဲ့ ရေဘဝဲ ကို ပိုင်ရှင် က သတ်ဖြတ် ပြီး ဆာရှီမီ လုပ်ဖို့ အတွက် ဈေးမှာ ရောင်းချ ခဲ့ပါတယ်။

ရာဘီယို လို့ ခေါ်တဲ့ ပစိဖိတ် ရေဘဝဲ ဟာ ဂျပန် အသင်း ကန်ခဲ့တဲ့ အုပ်စု ပွဲစဉ် တွေကို ခန့်မှန်း ပေးခဲ့ရာမှာ တိကျတဲ့ ခန့်မှန်းမှုတွေ လုပ်ပေး နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဇူလိုင် လ၂ ရက်နေ့ က ကစားခဲ့တဲ့ ဘယ်လ်ဂျီယံ နဲ့ ပွဲစဉ်မှာတော့ ဂျပန် အသင်း နိုင်မယ်လို့ ရာဘီယို က ခန့်မှန်း ပေးခဲ့တာပါ။

အဲဒီ ဟောကိန်း ဟာ မှားယွင်း ခဲ့ပြီး ဂျပန် အသင်း ဟာ နာကျင် အချိန်ပို မှာ ဂိုး ပေး လိုက်ရပြီး ၃ ဂိုး ၂ ဂိုး နဲ့ ရှုံးနိမ့် သွားခဲ့ပါတယ်။

ဒီနောက်မှာတော့ ရာဘီယို ကို ဘောလုံးပွဲ ဟောကိန်း ထုတ်ခိုင်းမယ့် အစား ဈေးမှာ ရောင်း လိုက်တာ က ပိုပြီး မြတ်မယ်လို့ ဖမ်းမိခဲ့တဲ့ ပိုင်ရှင် ကီမီယို အာဘေး က ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် ELSA
Image caption ကိုလံဘီယာနဲ့ အကြိတ်အနယ်

ကီမီယို အနေနဲ့ သူ့ရဲ့ ရေဘဝဲ ဘောလုံးပွဲ ခန့်မှန်းမှု ကနေ နာမည် ကျော် လူသိများဖို့ ထက် အသက်မွေး မှု တံငါ လုပ်ငန်း ကသာ ပို အကျိုးရှိ မယ်လို့ ဆုံးဖြတ်ပြီး ရေဘဝဲ ရာဘီယို ကို ဈေးမှာ ရောင်းလိုက်တာပါ။

ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဂျပန် အသင်း ပါဝင် ယှဉ်ပြိုင်တဲ့ အုပ်စု (အိပ်ခ်ျ) ပွဲစဉ် တွေမှာတုန်း က ကိုလံဘီယာ ကို နိုင်ပြီး ဆီနီဂေါ နဲ့ သရေကျ မယ်ဆိုတဲ့ ရာဘီယိုရဲ့ ခန့်မှန်းမှုတွေ က မှန်ကန် ခဲ့တယ်လို့ ပြည်တွင်း မီဒီယာ တွေမှာ ဖော်ပြ ကြပါတယ်။

ရာဘီယို ကို ရောင်းချ လိုက်တဲ့ အတွက် နောင်တ မရဘူးလို့ ကီမီယို အာဘေး က ပြည်တွင်း မီဒီယာမှာ ပြောဆို ခဲ့တဲ့ အကြောင်း ကို အောက်ဖော်ပြပါ ဗီဒီယို မှာ ကြည့်နိုင်ပါတယ်။