ထရီဆာမေရဲ့ ကုန်သွယ်ရေး မျှော်လင့်ချက် ထိခိုက်

Image caption သူပေးတဲ့ အကြံတွေကို မစ္စစ်မေ နားမထောင်ခဲ့ဖူးလို့ ထရမ့်ပြော

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် ဟာ ဗြိတိန် နိုင်ငံကို ၂ ရက်ကြာ ခရီးစဉ် အဖြစ် ရောက်ရှိနေပါတယ်။

ဒီ ၂ ရက်အတွင်းမှာ နှစ်ပေါင်း ရှည်ကြာ မဟာမိတ် ၂ နိုင်ငံ အကြား ကုန်သွယ်ရေး၊ ၂ နိုင်ငံ ပူးပေါင်း ဆက်ဆံရေး ကို ဆွေးနွေး ကြဖို့ ရှိပါတယ်။

မစ္စတာ ထရမ့် ဟာ မနေ့က ညနေပိုင်းမှာ နေတိုး အစည်းအဝေး လုပ်ရာ ဘရက်ဆဲလ် ကနေ ဗြိတိန် နိုင်ငံ ကို လာရောက်တာ ဖြစ်ပါတယ်။

သူ့ကို ဗြိတိန် ဝန်ကြီးချုပ် ထရီဆာမေ နဲ့ ခင်ပွန်း ဖြစ်သူ ဖိလစ် မေ တို့က အောက်စဖို့ဒ်ရှိုင်းယား နယ် က ဘလင်နမ် နန်းတော်မှာ ဂုဏ်ပြု ညစာ စားပွဲ နဲ့ တည်ခင်း ဧည့်ခံ ခဲ့ပါတယ်။

Image caption ချာချီမွေးခဲ့တဲ့ စံအိမ်ကြီး
Image caption ထရမ့်ကို သမိုင်းဝင် စံအိမ်မှာ ညစာနဲ့ တည်ခင်းဧည့်ခံ
Image caption ထရမ့်ကို အကျအန ကြိုဆိုတဲ့ မစ္စစ်မေ

ဒီ စံအိမ်ကြီးမှာပဲ ဗြိတိန်ရဲ့ နာမည်ကျော် ဝန်ကြီးချုပ် ဝင်စတန်ချာချီ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

ဘလယ်နမ် နန်းတော် အနီး ထရမ့်ကို ဆန္ဒပြသူတွေ စုဝေး နေခဲ့သလို၊ ထရမ့် ညအိပ်မယ်လို့ နားလည်ရတဲ့ ဗြိတိန်ဆိုင်ရာ အမေရိကန် သံအမတ်ရဲ့ နေအိမ် အပြင်ဘက် မှာလည်း ဆန္ဒပြသူတွေ ရှိနေခဲ့ကြပါတယ်။

Image caption ယူကေရောက် အမေရိကန်တွေ ထရမ့်ကို ဆန္ဒပြ
Image caption ထရမ့် ခရီးစဉ် ပထမရက်မှာပဲ ဆန္ဒပြပွဲတွေ ပြုလုပ်

ဥရောပသမဂ္ဂ အဖွဲ့ အီးယူထဲကနေ နှုတ်ထွက်မယ့် ဗြိတိန် အနေနဲ့ အမေရိကန်နဲ့ကြား ကုန်သွယ်ရေး သဘောတူမှု အသစ်တွေ ရရှိလာအောင် ထရမ့်ရဲ့ ခရီးစဉ် အတွင်း မစ္စစ်မေ ကြိုးစား သွားလိုတဲ့ ဆန္ဒ ရှိနေပါတယ်။

ဒါပေမယ့်လည်း မစ္စစ်မေရဲ့ ဘရက်ဇစ် အစီအစဉ်တွေဟာ အမေရိကန်နဲ့ ဗြိတိန်ကြား အနာဂတ် ကုန်သွယ်ရေး တွေကို ပျက်စီးသွားစေနိုင်တယ်လို့ ထရမ့်က ပြောဆို လိုက်တဲ့ အတွက် ဝန်ကြီးချုပ်မေအတွက် အတော်လေး အကျပ်အတည်း ဖြစ်သွားစေပါတယ်။

ဗြိတိန် နိုင်ငံကို အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် ၂ ရက်ကြာ လာရောက် တဲ့ ခရီးစဉ် က ဗြိတိန် ပြည်သူတွေ ကြားမှာ အတော်လေး ကို အုတ်အော် သောင်း နင်း ဖြစ်တဲ့ကိစ္စပါ။

သက်တမ်း အရှည် ကြာဆုံး မဟာမိတ် ၂ နိုင်ငံ၊ ကုန်သွယ်ဖက် ၂ နိုင်ငံ ကြားမှာ ရှေ့ဆက် သွားရမယ့် ၂ နိုင်ငံ ကြား လုပ်ငန်း စဉ်တွေ နဲ့ ပတ်သက်လို့ လည်းပဲ လူတွေက မေးခွန်းတွေ ထုတ်ကြပါတယ်။

လောလောဆယ်မှာ ဗြိတိန် နိုင်ငံကလည်း ဘရက်ဇစ် ဆိုတဲ့ အီးယူ အဖွဲ့ ဝင် အဖြစ် က နှုတ် ထွက်ရေး လုပ်ငန်း စဉ် တွေ အကြား ဗျာ များ နေတာမို့ တကယ်လို့ အီးယူ ကနေ ထွက်ပြီး ရင် အမေရိကန် နဲ့ အဓိက စီးပွားရေး ပူးပေါင်း မှာမို့ အခုလို နွေးနွေးထွေးထွေး ကြိုဆို တာ ဖြစ်တယ်လို့လည်း ကျွမ်းကျင် သူတွေက သုံးသပ်ပါတယ်။

ဗြိတိန် နဲ့ ဆက်ဆံရေး နဲ့ ပတ်သက်လို့ သမ္မတ ထရမ့် က နေတိုး အစည်း အဝေး အပြီး မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သူ့ အနေနဲ့ ဘရက်ဇစ် ဆိုတဲ့ အကြောင်းကို လေ့လာထားပေမယ့် ဒါက ဗြိတိန် ပြည်သူတွေ ရဲ့ ကိစ္စပါ သူ့အနေနဲ့ ဘာလုပ်ပါလို့ ပြောခွင့် မရှိပါဘူး။ သူက ဗြိတိန် နဲ့ ကောင်းမွန် ရှည်ကြာတဲ့ ဆက်ဆံရေး ရှိပြီး သူ့ အမေဟာ ဆိုရင်လည်း စကော့တလန် ပြည်နယ်မှာ မွေးဖွားခဲ့သူ တစ်ယောက် ပါလို့ ပြောဆို့ ခဲ့ပါတယ်။

သူ့အနေနဲ့ ဒီလို အကောင်း ဘက် က ပြောဆို ခဲ့သလို ဗြိတိန် ဟာ ဘရက်ဇစ် ကိစ္စ နဲ့ ဝရုန်သုန်းကား ဖြစ်နေတယ်ဆိုပြီးတော့လည်း ပြော ခဲ့ ပြန်ပါ သေး တယ်။ ဒီလို ပြောဆို ခဲ့တဲ့ အတွက် ဗြိတိန် ပြည်သူ တွေက သိပ်ပြီး ကျေနပ် တာ မဟုတ်ပါဘူး။

နောက်ပြီး ဒေါ်နယ့် ထရမ့် ရဲ့ အမြူအမှု အပြောအဆို တွေ၊ အမျိုးသမီးတွေ အပေါ် ထားတဲ့ သဘောထား အမြင်တွေကိုလည်း မကြိုက်ကြတဲ့ လူတွေက သူ့ကိုယ် ဆန္ဒပြမှုတွေ လုပ်နေကြပါတယ်။

ဇူလိုင် ၁၃ ရက်နေ့ နဲ့ ၁၄ ရက်နေ့တွေမှာ ဆိုရင်လည်း လန်ဒန် မြို့မှာ ဒေါ်နယ် ထရမ့် ကို ဆန့်ကျင် တဲ့ ဆန္ဒပြပွဲတွေ အကြီးအကျယ် လုပ်ဖို့ ရှိနေပါတယ်။

သမ္မတ ထရမ့် ရဲ့ ခရီးစဉ် က နှစ်နိုင်ငံကြား ဒေါ်နယ့် ထရမ့် ရဲ့ ခရီးစဉ် နဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ် ဖြစ် တာဝန် ထမ်းဆောင် ခဲ့ဖူးသူ လက်ရှိမှာ ဥရောပ သမဂ္ဂ ရဲ့ ဗြိတိန် သံအမတ် ဖြစ် တာဝန် ထမ်းဆောင် နေတဲ့ နိုင်ဂျဲ ရှိုင်းဝေါလ် က ဗြိတိန် အစိုးရ အနေနဲ့ ၂ နိုင်ငံကြား ဆက်ဆံရေး အကြောင်းကို ရှင်းပြမှာပါ။ အခု ညစာ စားပွဲမှာလည်း ကုန်သည်တွေ အများကြီးနဲ့ တွေ့ဆုံ စေတဲ့ ကိစ္စ က လည်း ၂ နိုင်ငံ ကုန်သွယ်ရေးမှာ အကျိုး ဖြစ်ထွန်း စေဖို့ ဖြစ်ပါတယ် လို့ ပြောဆို သွားခဲ့ပါတယ်။

ဒါကို ကြည့်ခြင်း အားဖြင့် အခု ခရီးစဉ်ဟာ ဗြိတိန်ရဲ့ ဘရက်ဇစ် အလွန် ကာလ ကို မျှော်မှန်းပြီး ဗြိတိန် အစိုးရ ကလည်း ဖိတ်ကြား တာ ဖြစ်သလို သမ္မတ ထရမ့် ကလည်း အမေရိကန် နဲ့ တရုတ် နဲ့ အကြား က ကုန်သွယ်ရေး အခြေ အနေ တင်းမာ နေမှု ကို မဟာမိတ် တွေ အကြား ရှင်းပြ ဖို့ လာ ရောက်တာ ဖြစ်တယ်လို့ ဆိုနေကြပါတယ်။

လောလောဆယ်မှာတော့ ဗြိတိန် ဝန်ကြီးချုပ် ထရီဆာ မေဟာ ဘရက်ဇစ် နဲ့ ပတ်သက်လို့ သူ့ရဲ့ အကြံဉာဏ် ပေးမှု ကို နားမထောင်ခဲ့တဲ့ အကြောင်းနဲ့ တကယ်လို့ မစ္စမေ ရဲ့ ဘရက်ဇက် အစီအစဉ် က မပြတ်မသား ဖြစ်ခဲ့ရင် အမေရိကန် အနေနဲ့ ကုန်သွယ်ရေး ကိစ္စမှာ အီးယူ နဲ့ ပဲ တိုက်ရိုက် ညှိနှိုင်း နိုင်တယ် ဆိုပြီး ယူကေ သတင်းစာကြီး ဖြစ်တဲ့ The Sun ကို ပြောဆို သွားခဲ့ပါတယ်။

ဒီခရီးစဉ် အပြီး မှာ ဒေါ်နယ် ထရမ့် ဟာ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင် နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
သမ္မတ တာဝန်ယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဗြိတိန်ရောက်လာတဲ့ သမ္မတ ထရမ့်