နယ်စပ်မှာ ကွဲသွားတဲ့ မိဘနဲ့ကလေးတွေ ပြန်ပေါင်းစည်းရေး တောင်းဆို

ဓာတ်ပုံ မူပိုင် EPA
Image caption ကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ခ် ပွန်ပေယို (ဝဲ) နဲ့ မက္ကဆီကို သမ္မတ ပင်ညာညက်တိုး(ယာ)

အမေရိကန် အာဏာပိုင်တွေကြောင့် နယ်စပ်မှာ မိသားစုနဲ့ တကွဲတပြား ဖြစ်သွားတဲ့ ရွေ့ပြောင်း၀င်ရောက်သူ မိဘနဲ့ ကလေးတွေ အမြန် ပြန်လည်ဆုံစည်းနိုင်စေဖို့ မက္ကဆီကို သမ္မတ အန်းရစ်ခ် ပင်ညာညက်တိုးက တောင်းဆိုလိုက်ပါတယ်။

မက္ကဆီကို ကိုရောက်လာတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ခ်ပွန်ပေယို နဲ့ ပြုလုပ်တဲ့ ဆွေးနွေးမှု အတွင်း သူက အခုလို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ကလေးတွေရဲ့ အခွင့်အရေးနဲ့ သာယာဝပြောရေးကို ဉီးစားပေးတဲ့ မူဝါဒတခုကိုချမှတ်ပေးဖို့ကိုလည်း မက္ကဆီကို ခေါင်းဆောင်က ပန်ကြားလိုက်ပါတယ်။

အမေရိကန်ကို တရားမ၀င် ရွှေ့ပြောင်းဝင်ရောက်သူတွေနဲ့ ပတ်သက်လို့ လုံးဝ သည်းမခံရေး မူဝါဒရဲ့ တစိတ်တပိုင်းအဖြစ် အခုလို နှိမ်နင်းမှုတွေ လုပ်ဆောင်နေခဲ့တာပါ။

ဒီလို မိဘတွေနဲ့ခွဲခံထားရတဲ့ ကလေး ၃၀၀၀ ကို မိသားစုနဲ့ဒီလမကုန်ခင် ပြန်လည် ပေါင်းစည်းရေး လုပ်ပေးဖို့ အမေရိကန် တရားရုံးက ထရမ့်အစိုးရကို အမိန့်ထုတ်ထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ရွေ့ပြောင်း၀င်ရောက်သူ အရေး အမေရိကန်မှာ ဆန္ဒပြ

ဒီအရေးနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတဝန်းမှာ သောင်းနဲ့ချီတဲ့လူတွေဟာ ဆန္ဒပြမှုတွေလည်း ဖြစ်ခဲ့ ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ ရွှေ့ပြောင်းတွေ အပေါ်ထားတဲ့ ပေါ်လစီကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲ ၆၃၀ စီစဉ်ထားခဲ့ကြပြီး တကွဲတပြားစီထားတဲ့ မိသားစုတွေ ပြန်လည်ပေါင်းစည်းရေးကို တောင်းဆို ခဲ့ကြ ပါတယ်။

"အမုန်းတရား အလိုမရှိ၊ အကြောက်တရား အလိုမရှိ၊ ရွှေ့ပြောင်းသူတွေကို ဒီနေရာက ကြိုဆိုပါတယ်"လို့ ဆန္ဒပြသူတွေက ကြွေးကြော်ကြပါတယ်။

သမ္မတဒေါ်နယ်ထရမ့်က ရွှေ့ပြောင်းဝင်ရောက်လာကြသူတွေကို မိဘနဲ့ ကလေး ခွဲထားရေး ပေါ်လစီချမှတ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ရွေ့ပြောင်းဝင်ရောက်သူတွေ အရေး ဆွေးနွေးကြပြီ

ဒီပေါ်လစီအပေါ်မှာ လူထုက ဒေါသထွက် ကန့်ကွက်ကြပြီးနောက်မှာ ပြန်ရုပ်သိမ်းခဲ့တယ်ဆိုပေမယ့် အခုထိ ကလေးသူငယ် ၃၀၀၀၀ ဟာ မိဘတွေနဲ့ တကွဲတပြား ရှိနေကြပါသေးတယ်။

ဒါ့အပြင် မိဘနဲ့ ကလေးသူငယ်တို့ရဲ့ ကွင်းဆက်တွေကို မှတ်တမ်းတင်မထားတဲ့ အတွက် စိုးရိမ်ပူပန်မှုတွေလည်း ရှိနေကြပါတယ်။

ဒါ့အပြင် ဖမ်းဆီးထားတဲ့ ခိုးဝင်သူတွေ ပြန်လွှတ်ပေးရေးကိုလည်း တောင်းဆိုကြပါတယ်။

အမေရိကန် အများပြည်သူ လွတ်လပ်ခွင့်သမဂ္ဂ အဖွဲ့က ဖေ့ဇ် ရှာကီယာ က "ကွဲကွာနေတဲ့ မိသားစုတိုင်းကို ပြန်လည် စုစည်းပေးရမယ်။

ဒါ့အပြင် မလိုအပ်ဘဲ ထောင်သွင်း အကျဉ်းချခံထားရတဲ့ မိသားစုတွေ အတွက်လည်း ကျနော်တို့ တိုက်ပွဲဝင်သွားရမယ်။

ဂွာတီမာလာ၊ ဟွန်ဒူးရပ်စ်၊ အယ်လ်ဆာဗေဒို တို့ကနေ ရွှေ့ပြောင်းလာပြီး ရာဇဝတ်ကောင်တွေ၊ မုဒိမ်းသမားတွေ၊ လူသတ်သမားတွေ၊ အကြမ်းဖက်သမားတွေ သဖွယ် ပြုမူဆက်ဆံခံရတဲ့သူတွေရှိနေပါတယ်"လို့ ပြောပါတယ်။

သမ္မတထရမ့်ရဲ့ မူလ လုံးဝ သည်းမခံရေး ပေါ်လစီ အရဆိုရင် မက္ကဆီကို အမေရိကန်နယ်ခြားကို တရားမဝင် ကျော်ဖြတ်လာသူ မှန်သမျှကို ရုံးတင်စစ်ဆေးခြင်းမရှိပဲ ချက်ချင်း ဖမ်းဆီး အရေးယူရမှာ ဖြစ်ပြီး အဲဒီမူဝါဒကြောင့် ကလေးသူငယ်တွေကို မိဘနဲ့ သီးခြား ခွဲခြားထားရှိဖို့ ဖြစ်လာပါတယ်။

လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်ခဲ့ပြီးနောက် မက္ကဆီကို ရွေးကောက်ပွဲစတင်

မက္ကဆီကို ရွေးကောက်ပွဲ လက်ဝဲယိမ်း လိုပက် အိုဘရာဒါ အနိုင်ရ

ဒါပေမယ့် ဒီပေါ်လစီကို လူထုက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြပြီး ဖမ်းဆီးထိန်းသိမ်းရေးစခန်းတွေမှာရှိတဲ့ ကလေးသူငယ်တွေရဲ့ ဝမ်းနည်းပူဆွေးရမှုတွေကြောင့် သမ္မတထရမ့်ဟာ မိသားစုတွေကို အတူတူထားဖို့ ကတိပြုခဲ့ရပါတယ်။

အခုဆန္ဒပြသူတွေက မိသားစုတွေကို အတူတကွထားဖို့၊ ဖမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုကြတဲ့အပြင်၊ မွတ်ဆလင် ငါးနိုင်ငံကို ပစ်မှတ်ထားပြီး အမေရိကန် ကို ခရီးသွားလာမှု ပိတ်ပင်ထားတာ ကိုလည်း ဆန့်ကျင် ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ