ဂျပန် ဥရောပ သမဂ္ဂ အကြီးဆုံး ကုန်သွယ်ခွင့် စာချုပ် ချုပ်ဆို

ဓာတ်ပုံ မူပိုင် EPA
Image caption သမိုင်းတလျှောက် အကြီးမားဆုံး စာချုပ်ကို ဂျပန်နဲ့ကြား လက်မှတ် ထိုး

ဥရောပသမဂ္ဂ နဲ့ ဂျပန်နိုင်ငံတို့ကြား လွတ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူစာချုပ်တစ်ရပ် လက်မှတ် ရေးထိုးလိုက်ပါတယ်။

လွတ်လပ်စွာ ကုန်သွယ်ခွင့်နဲ့ ပတ်သက်ပြီး အီးယူအဖွဲ့ရဲ့ သမိုင်းတလျှောက် အကြီးမားဆုံး စာချုပ်ကို ဂျပန်နဲ့ကြား လက်မှတ် ထိုးလိုက်တာ ဖြစ်ပါတယ်။

အီးယူ-ဂျပန် သဘောတူမှုဟာ ကမ္ဘာပေါ်မှလည်း လက်ရှိ လွတ်လပ်စွာ ကုန်သွယ်ရေး စာချုပ်တွေထဲမှာလည်း အကြီးမားဆုံး ဖြစ်ပါတယ်။

အီးယူနိုင်ငံတွေနဲ့ ဂျပန်နိုင်ငံတို့ရဲ့ ကုန်ထုတ် စွမ်းအားဟာ ကမ္ဘာ အသားတင် ကုန်ထုတ်မှု ပမာဏ ဂျီဒီပီရဲ့ ၃ ပုံ ၁ပုံ ထိအောင် ရှိပြီး လူဦးရေ အရေအတွက်နဲ့ ကြည့်မယ် ဆိုရင်လည်း သန်း ၆ဝဝ အပေါ် လွှမ်မိုး သက်ရောက်မှု ရှိနေတာ ဖြစ်ပါတယ်။

အခုလို ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေနဲ့ အာရှရဲ့ စီးပွားရေး ထိပ်သီးဝင် ဂျပန်တို့ ကုန်သွယ်ရေး လွတ်လပ်ခွင့် သဘောတူမှုတွေ အခုလို အချိန်မှာ ယူလာတာဟာ အင်မတန် ထူးခြား နေပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မူဝါဒ အရ အမေရိကန်ဆီ တင်းသွင်းတဲ့ နိုင်ငံခြားက ပို့ကုန် ပစ္စည်း တချို့ အပေါ်မှာ အကောက်ခွန် နှုန်းထားတွေ တိုးမြှင့် လာနေချိန်မှာ အီးယူနဲ့ ဂျပန်တို့က အခုလို ခြေလှမ်းလာတာ ဖြစ်ပါတယ်။

သူတို့ရဲ့ သဘောတူမှုကို ကြည့်ရင် ကုန်ပစ္စည်း အမျိုးအစား အားလုံး နီးပါးကို အကောက်ခွန် ကင်းလွတ်ခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption လျှပ်စစ် ကုန်ကား ထုတ်လုပ်မှုတွေမှားလည်းသဘောတူညီ

သတင်းစာ ရှင်းလင်းပွဲမှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးနဲ့ အတူ ရှိနေတဲ့ ဥရောပ ကော်မရှင် ဥက္ကဌ ယန်းကလော့ဒ် ယွန်က ပြောတာက

ရေးထိုးလိုက်တဲ့ အီးယူ ဂျပန် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ်ဟာ ကမ္ဘာ့ကုန်သွယ်ရေး အတွက်လည်း ကြီးကျယ်တဲ့ မှတ်တိုင်ဖြစ်တယ်။

အီးယူ ကုမ္ပဏီတွေ ဂျပန်ထဲ တင်သွင်းနေတဲ့ ကုန်ပစ္စည်း တန်ဖိုးပေါင်း ယူရို ၅၈ ဘီလီယံ တန်ဖိုးထိ ရှိပြီး၊ ဝန်ဆောင်မှု လုပ်ငန်းတွေလည်း ယူရို ၂၈ ဘီလီယံ ဖိုး အထိ ရှိနေတယ်လို့ မစ္စတာ ယွန်ကာက ပြောပါတယ်။

အခု သဘောတူစာချုပ်ကြောင့် ဥရောပ စားသောက်ကုန် လုပ်ငန်းတွေ အကျိုးရှိဖို့ မျှော်လင့်ရသလို၊ ဂျပန် ကားကုမ္ပဏီတွေ အတွက်လည်း ပိုပြီး တွက်ခြေကိုက်လာ နိုင်ပါတယ်။

သဘောတူစာချုပ်တွေကို သက်ဆိုင်ရာ ဥရောပ ပါလီမန်နဲ့ ဂျပန် ပါလီမန်တို့က အတည်ပြုပေးဖို့တော့ လိုနေပါတယ်။

အခု သဘောတူ စာချုပ် ရလာဖို့ ယူကေဟာ အီးယူ အဖွဲ့ဝင် နိုင်ငံ အဖြစ် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ ယူကေဆိုင်ရာ ဂျပန် သံအမတ် ကိုဂျိ ဆူရူအိုကာက ပြောပါတယ်။

ယူကေအနေနဲ့ ဥရောပ သမဂ္ဂ အဖွဲ့ဝင် အဖြစ် ကနေနုတ်ထွက်မှု မလုပ်ခင် ဘရက်ဆစ် မဖြစ်ခင်၊ အခု သဘောတူမှု စတင် အသက်ဝင် လာရင်တော့ ယူကေ အနေနဲ့လည်း စာချူပ်ပါ အကျိုးကျေးဇူးတွေ ခံစားခွင့် ရရှိမှာ ဖြစ်တယ် ဆိုပြီး ဂျပန် သံအမတ် ဆူရူအိုကာ က ပြောပါတယ်။

ဂျပန်စီးပွားရေး ပြန်လည်မြှင့်တင်ရေး ဌာနရဲ့ ဝန်ကြီး တိုရှိမိစု မိုတီဂီကလည်း ကမ္ဘာပေါ် ကိုယ့်အကျိုးစီးပွား ကိုယ်ကာကွယ်ရေး ဝါဒ ခေါင်းထောင် ထနေချိန်မှာ အခုလို အခုလို အီးယူ-ဂျပန် သဘောတူ စာချုပ် ရလိုက်တာဟာ လွတ်လပ်စွာ ကုန်သွယ်ခွင့် ရှိရမယ် ဆိုတဲ့ နိုင်ငံရေး စိတ်သဘော ဆန္ဒကို မြှင့်တင် ပေးရာလဲ ရောက်တယ်လို့ ပြောထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဂျေရုဆလင်ကို အီးယူသံရုံးတွေ မပြောင်း