ဘောလုံးပွဲမှာ ခေါင်းတိုက်ကစားတာ ရေရှည်ကျန်းမာရေး ထိခိုက်သလား

ဓာတ်ပုံ မူပိုင် Getty Images
Image caption ခေါင်းတိုက် ကစားမှုနဲ့ ကျန်းမာရေး အန္တရာယ်

ဘောလုံးသမားတွေဟာ ခေါင်းနဲ့တိုက်ကစားရတာတွေ ရှိတာကြောင့် ဒါဟာ သူတို့ရဲ့ ရေရှည် ကျန်းမာရေးကို ထိခိုက်နိုင်သလား ဆိုတာကို ဗြိတိန်မှာ လေ့လာဆန်းစစ်မှု ပြုလုပ်နေပါတယ်။

ဘောလုံးကို ခေါင်းနဲ့ကြိမ်ဖန်များစွာ တိုက်ရတဲ့ အတွက် ဦးနှောက်ထိခိုက်မှု ရှိသလား ဆိုတာကို ဆန်းစစ်ဖို့ ကြေးစား ဘောလုံးသမား အယောက်သုံးရာရဲ့ ခန္ဓာပိုင်းဆိုင်ရာ ၊ အာရုံကြောပိုင်းဆိုင်ရာတို့ကို လေ့လာ သုတေသန ပြုကြည့်မှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲတလျောက်က ရုပ်ပျက်ဆင်းပျက် အဖြစ်အပျက်တွေ

ကမ္ဘာ့ဖလားမှာ သုံးမယ့် Adidas Telstar 18 ဘောလုံး

အဲလို ဆန်းစစ် ရာမှာ ရှေ့တန်းကစားသမား ၊ အလယ်တန်းသမားနဲ့ဘောလုံးကို ခေါင်းနဲ့ အနည်းအကျဉ်း တိုက်ကစားရသူတွေကို နှိုင်းယှဉ် သုံးသပ်ကြည့်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ခေါင်းတိုက်မှုကြောင့် ရေရှည် ကျန်းမာရေး ထိခိုက်သလား ဆန်းစစ်နေပြီ

လက်ဝှေ့လို တခြား အားကစားနည်းတွေမှာ ခေါင်းဒဏ်ရာကြောင့် ကျန်းမာရေး အန္တရာယ် ရှိသလို ဘောလုံးပွဲမှာ ခေါင်းတိုက် ကစားမှုကြောင့် ကျန်းမာရေး ဆိုင်ရာ ထိခိုက်မှု နဲ့ ပတ်သက်လို့ ရေရေရာရာ မသိရသေးကြောင်း သုတေသနအဖွဲ့ ခေါင်းဆောင် ပါမောက္ခ နီးလ် ပီးယားရေ့စ်က ပြောပါတယ်။

ဘောလုံး သမား ဟောင်းတချို့မှာ ဦးခေါင်းမှာ ထိခိုက်မှု ဖြစ်ခြင်းနဲ့ ဦးနှောက် ထိခိုက်မှုတွေ ဆက်စပ်နိုင်တာကို လေ့လာချက် တခုမှာ တွေ့ခဲ့ရတဲ့ အတွက် အခုလို ဆန်းစစ်မှု ပြုနေတာ ဖြစ်ပါတယ်။

အသက်ရလာရင် မှတ်ဉာဏ် ချို့ယွင်း လာတဲ့ ဒီမန်းရှားလို့ ရောဂါမျိုး ခံစားပြီး ကွယ်လွန်ခဲ့တဲ့ ဘောလုံးသမားဟောင်း တွေမှာ ခေါင်းတိုက် ကောင်းသူတွေ ပါဝင် ပါတယ်။

အဲဒါကြောင့်လည်း ဥရောပ ဘောလုံးအဖွဲ့ချုပ်က ဘောလုံး ကစားခြင်းနဲ့ ဒီမန်းရှား ဆက်စပ်မှု ရှိသလားဆိုတာ လေ့လာတော့မှာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ