အစ္စရေးမှာ ဂျူးတွေပဲ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရှိရမယ်

ဓာတ်ပုံ မူပိုင် AFP
Image caption အစ္စရေးနိုင်ငံသမိုင်းရဲ့ အရေးကြီးတဲ့ မှတ်တိုင်တစ်ခုလို့ ဝန်ကြီးချုပ် ဘင်ဂျမင်နက်တာညာဟု ပြောဆို ကြိုဆို

အစ္စရေးပါလီမန်က နိုင်ငံတွင်းမှာ ဂျူးလူမျိုးတွေပဲ ကိုယ်ပိုင် ပြဋ္ဌာန်း ခွင့်ရှိသူတွေ ဖြစ်တယ်ဆိုတဲ့ ဥပဒေတစ်ရပ် ဇူလိုင်လ ၁၉ ရက်နေ့ ဒီကနေ့မှာ မဲခွဲအတည်ပြုလိုက်ပါတယ်။

ဒီဥပဒေက ဟီးဘရူးဘာသာစကားကိုပဲ နိုင်ငံတော်ဘာသာစကား အဖြစ် သတ်မှတ်လိုက်ပြီး အာရဗီဘာသာစကားကို နိုင်ငံအတွင်း တရားဝင်သုံးစွဲခွင့်ရှိတဲ့ ဘာသာစကားတစ်ခု အဖြစ်ပဲ အဆင့်လျှော့ချလိုက်ပါတယ်။

ဂေျရုဆလင်ဟာ ဂျူးနိုင်ငံတော်ရဲ့ မြို့တော် ဖြစ်တယ်လို့လည်း ဆုံးဖြတ်လိုက်ပါတယ်။ ဒီဥပဒေပြဌာန်းနိုင်တာဟာ အစ္စရေးနိုင်ငံသမိုင်းရဲ့ အရေးကြီးတဲ့ မှတ်တိုင်တစ်ခုလို့ ဝန်ကြီးချုပ် ဘင်ဂျမင်နက်တာညာဟု ပြောဆို ကြိုဆိုလိုက်ပါတယ်။

နိုင်ငံလူဦးရေရဲ့၁၇ ရာခိုင်နှုန်းရှိတဲ့ အစ္စရေးအာရပ် လူမျိုးတွေကတော့ ဒါ လူမျိုးရေး ခွဲခြားမှုရှိတဲ့ ဥပဒေဆိုပြီး ဒေါသတကြီး ကန့်ကွက်ခဲ့ကြပါတယ်။ အစ္စရေး နိုင်ငံဟာ ဂျူးလူမျိုးတွေ နေထိုင်ရာ နိုင်ငံ ဆိုပြီးတော့လည်း ဥပေဒထဲမှာ ပြန်ဋ္ဌာန်း ခဲ့တာ ဖြစ်ပါတယ်။ ဂျူးလူမျိုးတို့ အတွက် ထူးခြားတဲ့ လုပ်ဆောင်ချက် ဖြစ်တယ်ဆိုပြီးတော့လည်း ဆိုတေ ကြပါတယ်။

ဂျေရုဆလင် ကိုလည်း အစ္စရေး တို့ရဲ့ ဥပဒေသစ် ရဲ့ အောက်မှာ ထည့်သွင်း အုပ်ချုပ်မယ်၊ မြို့တော် အဖြစ် သတ်မှတ် ကြောင်းနဲ့ ဂျူးတို့ စည်းစည်းလုံးလုံး နေထိုင်ရေးအတွက် ကြိုးပမ်း သွားမယ်လို့ ထည့်သွင်း ထားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အာရပ် လူမျိုးတွေကတော့ ဒါ လူမျိုးရေး ခွဲခြားမှုရှိတဲ့ ဥပဒေဆိုပြီး ဒေါသတကြီး ကန့်ကွက်ခဲ့ကြ

ဒီဥပဒေ ပြဋ္ဌာန်း နိုင်ဖို့ ၂၀၁၁ ခုနှစ် ကတည်း က ပါလီမန် ကို တင်သွင်း ခဲ့တာ ဖြစ်ပါတယ်။ အငြင်းပွားဖွယ်ရာ အချက်တွေ ထည့်သွင်း ထားခဲ့တဲ့ အတွက် အကြိမ်ကြိမ်ဆွေးနွေးမှုတွေ၊ ပြင်ဆင်မှုတွေ လုပ်ခဲ့ပြီး မှ အခုနှစ်ကျမှ အတည်ပြု နိုင်ခဲ့တာ ဖြစ်ပါတယ်။

အစ္စရေး နိုင်ငံမှာ အခြေခံ ဥပေဒ ဆိုတာမျိုး တော့ မရှိပါဘူး။ ဒါပေမယ့် လိုက်နာ စောင့်ထိန်း ရမယ့် အရင်းခံ ဥပေဒဆိုပြီး ပြဌာန်း ထားမှုတော့ ရှိပါတယ်။ အခု ဟီဘရူး ဘာသာစကား နဲ့ ဂျူးလူမျိုးတွေပဲ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရှိတယ် ဆိုတဲ့ အချက် က ၁၄ ချက်မြောက် လိုက်နာ စောင့်ထိန်း ရမယ့် အရင်းခံ ဥပဒေ ဖြစ်လာမှာပါ။

အစ္စရေးနဲ့ ပါလက်စတိုင်း တို့ အကြား အခြေအတင် တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက်မှာ အခုလို ဥပဒေ သတ်မှတ် လုပ်ဆောင်ဖို့ အစ္စရေး တို့ အနေနဲ့ ကြိုးပမ်း ဆောင်ရွက် လာတာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အီရန် နျူကလီးယားရေး ကြိုးပမ်းဆဲလို့ အစ္စရေး စွပ်စွဲ

ဆက်စပ် အကြောင်းအရာများ