မြွေပေါက်စရုပ်ကြွင်းပါတဲ့ ပယင်းကျောက် တွေ့ပြန်ပြီ

ဓာတ်ပုံ မူပိုင် MING BAI/CHINESE ACADEMY OF SCIENCES
Image caption အထဲမှာ မြွေလေး လိမ်ခေါက်နေတဲ့ အသွင် တွေ့ရတဲ့ ပယင်းကျောက်

မြန်မာပြည် က ပယင်းကျောက်တခုထဲမှာ မွေးကင်းစ မြွေ လေးတကောင် လွန်ခဲ့တဲ့နှစ် သန်း ၁၀၀ နီးပါး ကတည်းက ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် တည်ရှိနေတဲ့ အဖြစ်ကို ပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။

မြန်မာ့ ပယင်းတွေ ထဲမှာ အဲလို နှစ်ပေါင်း သန်းချီတဲ့ ကာလ က ရုပ်ကြွင်း တွေ အရင် ကလည်း တွေ့ဖူးခဲ့တာ ဖြစ်ပါတယ်။

ဒီတခါ ပညာရှင်တွေက ပယင်းထဲမှာ မွေးလာကစ မြွေပေါက်စလေး တကောင်ရဲ့ရုပ်ကြွင်း အထဲမှာ ပါလာတွေ ကို တွေ့ရတာ ဖြစ်ပါတယ်။

ဒီမြွေပေါက်စလေးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၉ သန်း တုန်း ကတည်း က ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် တည်နေခဲ့တာ ဖြစ်ပါတယ်။

အဲဒီမြွေလေး က မြန်မာပြည်မြောက်ပိုင်းမှာ နေခဲ့ပြီး ဒိုင်နိုဆောတွေ ရှိနေခဲ့တဲ့ ကာလ က မြွေလေး တကောင် ဖြစ်ပါတယ်။

ပညာရှင် တွေအခေါ်အရတော့ Cretaceous period ခရက် တက်စီးယပ်စ ကာ လ မှာ ရှိခဲ့တာလည်း ဖြစ်ပါတယ်။

သစ်ပင် ကနေ စီးကျလာတဲ့ သစ်စေး ရည်တွေ ထဲမှာ နစ်မြုပ်သွားတဲ့ ဒီမြွေပေါက်စလေး ဟာ အခု အချိန်မှာ ပြန်တွေ့ ရတော့ ပယင်း ကျောက်ထဲက ရုပ်ကြွင်းတခု အဖြစ်နဲ့ ရှိနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် LIDA XING, CHINA UNIVERSITY OF GEOSCIENCES BEIJING
Image caption မြွေပေါက်စ ရုပ်ကြွင်းပါ ပယင်းကျောက်ကို တွေ့ရှိခဲ့တဲ့ LIDA XING

ကနေဒါနိုင်ငံ အယ်ဘာတာ တက္ကသိုလ် က ပါမောက္ခ မိုက်ကယ် ကယ်လ်ဝဲလ် က မြွေသားပေါက်လေး တကောင်ကို ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ်တွေ့ရတာ သူတို့တွေ့ဖူးတဲ့ အထဲ ဒါပထမဆုံးလို့ ပြောပြီး မယုံနိုင်စရာ ရှားပါးလှတဲ့ ရုပ်ကြွင်းတခု ပါလို့ မှတ်ချက်ချ ပါတယ်။

မြန်မာပြည်မြောက်ပိုင်း သစ်တောတွေအတွင်းကနေ ရခဲ့တဲ့ ပယင်းကျောက်တွေ ထဲမှာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း တရာ လောက် က ကျောက်ဖြစ်ရုပ်ကြွင်းတွေ ပါလာတာ ဒါဟာ ပထမဆုံး တွေ့ရှိရတာ မဟုတ်ပါဘူး။

အရင် ၂၀၁၆ တုန်း ကလည်း ဒိုင်နိုဆော အမြီး ကျောက်ဖြစ်ရုပ်ကြွင်း ပါဝင်တဲ့ ပယင်း ကို မြစ်ကြီးနား မြို့ထဲ မှာရှိတဲ့ စျေးတစျေး ကနေ တရုတ် ရှေးဟောင်း သုတေ သန ပညာရှင်တယောက် က ဝယ်သွားဖူးပါတယ်။

ဘေဂျင်းမှာ ရှိတဲ့ ဘူမိသိပ္ပံ တက္ကသိုလ် က ဒေါက်တာ လင်ဒါရှင်း က အဲဒီ ရုပ်ကြွင်း ကို ရခဲ့တာ ဖြစ်ပြီး ပယင်းကျောက်ထဲမှာ ရှိတဲ့ ဒိုင်နိုဆော အမြီးမွေး အရွယ် က စာကလေး တကောင် ရဲ့ အရွယ် အစားလောက် ကြီးပါတယ်။

အဲဒီ တရုတ်ပညာရှင် ဟာ အဲဒီ ပယင်းကျောက်တူးဖော်သူ နောက် လိုက်ရှာရှင်း အဲဒီ ပယင်း ကို ဘယ်နေရာ က တူးခဲ့တယ် ဆိုတဲ့ နေရာ ကို ရှာဖွေနိုင်ခဲ့ ပါတယ်။

မြန်မာပြည် က ဟူးကောင်း ချိုင့်ဝှမ်းမှာ ပယင်းကျောက်တွေ ကို တူးဖော် ရနိုင်ပြီး အဲဒီ ဒိုင်နိုဆော အမြီး ရုပ်ကြွင်း ကို တွေ့ရှိတဲ့ ဧရိယာ အတွင်းမှာပဲ ရှေးဟောင်းငှက် ရဲ့အတောင်ပံ က ရုပ်ကြွင်းအဖြစ် ပါဝင်နေတဲ့ ပယင်းကျောက် တခုကို အရင်တုံး က တွေ့ရှိဖူးခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ