ဂူထဲမှာ မှောင်မည်းပြီး အရမ်းကြောက်ဖို့ကောင်းတယ်

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဂူထဲမှာ မှောင်မည်းပြီး ကြောက်ဖို့ကောင်းတယ်

ထမ့်လွန်ဂူထဲ နေရတဲ့အချိန်က မှောင်မည်းပြီး ကြောက်မက်ဖွယ်ကောင်းတယ်လို့ တောဝက်ဘောလုံးအသင်း အငယ်ဆုံးကလေးဖြစ်တဲ့ တီတာက အေဘီစီသတင်းဌာနနဲ့ တွေ့ဆုံရာမှာ ပြောပါတယ်။

အသင်းမှာ အသက်အငယ်ဆုံးဖြစ်တဲ့ တီတာက ဂူအပြင်ပြန်ထွက်လာရင် လူအုပ်ကြီးက ကြိုဆိုမှာမဟုတ်ပဲ သူ့မိဘတွေကပဲ သူ့ကိုလာကြိုမယ်လို့ ထင်ခဲ့ကြောင်းကိုလည်း အေဘီစီသတင်းဌာနဲ့ တွေ့ဆုံရာမှာ ပြောခဲ့ပါတယ်။

ကျောက်ဂူနံရံက ကျလာတဲ့ရေတွေကို သောက်ပြီးအသက်ရှင်ခဲ့တယ်လို့လည်း အသက် ၁၁ နှစ်အရွယ် တီတာက ပြောပါတယ်။ ဂူဟာ မှောင်မည်းပြီး ကြောက်စရာကောင်းတယ်လို့လည်း သူက ထပ်ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆေးရုံမှာတွေ့ရတဲ့ တောဝက်ဘောလုံးအသင်း

ဂူထဲမှာ ပိတ်မိနေချိန်က သူတို့ရဲ့နည်းပြ အေ့ကဖွန်းက သူ့ကိုအနားမှာခေါ်ထားပြီး စိတ်ဓါတ်မကျအောင် အားပေးစကားတွေ ပြောခဲ့တယ်လို့လည်း တီတာက ပြောပါတယ်။

ဇူလိုင် ၁၈ ရက် ညနေပိုင်းမှာတော့ တီတာနဲ့ ကျန်တဲ့တောဝက်ဘောလုံးအသင်းသားတွေနဲ့ သူ့တို့ရဲ့ နည်းပြပါ ဆေးရုံကဆင်းပြီး အိမ်ပြန်နိုင်ကြပါပြီ။ သူတို့ဟာ မိသားစုတွေနဲ့လည်း ပြန်လည်ဆုံစည်း ခဲ့ကြပါပြီ။

ဓာတ်ပုံ မူပိုင် AFP
Image caption တောဝက်ဘောလုံးအသင်း

ဆေးရုံကမဆင်းခင်မှာတော့ သူတို့ရဲ့ဂူထဲက အတွေ့အကြုံတချို့ကို မီဒီယာတွေကို ရှင်းလင်းပြောခဲ့ပါတယ်။ ဒါပေမယ့် သူတို့တွေ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေမယ့် မေးခွန်းတွေကိုတော့ ဆရာဝန်နဲ့ ထိုင်းတာဝန်ရှိသူတွေက မီဒီယာတွေကို မေးမြန်းခွင့် မပြုခဲ့ပါဘူး။

ဂူအပြင် ပြန်ထွက်နိုင်အောင် နည်းပြက ရေငုပ်ပြီး ထွက်ပေါက်ရှာတဲ့အကြောင်း၊ အပေါက်ဖောက်ပြီး ကြိုးစားခဲ့တဲ့ အကြောင်းတွေကိုလည်း သူတို့က မီဒီယာကို ပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မယ်ဆိုင်မြို့က ထမ့်လွန်ဂူ

နောက်ဆုံး မအောင်မြင်တော့ လာကယ်တဲ့လူကို စောင့်နေခဲ့ရတဲ့ အကြောင်းကိုလည်း သူတို့တွေက ပြောပြခဲ့ပါတယ်။

ဂူထဲမှာပိတ်မိနေချိန် ပထမ ရက်ပိုင်းတွေမှာတော့ အားရှိခဲ့ပေမယ့် လေးရက်မြောက်နေ့မှာတော့ အားကုန်လာပြီး ခန္ဓာကိုယ်ပိုင်းမှာ ခံစားလာရတယ်လို့လည်း ပြောပါတယ်။ အဲဒီနောက်ပိုင်းမှာ နည်းပြဖြစ်သူက သူတို့ကို စိတ်တည်ငြိမ်အောင်ဖို့ စောင့်ရှောက်ခဲ့တယ်လို့ ရှင်းလင်းပွဲမှာ ငပြေပါတယ်။

တောဝက်ဘောလုံးအသင်းသား ၁၂ ယောက်နဲ့ သူတို့နည်းပြဟာ ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်မြို့က ထမ့်လွန်ဂူထဲမှာ ၁၈ ရက်ကြာ ပိတ်မိခဲ့ပါတယ်။ သူတို့ ဂူထဲမှာ ပိတ်မိခဲ့တာ ၉ ရက်မြောက်နေ့ဖြစ်တဲ့ ဇူလိုင် ၂ ရက်မှာတော့ ဗြိတိရေငုပ်သမားက ရှာတွေ့ခဲ့တာပါ။

ဆက်စပ် အကြောင်းအရာများ