ရုရှားအေးဂျင့်သုံး အာရုံကြော အဆိပ်မိသူ ဆေးရုံမှဆင်း

ဓာတ်ပုံ မူပိုင် AFP
Image caption ဆေးရုံမှ ဆင်းခွင့်ရတဲ့ ချာလီရိုလေ

ရုရှား အေးဂျင့်တွေ သုံးလေ့သုံးထရှိတဲ့ အာရုံထိခိုက်စေတဲ့ အဆိပ် မိခဲ့တဲ့ ချာလီရိုလေဟာ သုံးပတ်ကြာ ဆေးရုံမှာ ကုသခံယူခဲ့ပြီးနောက် ဆေးရုံကနေ ဆင်းခွင့်ရရှိခဲ့ပါပြီ။

ကြောက်မက် ဆိုးရွားလှတဲ့ အတွေ့အကြုံကိုတွေ့ရလိမ့်မယ်လို့ ကျွန်တော်တို့အနေနဲ့ တခါမှ စိတ်မကူးခဲ့ဖူးဘူးလို့ ဆော်(စ်)ဘရီခရိုင်ဆေးရုံကနေ သူဆင်းခွင့်ရခဲ့တဲ့ အခြေအနေရောက်လာတဲ့အထိ ကြုံတွေ့ခဲ့ရပုံကို ဆေးရုံအာဏာပိုင်တွေက ပြောပါတယ်။

မစ္စတာရိုလေနဲ့ သူ့ရဲ့ အဖော်ဖြစ်တဲ့ အသက် ၄၄ နှစ်အရွယ် ဒေါင်းစတာဂျတ်စ် တို့ဟာ အိမ်းစဘရီမှာရှိတဲ့ မစ္စတာရိုလေရဲ့ အိမ်မှာ ဇွန်လ ၃၀ ရက်နေ့က လဲကျနေခဲ့တာ ဖြစ်ပြီး အာရုံထိခိုက်စေတဲ့ အဆိပ်ထည့်ထားတဲ့ ပုလင်းကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

မစ္စတာဂျတ်စ် ကတော့ သေဆုံးသွားခဲ့ပါတယ်။

မစ္စတာရိုလေရဲ့ ခန္ဓာထဲ စိမ့်ဝင်နေတဲ့ ရေဒီယိုသတ္တုကြွဓာတ်ပစ္စည်းတွေကို ဖယ်ရှားပစ်နိုင်ခဲ့ပြီး အာရုံကြောထိခိုက်စေတဲ့ အဆိပ်တွေဟာ သူ့ကို ဆက်ပြီး သက်ရောက်မှုရှိစေတော့မှာမဟုတ်ဘူးလို့ ဆေးရုံရဲ့ ဒါရိုက်တာဖြစ်တဲ့ လော်နာ ဝီကင်ဆန်က ပြောပါတယ်။

ဆလစ်ဘူရီ ဒေသဆေးရုံမှာ Novichok လို့ခေါ်တဲ့ အာရုံကြောထိခိုက်စေတဲ့ အဆိပ်မိခဲ့သူ ၅ ဦးကိုပဲ ကုသပေးခဲ့ဖူးတာပါ။

ဓာတ်ပုံ မူပိုင် Metropolitan- Police
Image caption ဇွန်လ ၃၀ ရက်နေ့မှာ သေဆုံးခဲ့တဲ့ Dawn Sturgess

ဆေးရုံမှ ဆင်းခွင့်ရတဲ့ မစ္စတာရိုလေအနေနဲ့ သူ့ပတ်ဝန်းကျင်က လူ့အဖွဲ့အစည်းကို တစုံတရာ ထိခိုက်စေတာမျိုးတွေ ဖြစ်စေမှာ မဟုတ်ဘူးလို့ အင်္ဂလန်ရဲ့ လူထုအခြေပြု ကျန်းမာရေး စောင့်ရှောက်မှု ဆေးပညာဆိုင်ရာ ဒါရိုက် ပေါလ်ကောစ့်ဖိုဒ့်က ပြောပါတယ်။

လူတွေအနေနဲ့ ဆေးထိုးအပ်တွေ ၊ အပ် ၊ အလှကုန်ပစ္စည်းတွေနဲ့ ရည်ရွယ်ချက်ရှိရှိလုပ်ထားတဲ့ ပလပ်စတစ်ပစ္စည်းတွေနဲ့ ဖန် ပစ္စည်းတွေကို အရမ်းအရမ်းမကောက်ကိုင်ကြဖို့လည်း ထပ်လောင်းသတိပေးထားပါတယ်။

အခုလို အဆိပ်မိခဲ့မှုဟာ ရုရှားစပိုင်ဟောင်းတဦးဖြစ်တဲ့ ဆာဂျီစကာပယ်နဲ့ သူ့သမီး တို့ တိုက်ခိုက်ခံရမှုနဲ့ ဆက်စပ်နိုင်တယ်ဆိုတဲ့ ယူဆခံရမှုတွေလည်း ရှိနေတာပါ။

မစ္စတာ စကာပယ်နဲ့ သူ့သမီးတို့ဟာ စလစ်ဘူရီဒေသမှာပဲ လဲကျနေခဲ့မှု ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။

အဲဒီကိစ္စအတွက် ဗြိတိန်အစိုးရဟာ ရုရှားကို အပြစ်တင်ခဲ့ပြီး ရုရှားကတော့ သူတို့လုပ်တာ မဟုတ်ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။

Image caption စကာပယ်တို့ သားအဖ

ဆက်စပ် အကြောင်းအရာများ