ကျူးဘားအခြေခံဥပဒေ ပြင်ဆင်ရေးဆွေးနွေး

ဓာတ်ပုံ မူပိုင် AFP
Image caption အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် အမျိုးသားညီလာခံ ကျင်းပဆွေးနွေး

ကျူးဘားအခြေခံဥပေဒကို ပြင်ဆင်ရေးအတွက် ကိုယ်စားလှယ်တွေ ငြင်းခုံဆွေးနွေးမှုတွေ အကြီးအကျယ်လုပ်နေပါတယ်။

ကွန်မြူနစ်အစိုးရအုပ်ချုပ်တဲ့ ကျူးဘားမှာ အခုအခါ ပုဂ္ဂလိက ပိုင်ဆိုင်မှုကို ပထမဆုံးအကြိမ်အဖြစ် အသိအမှတ်ပြုလက်ခံတော့မှာဖြစ်ပါတယ်။

ဒါပေမယ့် ဗဟိုကချမှတ်တဲ့ စီမံကိန်း စနစ်နဲ့ နိုင်ငံပိုင်လုပ်ငန်းတွေဟာ စီးပွားရေးရဲ့ သော့ချက်အဖြစ် ဆက်ရှိနေဦးမှာဖြစ်ပါတယ်။

သမ္မတသက်တမ်းကိုလည်း သတ်မှတ်ကန့်သတ်တော့မှာ ဖြစ်သလို လိင်တူချင်း လက်ထပ်တာကိုလည်း ဥပဒေက ခွင့်ပြုသွားဖို့ရှိပါတယ်။

လိင်တူချင်းလက်ထပ်ခွင့်နဲ့ ပတ်သက်ပြီး နိုင်ငံတော်ကောင်စီ အတွင်းရေးမှူး ဟိုမီရို အာကော့စ်တာက တန်းတူရေး၊တရားမျှတရေး၊ လူသားဆန်ရေး မူတွေအရ လူနှစ်ယောက်အကြား လပ်ထပ်တာဟာ တရားမျှတတယ်ထင်ကြောင်း ဒါနဲ့ပတ်သက်ပြီးသူတို့ အများကြီးဆွေးနွေး ဆုံးဖြတ်ခဲ့ကြောင်း ပြောပါတယ်။

စီးပွားရေး အပြောင်းအလဲကို စတင် အဆိုပြုခဲ့သူက သမ္မတဟောင်း ရာအူးလ် ကာ့စ်ထရိုဖြစ်ပါတယ်။ သူဟာ သူ့အစ်ကို တော်လှန်ရေးခေါင်းဆောင် ဖီဒယ်လ် ကာ့စ်ထရိုရဲ့ အရိုက်အရာကို ဆက်ခံခဲ့သူဖြစ်ပါတယ်။

ကျူးဘားမှာ ဆိုရှယ်လစ်မူအရ အစိုးရအဖွဲ့ဝင်တွေအားလုံး ကိုယ်စားလှယ်အားလုံးဟာ အရွေးကောက်ခံတွေ ဖြစ်ရပါတယ်။ အခုကိုယ်စားလှယ်တွေက အခြေခံဥပဒေပြင်ဆင်ရေးကို ဆွေးနွေးနေကြတာဖြစ်ပြီး သူတို့သဘောတူရင် အတည်ဖြစ်တော့မှာပါ။