နယူးယောက်မှာ မြန်မာအမျိုးသမီး အသတ်ခံရ

ဓာတ်ပုံ မူပိုင် City Life Buffalo Facebook
Image caption အလောင်းသယ်ထုတ်သွားပုံကို City Life Buffalo ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ တွေ့ရစဉ်

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ဘရွတ်ကလင်း အရပ်မှာ နေထိုင်တဲ့ မြန်မာအမျိုးသမီး သူနာပြု ဆရာမ အသတ်ခံခဲ့ရပါတယ်။

အသက် ၅၈ နှစ် ရှိပြီ ဖြစ်တဲ့ ဒေါ်ကြည်မာသိန်းရဲ့ အလောင်းကို သူ့နေအိမ် တိုက်ခန်းရဲ့ ဘီရိုထဲမှာ ဇူလိုင် ၂၁ ရက်နေ့က ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့ ကတည်းက အလုပ်ဆင်းဖို့ ပျက်ကွက်ခဲ့တဲ့ ဒေါ်ကြည်မာသိန်းကို SUNY Downstate Medical Center မှာ အတူလုပ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေက ရဲကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် News 24 Brooklyn
Image caption အသတ်ခံရသူရဲ့ နေအိမ်တိုက်ခန်းရှေ့ မြင်ကွင်းကို News 24 Brooklyn သတင်းဌာနက ဗီဒီယိုမှာ တွေ့မြင်ရပုံ

သူ့နေအိမ် အိပ်ခန်းအတွင်း ဗီရိုထဲမှာ ခြေလက်တွေကို တုပ်နှောင်ထားပြီး အိပ်ယာခင်း နဲ့ အလောင်းကို ထုပ်ပိုးထားတာကို ရဲက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အလောင်းကို ခွဲစိတ် စစ်ဆေးအုံးမှာမို့ သေမှုသေခင်းကို ရဲက မထုတ်ပြန်သေးသလို မသင်္ကာဖွယ် ဖမ်းဆီး စစ်ဆေးတာတွေ မလုပ်သေးပါဘူး။

အခု အသတ်ခံရတဲ့ ဒေါ်ကြည်မာသိန်းဟာ ကွယ်လွန်သူ ဒုတိယ ဗိုလ်မှူးကြီး ဖေသိန်းနဲ့ ရောဂါ ရှာဖွေရေး ပါရဂူ ဒုတိယ ဗိုလ်မှူးကြီး မာရီအုံး တို့ရဲ့ သမီးကြီး ဖြစ်ပြီး ကလေး အထူးကု ပါရဂူ ဗိုလ်မှူး ဇေယျကျော် ရဲ့ မိခင်လည်း ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ