IS နှစ်ယောက်ကို သေဒဏ် ချရင် ဗြိတိန် တားမြစ်မှာ မဟုတ်

Image caption အလက်ဇန်းဒါး ကိုတေး နဲ့ အယ်လ် ရှက် ဖီး အယ်လ် ရှိတို့ နှစ်ယောက် ဟာ လန်ဒန် အနောက်ဘက် ပိုင်းမှာ ကြီးပြင်း ခဲ့ကြသူ

အစ္စလမ်မစ် နိုင်ငံ IS အဖွဲ့ က ထုတ်ပြန်တဲ့ ဝါဒ ဖြန့်ချီရေး ဗီဒီယို တွေထဲမှာ ခေါင်းဖြတ် သတ်ဖြတ်မှုတွေ လုပ်ခဲ့ကြသူတွေလို့ ဆိုထားတဲ့ ဗြိတိန် နိုင်ငံသား နှစ်ယောက် ကို အမေရိကန် က သေဒဏ် ပြစ်ဒဏ် စီရင်မယ် ဆိုရင် ဗြိတိန် အနေနဲ့ ဟန့်တား မှုတွေ လုပ်မှာ မဟုတ်ဘူး လို့ ဆိုပါတယ်။

ဇူလိုင်လ ၂၂ ရက်နေ့က အမေရိကန် တရားရုံးချုပ် တရားသူကြီး ဂျက်ဖ် ဆက်ရှင် ဆီကို ရေးသား ပေးပို့ တဲ့ စာထဲမှာ ဗြိတိန် ပြည်ထဲရေး ဝန်ကြီး ဆာဂျစ် ဂျာဗစ် က အခုလိုမျိုး ပြောဆို ခဲ့တာ ဖြစ်ပါတယ်။

နောက်ပြီး သူက သေဒဏ် ပြစ်ဒဏ် စီရင်မှုကို ထောက်ခံ အားပေးခြင်း မလုပ် ပေမယ့် အမေရိကန် အနေနဲ့ IS အဖွဲ့ က ခေါင်းဖြတ်သူတွေ လို့ ဆိုသူတွေကို သေဒဏ် ပြစ်ဒဏ် ချမှတ်ခြင်း မလုပ်ပါဘူး ဆိုတဲ့ သေချာတဲ့ အာမခံချက် ကို တောင်းခံဖို့ မရှိဘူး လို့လည်း ပြောဆို သွားခဲ့ပါတယ်။

ဒီကိစ္စ ကို ဗြိတိန် ဝန်ကြီးချုပ် ရုံး ဘက် ကလည်း သိရှိကြောင်း သတင်းတွေ ထွက်ပေါ် နေပါတယ်။

အိုင်အက်စ် ရဲ့ ဖမ်းဆီးမှု ကို ခံခဲ့ ရတဲ့ လူတွေကို ခေါင်းဖြတ် သတ်ဖြတ်မှုတွေ လုပ်ခဲ့ကြတဲ့ သူတွေ နှစ်ယောက် လို့ ပြောဆို နေကြတဲ့ အလက်ဇန်းဒါး ကိုတေး နဲ့ အယ်လ် ရှက် ဖီး အယ်လ် ရှိတို့ နှစ်ယောက် ဟာ လန်ဒန် အနောက်ဘက် ပိုင်းမှာ ကြီးပြင်း ခဲ့ကြသူတွေပါ။

သူတို့ နှစ်ယောက် ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ တုန်း က အမေရိကန် ကျော ထောက် နောက်ခံ ပေးထားတဲ့ ဆီးရီးယား သူပုန် အဖွဲ့ က ဖမ်းဆီး ရမိ ခဲ့တာ ဖြစ်ပါတယ်။

အိုင်အက်စ် က ထုတ်ပြန်တဲ့ ဗီဒီယိုတွေထဲမှာ သူတို့ ရဲ့ အင်္ဂလိပ်စကား ပြော လေယူ လေသိမ်း ကြောင့် သူတို့ အဖွဲ့ ကို ဗြိတိန် ရဲ့ နာမည်ကျော် တေးဂီတ ဝိုင်း တစ်ခု ဖြစ်တဲ့ ဘီတဲလ် ဆိုပြီး လူတွေက မှည့်ခေါ် ခဲ့ကြတာ ဖြစ်ပါတယ်။

Image caption အင်္ဂလိပ်စကား ပြော လေယူ လေသိမ်း ကြောင့် သူတို့ အဖွဲ့ ကို ဗြိတိန် ရဲ့ နာမည်ကျော် တေးဂီတ ဝိုင်း တစ်ခု ဖြစ်တဲ့ ဘီတဲလ် ဆိုပြီး လူတွေက မှည့်ခေါ် ခဲ့

အဲဒီ အဖွဲ့ ထဲက ဂျီဟက်ဒီ ဂျွန် လို့ လူသိများတဲ့ မိုဟာမက် အမ်ဝါဇီ ကတော့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ အမေရိကန် က လုပ်တဲ့ လေကြောင်း တိုက်ခိုက်မှု အတွင်းမှာ သေဆုံး ခဲ့ပြီး ဖြစ်ပါတယ်။

အိုင်အက်စ် အဖွဲ့ရဲ့ ဓါးစားခံ အဖြစ် ဖမ်းဆီး ခံခဲ့ရတဲ့ အမေရိကန် အပါအဝင် အနောက် နိုင်ငံက သတင်းထောက်တွေ၊ လူမှု အကူအညီပေးရေး အဖွဲ့ က ဝန်ထမ်းတွေ စုစုပေါင်း လူ ၂၇ ယောက် ကို အိုင်အက်စ် ဘီတဲလ် အဖွဲ့က ခေါင်းဖြတ် သတ်ဖြတ် ခဲ့ကြ ကြောင်း သတင်းတွေမှာ ဖော်ပြ ပါတယ်။

ဗြိတိန် အစိုးရ အနေနဲ့ သူတို့ ရဲ့ နိုင်ငံသား ဖြစ်မှု ကို ရုပ်သိမ်း ခဲ့တဲ့ အတွက် သူတို့ အနေနဲ့ အမေရိကန် ရဲ့ မျှတတဲ့ တရားစီရင်မှု ရရှိမှု မဟုတ်ဘူး ဆိုပြီးတော့ အစောပိုင်း တုန်းက သတင်း ဌာန တခု နဲ့ တွေ့ဆုံ ခဲ့ရာမှာ ဒီ နှစ်ယောက် က ပြောဆို ထားပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption အမေရိကန် ကျောထောက်နောက်ခံ ဆီးရီးယား သူပုန် အဖွဲ့က သူတို့ ကို ဖမ်းပေးခဲ့

အမေရိကန် အနေနဲ့ အိုင်အက်စ် အဖွဲ့ဝင်တွေ အဖြစ် ဖမ်းဆီး ရမိ သူတွေကို ဂွာတာနာမို အကျဉ်းထောင် ကို ပို့လေ့ ရှိပြီး အဲဒီမှာ တရားစီရင် ခြင်း မလုပ်ဘဲ ဖမ်းဆီး ချုပ်နှောင် ထားလေ့ ရှိပါတယ်။

အခု အချိန်အထိ အလက်ဇန်းဒါး ကိုတေး နဲ့ အယ်လ် ရှက်ဖီး အယ်လ်ရှိ တို့ ကို စစ်ဆေး နေမှု က ပြီးဆုံးခြင်း မရှိသေးပါဘူး။ သူတို့ ကို လည်း ဂွာတာ နာမို ကို ပို့ဆောင် နိုင်တယ်ဆိုပြီး သတင်းတွေ ထွက်ပေးနေပါတယ်။

ဗြိတိန် နိုင်ငံသား ဖြစ်ဖူး ခဲ့ကြသူ နှစ်ယောက် ကို ဂွာတာ နာမို အကျဉ်းထောင် ကို ပြောင်းရွှေ့ မယ် ဆိုရင်တော့ ဗြိတိန် အနေနဲ့ သူတို့ နှစ်ယောက် နဲ့ ပတ်သက်တဲ့ သတင်း အချက် အလက်တွေကို ထုတ်ပေးမှာ မဟုတ်ဘူး လို့တော့ ပြောဆို နေပါတယ်။

ပြည်ထဲရေး ဝန်ကြီး ရဲ့ စာ ဟာ သာမန်ထက် ထူးခြား တယ်လို့ အကြမ်းဖက် သမားတွေ နဲ့ ပတ်သက်တဲ့ တရားဥပဒေ တွေကို ပြန်လည် သုံးသပ် ရတဲ့ လွတ်လပ်စွာ စုံစမ်း စစ်ဆေးရေး တရားသူကြီး တစ်ယောက် ဖြစ်တဲ့ လော့ဒ် ကာလိုင်း က ပြောပါတယ်။

သေဒဏ် ပြစ်ဒဏ်စီရင်လေ့ ရှိတဲ့ နိုင်ငံတွေကို ဗြိတိန် အနေနဲ့ တရားခံတွေ ကို လွှဲအပ်လေ့ မရှိပါဘူး။ ပြည်ထဲရေး ဝန်ကြီး အနေနဲ့ ညှိနှိုင်း တိုင်ပင်ခြင်း မရှိဘဲ တဖက်သက် ပြောင်းလဲ ခဲ့ပြီး ဒါကို ဝန်ကြီးချုပ် ကလည်း အတည်ပြု ခဲ့မယ် ဆိုရင်တော့ ဒါက အတော့် ကို အံ့အား သင့်ဖို့ ကောင်းတယ်လို့ သူက ဆိုပါတယ်။

လက်ရှိ ပြည်ထဲရေး ဝန်ကြီးချုပ် ရေးသား ပြောဆိုမှု ဟာ လူ့အခွင့်အရေး ချိုးဖောက် လိုက်တာ ဖြစ်ပြီးတော့ ဗြိတိန် က ဆန့်ကျင်နေတဲ့ သေဒဏ် ပြစ်ဒဏ် စီရင်မှု ကို ထောက်ခံ အားပေးတာ ဖြစ်တယ်လို့ အတိုက်အခံ လေဘာပါတီရဲ့ ရှဲဒိုး ပြည်ထဲရေး ဝန်ကြီး အဖြစ် တာဝန် ယူထား တဲ့ ရှာမိ ချက်ကရာဘာတီ ကလည်း ပြစ်တင် ဝေဖန် လိုက်ပါတယ်။

၂၀၁၄ ခုနှစ်တုန်း က အိုင်အက်စ် အဖွဲ့ ရဲ့ ခေါင်းဖြတ် သတ်ဖြတ်မှု ကို ခံလိုက်ရတဲ့ အမေရိကန် သတင်းထောက် ဂျိမ်းစ် ဖိုးလေး ရဲ့ မိခင် ဖြစ်သူ ဒိုင်ယန် ဖိုးလေး ကတော့ ဒီ နှစ်ယောက် သေဒဏ် အပြစ် ပေးလိုက် တာ ဟာ

အိုက်အက်စ် ရဲ့ အာဇာနည်တွေ လို့ သတ်မှတ် လိုက်တာ မျိုး ဖြစ်သွား နိုင်တယ်လို့ ဆိုပါတယ်။ သေဒဏ် ထက် စာရင် ထောင် ဒဏ် ချမှတ်ပြီး သူတို့ ကျူးလွန် ခဲ့တဲ့ ပြစ်မှုတွေကို ဝန်ခံ ခိုင်း တာ က ပိုထိ ရောက် နိုင်မယ် လို့လည်း ဒိုင်ယန် ဖိုးလေး က ပြောဆို သွားခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
IS ရဲ့ နောက်းဆုံးစခန်းကို ချေမှုန်းတဲ့ တိုက်ပွဲ