ဂျပန်မှာ စံချိန်တင် အပူချိန် မြင့်တက်

Image caption ကလေးသူငယ် နဲ့ သက်ကြီး ရွယ်အိုတွေကို အဓိက ထား စောင့်ရှောက်ပေး နေရ

ဂျပန် နိုင်ငံ မှာ စံချိန်တင် အပူချိန် မြင့်တက်မှုတွေ ဖြစ်ပေါ် နေတာကြာင့် အန္တရာယ်ကင်း ဘေးရှင်း ရေး အတွက် အစိုးရ တာဝန် ရှိသူတွေက သတိပေး ချက်တွေ ထုတ်ပြန် ထားပါတယ်။

မြင့်မားတဲ့ အပူချိန် ကြောင့် ဖျားနာမှုတွေ ဖြစ်ပေါ် နေပြီး အနည်းဆုံး လူ ၁၅ ဦး ကနေ ၄၀ လောက် အထိ ကို သေဆုံး ခဲ့ကြရတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့အနီးက Kumagaya မှာ အပူချိန်က ၄၁. ၁ ဒီဂရီ စင်တီဂရိတ် ရောက်ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်က နိုင်ငံမှာ မှတ်တမ်းတင်ထားတဲ့ အမြင့်ဆုံး အပူချိန် ၄၁ ဒီဂရီ စင်တီဂရိတ်ကို ကျော်လွန်သွားပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အရပ်အာဝါသ အောက်မှာ ပဲ နေ့ဖို့ တိုက်တွန်း နေရ

ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ဂျပန်နိုင်ငံမှာ အပူလှိုင်းဖြတ်ခဲ့တာကြောင့် နိုင်ငံတဝန်း အပူချိန်တွေ မြင့်တက်ခဲ့ပြီး ထောင်နဲ့ချီတဲ့လူတွေကို ဆေးရုံကို တင်ပို့ ကုသ ခဲ့ရပါတယ်။

အပူချိန် မြင့်မား နေတာကြောင့် အရိပ်အာဝါသ အောက်မှာ နေထိုင်ကြဖို့၊ ရေများများ သောက်ကြဖို့၊ ပြင်းထန်တဲ့ ကိုယ်လက် လေ့ကျင့်မှုတွေ မလုပ်ကြဖို့ ဂျပန် ဘေး အန္တရာယ် ကာကွယ်ရေး အဖွဲ့ ကြီး က ဆော်ဩ နေပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ယိုကိုဟားမား က ရေလောင်းပွဲ

မြို့တော် တိုကျိုက ယိုကိုဟားမား ဒေသမှာ အူချီမီဇူ လို့ ခေါ်ကြတဲ့ ရေ လောင်းတဲ့ ပွဲ တော် မျိုး ကိုလည်း ရည်ရွယ်ချက် ရှိရှိ နဲ့ ကျင်းပ နေရတယ်လို့ တာဝန် ရှိသူတွေ က ပြောပါတယ်။

ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ် တွေတုန်း ကလည်း ရေကြီးမှု တွေကြောင့် လူ ၂၀၀ သေဆုံးခဲ့ပြီးတဲ့နောက်မှာ အခုလို အပူချိန်တွေ ထပ်မံ မြင့်တက် နေတာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဂျပန် ရေကြီး မြေပြိုမှု လူ ၁၀၀ ကျော် သေဆုံး