ရေအိုင်ရှိနေတဲ့ အင်္ဂါဂြိုဟ်မှာ သက်ရှိရော ရှိနေလား

အီတလီ
ဓာတ်ပုံ ပုံစာ,

အီတလီ အာကာသ သိပ္ပံပညာရှင်တွေ

မားစ်လို့ခေါ်တဲ့ အင်္ဂါဂြိုဟ်မှာ ရေရှိနေတဲ့ သက်သေ အထောက်အထားတွေကို သိပ္ပံပညာရှင်တွေ တွေ့ရှိလာပြီ ဖြစ်ပါတယ်။

အရည်ပုံစံ အခြေအနေမျိုးမှာကို ရှိနေတဲ့ ရေအိုင်တစ်ခု မားစ်ပေါ်မှာ လက်ရှိ တည်ရှိနေတယ် ဆိုပြီး သိပ္ပံပညာရှင်တွေ ပြောလာတာပါ။

အီတလီ အာကာသ အေဂျင်စီ အဖွဲ့က သိပ္ပံပညာရှင်တွေက မားစ်အိတ်ဇ်ပရက်စ် ဆိုတဲ့ ဂြိုဟ်တုကနေ ရိုက်ကူးပေးပို့ လိုက်တဲ့ ဓာတ်ပုံတွေကို ဆန်းစစ် ခဲ့ကြပါတယ်။

အင်္ဂါဂြိုဟ်ရဲ့ ရေခဲဝင်ရိုးစွန်းနေရာကို ရိုက်ကူးထားတဲ့ ပုံတွေဖြစ်ပြီး အဲဒီ ရေခဲ မျက်နှာပြင်အောက် အရှည် ၁၂ မိုင်ခွဲ နီးပါး ရှိတဲ့ ရေအိုင် ရှိနေတယ်လို့ အဲဒီ သိပ္ပံပညာရှင် အဖွဲ့က ပြောလာတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ပုံစာ,

ရေရှိနေတယ်ဆိုရင် သက်ရှိရော ရှိနေမလား

အရင်က တွေ့ရှိ ထားသမျှဟာ အင်္ဂါဂြိုဟ်ပေါ်မှာ ရေဟာ အေးခဲနေတဲ့ အစိုင်အခဲ အခြေအနေမျိုးမှာ ရှိတယ်ဆိုတဲ့ အချက်နဲ့ ၊ တခါ ရေဟာ အချိန်မရွေး အမြဲတမ်း ရှိနေနိုင်တာ မဟုတ်ဘဲ ကာလအပိုင်းအခြား တစ်ခုမှာပဲ တည်ရှိနိုင်တယ် ဆိုပြီး မှတ်ယူ ထားခဲ့ရပါတယ်။

ဒါ့ကြောင့် အခု တွေ့ရှိချက်ဟာ အင်မတန် ထူးခြားတယ်လို့ ပြောရမှာပါ။

အခု ရေအိုင်ကတော့ အရည် အခြေအနေနဲ့ အမြဲ တည်ရှိနေတဲ့ အိုင်ဖြစ်နေလို့ အင်မတန် စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ တွေ့ရှိချက်၊ အင်မတန် အရေးကြီးတဲ့ တွေ့ရှိချက်ပဲ ဆိုပြီး အီတလီ အာကာသ အေဂျင်စီအဖွဲ့ရဲ့ အကြီးအကဲ ရိုဘတ်တို ဘတစ်တန်က ဆိုပါတယ်။

ဓာတ်ပုံ ပုံစာ,

အင်္ဂါဂြိုဟ်ခရီးစဉ်တွေအတွက် အားတက်စဖွယ်

ဓာတ်ပုံ ပုံစာ,

လေထုနဲ့ ရေပြင် ကွယ်ပျောက် ခဲ့ရတဲ့ အင်္ဂါဂြိုဟ်

"လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၃ ထောင် လောက်က အင်္ဂါဂြိုဟ်ပေါ်မှာ ရေတွေနဲ့ပြည့် နေရာက အကြောင်း တစုံတရာကြောင့်အင်္ဂါဂြိုဟ်ရဲ့ လေထုနဲ့ ရေ ကွယ်ပျောက် သွားခဲ့တယ်။ ရေခဲ အဖြစ် ရှိနေသေးတာတော့ တွေ့လာရပြီး အခုလို မြေအောက် ရေအိုင်ကိုပါ တွေ့လာရတော့ ရေရှိရင် သက်ရှိလည်း ရှိနိုင်တဲ့ အတွက် အင်မတန် စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ တွေ့ရှိချက် ဖြစ်တယ်" လို့ မစ္စတာ ဘတစ်တန်က ပြောပါတယ်။

ကမ္ဘာ့အပြင်ဘက်မှာ သက်ရှိ ရှိနေကြောင်း တွေ့လာရပြီ ဆိုရင်တော့ ဒါ အရပ်စကားနဲ့ ဆိုရင် ဂြိုဟ်သား ရှိကြောင်း သက်သေပြသနိုင်မှာ ဖြစ်ပါတယ်။

အခုတွေ့လာရတဲ့ အင်္ဂါဂြိုဟ်ရဲ့ ရေအိုင်မှာ သက်ရှိ တည်ရှိ နေနိုင်ဖို့ အခွင့်အလမ်းက ဘယ်လောက် ရှိနေပါသလဲ။

ဓာတ်ပုံ ပုံစာ,

အနှုတ် ၁ဝ ကနေ အနှုတ် ၃ဝ ဆဲလ်ဆီးယပ်စ် အထိ အေးခဲနေတဲ့ ဝင်ရိုးစွန်း ရေခဲပြင်

အခု ရေအိုင်ရဲ့ အပေါ်မျက်နှာပြင်ဟာ အနုတ် ၁ဝ ကနေ အနုတ် ၃ဝ ဆဲလ်ဆီးယပ်စ် အထိ အေးခဲနေတဲ့ ဝင်ရိုးစွန်း ရေခဲပြင် ဖြစ်ပါတယ်။

ဒီလို အခြေအနေမှာ ဒီမြေအောက် ရေအိုင်အဖြစ် အရည်အခြေအနေမှာ ရှိနေနိုင်တာဟာ ဆားပျော်ဝင် ပါရှိနှုန်း အင်မတန် များနေလို့ ဖြစ်နိုင်တယ်လို့ ယူကေနိုင်ငံ စိန့်အင်ဒရူးစ် တက္ကသိုလ်က သိပ္ပံပညာရှင် ဒေါက်တာ ကလဲစ် ကာဆင်စ်က ဘီဘီစီကို ပြောပါတယ်။

ဒါဆိုရင်တော့ အဲဒီလို ဆားရည်တွေမှာ သက်ရှိ နေနိုင်ဖို့တော့ ခက်တယ်လို့ လည်း ဒေါက်တာ ကလဲစ် ကာဆင်စ်က ပြောပါတယ်။

ဒါပေမယ့်လည်း အခုတွေ့ရှိမှုဟာ အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိတွေ ရှိခဲ့နိုင်တယ်၊ ဒါမှမဟုတ် ရှိနေနိုင်သေးတယ် ဆိုတဲ့ ယူဆချက်တွေကို ပိုပြီး အားကောင်းလာစေပါတယ်။

ဒါ့ကြောင့်လည်း အရည်တွေကို လက်ဝယ် ရယူ စမ်းသပ်မှုတွေ ပြုလုပ်ဖို့ အင်္ဂါဂြိုဟ်ကို အရောက်ပို့မယ့် လူမဲ့ အာကာသ ယာဉ်ပျံ ခရီးစဉ်တွေကို နိုင်ငံတကာက ပိုပြီး အားကြိုး မာန်တက် ပြုလုပ်လာ နိုင်ပါတယ်။

လေထဲမှာ ပျံဝဲရင်းသား ရေခဲမျက်နှာပြင်ကို အပေါက်ဖောက် နိုင်စွမ်းတဲ့ ယာဉ်ပျံမျိုး ရလာအောင်လည်း ကမ္ဘာသူကမ္ဘာသားတွေ ကြိုးစား ရဦးမှာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ,

အမေရိကန်တွေ လပေါ် ပြန်သွားဖို့ စီစဉ်