ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်ခဲ့တဲ့ ရှို့မီးကြောင့် ဖြစ်နိုင်

Image caption ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်ဆောင် ခဲ့တဲ့ ရှို့မီးကြောင့် ဖြစ်နိုင် တယ်လို့ ဂရိ နိုင်ငံသားများ အကာအကွယ်ပေးရေး ဝန်ကြီး ဌာန ဝန်ကြီး က ဆို

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက် တနင်္လာနေ့က ဂရိ နိုင်ငံ အေသင် မြို့နားမှာ တောမီး လောင်ကျွမ်းမှု ဖြစ်ပွား ခဲ့တာကြောင့် လူ အနည်းဆုံး ၈၃ ယောက် သေဆုံး ခဲ့ရပြီး ဖြစ်ပါတယ်။

ဒီ မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ရတာ က ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်ဆောင် ခဲ့တဲ့ ရှို့မီးကြောင့် ဖြစ်နိုင် တယ်လို့ ဂရိ နိုင်ငံသားများ အကာအကွယ်ပေးရေး ဝန်ကြီး ဌာန ဝန်ကြီး က ဆိုလိုက်ပါတယ်။

တနင်္လာနေ့ က ဖြစ်ပွား ခဲ့တဲ့ မီးလောင် ကျွမ်းမှု ဟာ အေသင် မြို့ အနား က မာတီ ဆိပ်ကမ်း မြို့လေးမှာ ဖြစ်ပွား ခဲ့တာပါ။

မီးလောင်မှု ကြောင့် ဒဏ်ရာ ရခဲ့သူ လူ ၆ဝ လောက် ကိုလည်း ဆေးရုံ ပေါ်မှာ ကုသနေ ရဆဲပါ။ အဲဒီ ထဲကမှ ၁၁ ယောက်ရဲ့ အခြေအနေ က စိုးရိမ် ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

နောက်ပြီး မီးလောင်မှု လျင်လျင်မြန်မြန် ကူးစက် ခဲ့ရတာ က လူတွေ ရဲ့ စည်းကမ်း မရှိမှုကြောင့် ဖြစ်တယ် ဆိုပြီးတော့လည်း ဂရိ ကာကွယ်ရေး ဝန်ကြီး မစ္စတာ ပါးနို့စ် ကန်မန့်နို့စ် က ဆိုပါတယ်။

အဲဒီ ဒေသမှာ အရင်တုန်း က စည်းမရှိ ကမ်းမရှိ လိုင်စင်မရှိဘဲ အဆောက်အအုံတွေ ဆောက်ခဲ့တာ၊ အဲဒါတွေက ကမ်းခြေ ကို ပိတ်ဆို့ ထား ခဲ့တာတွေကြောင့် မီးလောင်မှု ဖြစ်ရတာလို့ သူက ပြစ်တင် ဝေဖန် ခဲ့ပြီး ဥပဒေ တွေကို မလိုက်နာ လို့ ဒီလို အဖြစ်ဆိုး ကြီး ကြုံရတာ ဒါကို နားလည် သင့်ပြီလို့ လည်း သူက ပြောဆို ခဲ့ပါတယ်။

Image caption လူနေရပ်ကွက်ကြီး တခုလုံး လောင်ကျွမ်း ခဲ့

အဲဒီ ဒေသမှာ နေသူတွေကတော့ ကာကွယ်ရေး ဝန်ကြီးရဲ့ ပြောဆို မှု ကို လက်မခံပါဘူး။ အစိုးရ နဲ့ ကယ်ဆယ်ရေး အဖွဲ့တွေက ပစ်ထား လို့ သူတို့ အနေနဲ့ ဒီလို ကြုံတွေ့ ရတာ ဆိုပြီး ဒေါသတကြီး ပြန်လည် တုံ့ပြန် ကြပါတယ်။

ဒါ့ အပြင် မီးလောင်မှု ကြောင့် ပျောက်ဆုံးသူ အရေအတွက် က ၅၀ ကနေ ၆၀ ကြား ရှိမယ်လို့ ခန့်မှန်း နေကြပါတယ်။ သူတို့ကို ကြိုးစား ရှာဖွေ နေရဆဲပါ။

ဂရိ တာဝန် ရှိသူတွေ ကတော့ မီးလောင်မှုကြောင့် သေဆုံးသူ အရည်အတွက် ဟာ ၈၃ ယောက် အပြင် နောက်ထပ် တိုးလာ နိုင်တယ်လို့ ပြောဆို ထားကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဂရိနိုင်ငံ တောမီးပြဿနာ ဒေသခံတွေကို အပြစ်ဖို့

ဆက်စပ် အကြောင်းအရာများ