အစ္စရေးစစ်သားကို ပါးရိုက်ခဲ့တဲ့မိန်းကလေး ဆက်တိုက်ပွဲ၀င်

ဓာတ်ပုံ မူပိုင် AFP
Image caption ပါလက်စတိုင်း ဆယ်ကျော်သက် မိန်းကလေး Ahed Tamimi

အစ္စရေးစစ်သားတယောက်ကို ပါးရိုက်မှုနဲ့ ထောင်ကျခဲ့တဲ့ ပါလက်စတိုင်း ဆယ်ကျော်သက် မိန်းကလေးဟာ ထောင်က ထွက်လာပြီးနောက် နိုင်ငံတကာ မီဒီယာကို စကားပြောခဲ့ပါတယ်။

သူ့အနေနဲ့ ဂါဇာမှာ ဂျူးအခြေချ အိမ်ယာဆောက်လုပ်မှုတွေကို ဆက်လက် တိုက်ပွဲ၀င်သွားမယ်လို့ Ahed Tamimi က အနောက်ဖက်ကမ်းက ရွာမှာ ပြောကြားခဲ့ပါတယ်။

သူ့အသက် ၁၆နှစ်အရွယ် မနှစ်တုန်းက သူ့အိမ်ရှေ့ရောက်လာတဲ့ အစ္စရေး စစ်သားကို ပါးရိုက်ခဲ့တဲ့ ဗီဒီယို ကမ္ဘာတလွှားပြန့်သွားခဲ့ပြီး သူလည်း အကြမ်းဖက်မှုနဲ့ ထောင် ၈လ ချခံခဲ့ရတာ ဖြစ်ပါတယ်။

ပါလက်စတိုင်းတွေကတော့ သူ့ကို သူရဲကောင်း သဖွယ် သတ်မှတ်ခဲ့ပေမယ့် အစ္စရေး ကတော့ ပါလက်စတိုင်းအရေး တက်ကြွ လှုပ်ရှားတဲ့ သူ့မိသားစုက တမီးမီး ကို အသုံးချနေတယ်လို့ စွပ်စွဲထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အာဟတ်ဒ် တမီးမီးနဲ့ မိခင် ဖြစ်သူကို တွေ့ရစဉ်

အစ္စရေး ပါလက်စတိုင်း ဆိုင်ရာ နောက် သတင်းတပုဒ်မှာတော့ နော်ဝေ အလံတင်ထားတဲ့ သင်္ဘော တစင်း ဟာ တားမြစ် ထားတဲ့ ဂါဇာနယ်ထဲ ချိုးဖောက် ၀င်ရောက် လာတာ ကို၀င်ရောက်ဟန့်တားနိုင်ခဲ့တယ်လို့ အစ္စရေးရေတပ်က ပြောပါတယ်။

ဒီသင်္ဘောပေါ်ပါ ပါလက်စတိုင်းအရေး တက်ကြွသူတွေက ဆေးဝါး အထောက်အကူ ပစ္စည်း၀င်ပို့ဖို့ ကြိုးစားရင်း အခုလို ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ရေတပ်က ဒီသင်္ဘောကိုAshdod အစ္စရေးဆိပ်ကမ်း ဘက် ပြောင်းမောင်းခိုင်းပြီး အဲဒီကတဆင့် ကုန်တွေကိုဂါဇာဆီ ပို့ဖို့ စီစဉ်နေကြပါပြီ။

ကုလသမဂ္ဂနဲ့ တခြား လူမှုအဖွဲ့အစည်းတွေက ဂါဇာမှာ အခြေအနေပိုမိုဆိုးရွား လာနေတယ် လို့ သတိပေးထားပေမယ့် စစ်သွေးကြွတွေ လက်နက် ခိုးသွင်းမှာ စိုးတဲ့အတွက် ဂါဇာကို ဆက်ပိတ် ထားမယ်လို့ အစ္စရေးက ပြောနေပါတယ်။