ပရိသတ် ၅ သောင်းကျော် အားပေးတဲ့ ဘရစ်တနီရဲ့ ဗြိတိန်ဖျော်ဖြေပွဲ

ဓာတ်ပုံ မူပိုင် @POPQUEENBRITNEY
Image caption ပရိတ်သတ် ၅ သောင်းကျော် အားပေးတဲ့ ဘရစ်တနီရဲ့ ဗြိတိန်ဖျော်ဖြေပွဲ

ဗြိတိန်နိုင်ငံမှာ ကျင်းပတဲ့ ပေါ့ပ်ဘုရင်မ ဘရစ်တနီစပီးယားရဲ့ တေးဂီတဖျော်ဖြေပွဲကို ပရိသတ် ၅ သောင်း ၇ ထောင်က လာရောက်ကြည့်ရှုပါတယ်။

ဒီဖျော်ဖြေပွဲက ဗြိတိန်နိုင်ငံမှာ ပြုလုပ်တဲ့ LGBT ခွဲခြားဆက်ဆံမှု ပပျောက်ရေးအတွက် ပြုလုပ်တဲ့ပွဲတခုမှာ ဘရစ်တနီက လာရောက် ဖျော်ဖြေတာလည်း ဖြစ်ပါတယ်။

ထူးခြားတဲ့ ဖျော်ဖြေပွဲ ဖြစ်သလို ပရိသတ်တွေက အခုလို လာရောက်အားပေးလို့ ကျေးဇူးတင်တယ်၊ ချစ်ပါတယ်လို့ ဘရစ်တနီစပီးယားက သူရဲ့တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် EDDIE MITCHELL
Image caption ပရိတ်သတ် ၅ သောင်းကျော် အားပေးတဲ့ ဘရစ်တနီရဲ့ ဗြိတိန်ဖျော်ဖြေပွဲ

စနေနေ့က ပြုလုပ်ခဲ့တဲ့ ဒီပွဲမှာ ဘရစ်တနီရဲ့ ဖျော်ဖြေတင်ဆက်မှုတွေက အလွန်အမင်း စိတ်လှုပ်ရှားစရာကောင်းပြီး ခမ်းနားတယ်လို့ သူရဲ့ပရိသတ်တွေက ပြောဆိုပါတယ်။

ပွဲမှာ လာရောက်အားပေးသူတွေက သက်တံရောင်စုံပါတဲ့အလံတွေကို ဝှေ့ယမ်းကိုင်ဆောင်ထားကြသလို၊ ပွဲလာပရိသတ် တချို့ကလည်း ဘရစ်တနီရဲ့ ပုံစံတူမျက်နှာဖုံးတွေ သူဝတ်ဆင်လေ့ရှိတဲ့ ဝတ်စုံတွေကို ဝတ်ဆင်ပြီး ဆင်နွဲခဲ့ကြပါတယ်။

အဲဒီပွဲကို ထောင်သောင်းချီတဲ့ ပရိသတ်တွေက တညလုံးနီးပါး ပါဝင်ဆင်နွဲခဲ့ကြပါတယ်။ ပွဲအခမ်းအနားကို လန်ဒန်မြို့လယ် မီးရထားဘူတာရုံနားမှာ ကျင်းပခဲ့တာပါ။

ဗြိတိန်နိုင်ငံမှာ ၂ ပတ်ကြာ ဖျော်ဖြေမယ့် ဘရစ်တနီရဲ့ဂီတဖျော်ဖြေပွဲကို လန်ဒန်မြို့ အပါအဝင် စကားဘိုရို၊ မန်ချက်စတာနဲ့ ဂလပ်စကို မြို့တွေမှာလည်း ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ