နှစ်ပတ် လောက် အစာမစားခဲ့ရတဲ့ ကလေး ၁၁ ယောက်ကို ရဲတွေ ကယ်တင်

ဓာတ်ပုံ မူပိုင် EPA
Image caption အမ်မလီယာ အရပ်မှာ ရှိတဲ့ နောက်တွဲ လူနေယာဉ် ထဲမှာ ထည့်ထား ခဲ့

အမေရိကန် နိုင်ငံ၊ နယူး မက္ကဆီကို ပြည်နယ် မှာ နေထိုင်ကြတဲ့ ပေရေ စုတ်ပြတ်ပြီး အဟာရ ပြတ်လပ် နေတဲ့ ကလေး ၁၁ ယောက် ကို ရဲတွေ က ကယ်တင် ခဲ့ရပါတယ်။

အဲဒီ ကလေးတွေဟာ တစ်နှစ် အရွယ် ကနေ ၁၅ နှစ် အရွယ် အထိ ကလေး တွေ ဖြစ်ကြပြီး၊ ဖိနပ် မပါ၊ အဝတ် ဗလာ နဲ့ စောင်တွေ ကို ခြုံထားရကာ စစ် ပြေး ဒုက္ခသည် ကလေးတွေလိုပဲလို့ ရဲတွေက ဆိုပါတယ်။

ကလေးတွေကို တွေ့ရှိခဲ့ရတဲ့ နေရာမှာ လက်နက် အများအပြား ကိုင်ဆောင် ထားတဲ့ ဆီရက် ဝါဟာ နဲ့ လူးကပ်စ် မော်တွန် ဆိုတဲ့ လူ ၂ ဦး ကိုလည်း ဖမ်းဆီး ရမိခဲ့ပါတယ်။

တရားခံ နှစ်ဦးဟာ ကလေးတွေ နဲ့ သူတို့ရဲ့ မိခင်တွေကို ကော်လိုရာဒို ပြည်နယ် နဲ့ ထိစပ်နေတဲ့ အမ်မလီယာ အရပ်မှာ ရှိတဲ့ နောက်တွဲ လူနေယာဉ် ထဲမှာ ထည့်ထား ခဲ့တာပါ။ ကလေးတွေ ဟာ အစား အစာ ဝဝလင်လင် မစားရတာ ရက်သတ္တပတ် နှစ်ပတ် ကျော်လောက် ရှိနေနိုင်တယ်လို့ ရဲတွေက ပြောပါတယ်။

အမ်မလီယာ ဒေသမှာ ရှိတဲ့ ဒေသခံ တစ်ယောက် က သင်္ကာ မကင်း ဖြစ်ရာက စပြီး ရဲတွေကို ဖုန်းဆက် တိုင်ကြား ခဲ့တာကြောင့် ကလေး ၁၁ ယော က်ကို ရဲတွေက ရှာဖွေ တွေ့ ရှိခဲ့ရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ဆန် အနည်းငယ် နဲ့ အာလူး အနည်း ငယ်ကိုပဲ ရှာဖွေ တွေ့ ရှိခဲ့ရ

သူတို့ ကို ထားတဲ့ နောက်တွဲ ယာဉ် ထဲမှာ လျှပ်စစ်မီး လည်း မရှိ၊ သောက်ရေ လည်း မရှိဘူးလို့ ရဲတွေ က ပြောပါတယ်။ တာအို ခရိုင် ရဲမှူး ဖြစ်သူ ဂျယ်ရီ ဟော့ဂ်ဖီး က သူ့ရဲ့ ရဲ သက်တမ်း နှစ် ၃၀ မှာ အခုလို အဖြစ်မျိုး တခါမှ မတွေ့ဘူး ကြောင်း ပြောပါတယ်။

ကလေးတွေဟာ အစား မစားရလို့ ပိန်လှီ နေပြီး နံရိုး အပြိုင်း ပြိုင်း နဲ့ ဖြစ်နေတယ်လို့ ရဲမှူး က သူ့ရဲ့ အတွေ့အကြုံ ကို ပြန်ပြောင်း ပြောပြ ခဲ့ပါတယ်။ အဲဒီ နောက်တွဲ ယာဉ် ကို ရှာဖွေ ခဲ့ရာမှာ ဆန် အနည်းငယ် နဲ့ အာလူး အနည်း ငယ်ကိုပဲ ရှာဖွေ တွေ့ ရှိခဲ့ရတယ်လို့ ရဲတွေက ဆိုပါတယ်။

Image caption ခေျာင်ကြိုချောင်ကြား ထဲမှာ ဖမ်းဆီး ထား

ဖမ်းဆီး ခံထားရတဲ့ ဆီရက် ဝါဟာ နဲ လူးကပ်စ် မော်တွန် တို့ နှစ်ဦး ကို ကလေးသူငယ်တွေကို ဖမ်းဆီး နှိပ်စက်တဲ့ ဥပဒေ နဲ့ အမှု ဖွင့် ထားပါတယ်။ နောက်ပြီး ကလေး အမေလို့ ယူဆ ရတဲ့ အမျိုးသမီး သုံးယောက်ကိုလည်း ကနဦးမှာ ရဲက ဖမ်းဆီး ခဲ့ပေမယ့် အခု အခါမှာတော့ ပြန်လွှတ်ပေး လိုက် ပြီလို့ သိရပါတယ်။

ကလေးတွေကို ဘာကြောင့် အစာမကျွေးဘဲ ချုပ်နှောင် ဖမ်းဆီး ထားသလဲ ဆိုတာ အခု ချိန် အထိ ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူး။ လက်ရှိ အချိန်မှာတော့ သူတို့ ရဲ့ ကျန်းမာရေး အခြေအနေ ကို အနီးကပ် စောင့် ကြည့် ဖို့ အတွက် ဆေးရုံ ကို တင်ပို့ ထားရပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption လက်နက်ကိုင်ထား တဲ့ ဆီရက် ဝါဟာ နဲ့ လူးကပ်စ် မော်တွန် တို့ ကိုလည်း ဖမ်းဆီးထား