သား အရင်း ကို လိင်စော်ကား ဖို့ ရောင်းချတဲ့ ဂျာမန် မိခင်

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဂျာမနီ က Privacy ဥပေဒ အရ တရားခံတွေရဲ့ ရုပ်ပုံတွေကို ကာကွယ် ထားရ

ဂျာမနီ နိုင်ငံ တောင်ပိုင်း က အမျိုးသမီး တစ်ဦး ဟာ ၁၀ နှစ် အရွယ် သား အရင်း ဖြစ်သူ ကို ကလေးသူငယ် တွေကို လိင်ပိုင်း ဆိုင်ရာ တပ်မက် တဲ့ လူ ထံ ကို ရောင်းချ ခဲ့တဲ့ အတွက် တရားရုံးက ထောင်ဒဏ် ၁၂ နှစ် နဲ့ ၆ လ ပြစ်ဒဏ် ချမှတ် လိုက်ပါတယ်။

ဘာရင်း တာဟာ ဆိုတဲ့ အသက် ၄၈ နှစ် အရွယ် အမျိုးသမီး ဟာ ဂျာမနီ နိုင်ငံသား ဖြစ်ပြီး သူ့ရဲ့ နောက်အိမ်ထောင် ဖြစ်တဲ့ ၃၉ နှစ် အရွယ် ခရစ်စတန် လေ့စ် ကိုလည်း လိင်ပိုင်းဆိုင်ရာ စော်ကား ကျူးလွန် မှုနဲ့ ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ် ချမှတ် ခံခဲ့ရပါတယ်။

မိခင်ရင်း ဖြစ်သူဟာ ဘာရင်း ဟာ သူ့ရဲ့ သား ဖြစ်သူ ကို ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေ လုပ်ခဲ့တဲ့ အပြင် ယောက်ျား ဖြစ်သူ ခရစ်စတန် လေ့စ် နဲ့လည်း ကာမ စက်ယှက် ဖို့ စေခိုင်း ခဲ့တယ်လို့ ဂျာမနီ တာဝန်ရှိသူတွေက ပြော ပါတယ်။

အဲဒီ အမျိုးသမီးဟာ Dark Net လို့ ခေါ်တဲ့ တရားမဝင် website က တဆင့် သူ့ရဲ့ သား ဖြစ်သူ နဲ့ ကာမ ဆက်ဆံ ဖို့ အတွက် ကြော်ငြာ တင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ကလေး သူငယ်တွေနဲ့ လိင်ဆက်ဆံလိုတဲ့ လူတွေ ထံ ကို ရောင်းချ ခဲ့တာပါ။ စပိန် လူမျိုး တစ်ဦး က ဒီကြော်ငြာ ကို တွေ့မြင်ခဲ့ပြီး အဲဒီ ကလေး ဖြစ်သူ နဲ့ လိင်ဆက်ဆံ မှုတွေ လုပ်ခဲ့ပါတယ်။

အဆိုပါ စပိန် လူမျိုး ကိုလည်း ဂျာမနီ တာဝန်ရှိသူတွေက ဖမ်းဆီး အရေးယူ ခဲ့ပြီ ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ် ချမှတ် လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ကတည်း က ကလေးသူငယ် ကို လိင်ပိုင်း ဆိုင်ရာ စော်ကား ကျူးလွန် မှုနဲ့ ဒီအမှုကို စစ်ဆေး ခဲ့တာ ဖြစ်ပြီး ဩဂုတ်လ ၆ ရက်နေ့ တနင်္လာ နေ့ မှာ ပြစ်ဒဏ် အသီးသီးချမှတ် လိုက်တာ ဖြစ်ပါတယ်။

မိခင်ရင်း ဘာရင်း တာဟာ နဲ့ ပထွေး ဖြစ်သူ ခရစ်စတန် လေ့စ် တို့ဟာ ဆယ်နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ သား ယောက်ျား လေး ကို ကလေး ညစ်ညမ်း ရုပ်ရှင်တွေလည်း ရိုက်ကူး ခဲ့တယ်လို့ စစ်ဆေး တွေ့ ရှိခဲ့ပါတယ်။

သူတို့ နှစ်ယောက်စလုံး ကို ကလေး သူငယ် ကို လိင်ပိုင်းဆိုင်ရာ စော်ကား ကျူး လွန်မှု၊ ညစ်ညမ်း ရုပ်ရှင် ထုတ်လုပ်မှု၊ မုဒိန်း မှုတွေ နဲ့ တရား စွဲ ဆိုခဲ့ပြီး ပြစ်မှု ထင်ရှား တဲ့ အတွက် အခုလို နှစ်ရှည် ထောင်ဒဏ် တွေ ချမှတ် ခဲ့တာပါ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ပထွေး ဖြစ်သူ ဟာ ကလေးတွေကို လိင်တပ်မက်သူ ဖြစ်

တရားရုံး ကို သက်သေ တင်ပြတဲ့ ဗီဒီယို တစ်ခု ထဲမှာ ဆိုရင် အဆိုပါ ကလေး ကို ကြိုးတွေ နဲ့ တုပ်နှောင် ထားပြီး လိင်ပိုင်း ဆိုင်ရာ စော်ကား ကျူးလွန် တာ၊ ဆဲဆိုရိုက်နှက် တာတွေ ကိုလည်း မိခင် ရင်း ဖြစ်သူ က လုပ်ဆောင် ခဲ့တာ ကို တွေ့ ရပါတယ်။

အခုတော့ ဘာရင်း တာဟာ နဲ့ ပထွေး ဖြစ်သူ ခရစ်စတန် လေ့စ် တို့ နှစ်ဦး ကို ကလေး တွေ အနား ကို သွားရောက်ခွင့် မရှိစေဖို့ ကိုလည်း တရားရုံး က အမိန့်ချမှတ် လိုက်ပါတယ်။

လက်ရှိ အချိန်မှာတော့ စော်ကား ကျူးလွန် ခံခဲ့ရတဲ့ ကလေး ဟာ အသက် ဆယ် နှစ် အရွယ် ရောက်ရှိနေပြီး သူ့ကိုယ် မွေးစား ခဲ့ကြတဲ့ မိဘတွေ နဲ့ အတူ နေထိုင် နေတယ်လို့ သိရပါတယ်။

ဘာရင်း တာဟာ နဲ့ ခရစ်စတန် တို့ နှစ်ဦး ဟာ သုံးနှစ် အရွယ် မိန်းကလေး ငယ် တစ်ဦးကိုလည်း လိင်ပိုင်း ဆိုင်ရာ စော်ကား ကျူးလွန် ခဲ့ပါသေးတယ်။

သူတို့ လိင်ပိုင်း ဆိုင်ရာ စော်ကားမှုတွေ ကျူးလွန် ခဲ့တဲ့ ကလေး နှစ်ဦး ရဲ့ နစ်နာမှုတွေ အတွက် ယူရို လေးသောင်း နှစ်ထောင့် ငါးရာ လျော်ကြေး ပေးဖို့ ကိုလည်း တရားရုံး က ဆုံးဖြတ်ခဲ့ပါတယ်။