နိုင်ဂျီးရီးယားမှာ လုံခြုံရေး အကြီးအကဲ ထုတ်ပယ်ခံရ

ဓာတ်ပုံ မူပိုင် Reuters
Image caption မျက်နှာဖုံးစွပ် လုံခြုံရေး အရာရှိတွေ လွှတ်တော်ရှေ့မှာ ကာကွယ် တားဆီး မေးမြန်းမှု လုပ်နေ

နိုင်ဂျီးရီးယားမှာ ယာယီသမ္မတ Yemi Osinbajo က ဗဟိုအစိုးရရဲ့ လုံခြုံရေး အေဂျင်စီ ဆိုင်ရာ အကြီးအကဲ ကို ရာထူးက ထုတ်ပယ် ပစ်လိုက်ပါတယ်။

လွှတ်တော်ထဲကို အတိုက်အခံ နိုင်ငံရေး သမားတွေ ဝင်လာချိန်မှာ လက်နက်ကိုင် လုံခြုံရေး အရာရှိတွေက နှောက်ယှက် ဟန့်တားမှု ဖြစ်ပွားခဲ့ပြီးနောက် အခုလို အလုပ်ထုတ်လိုက်တာ ဖြစ်ပါတယ်။

ဒါဟာ လွှတ်တော်ကို အခွင့်အာဏာမရှိဘဲ ထိန်းချုပ်ဖို့ ကြိုးစားတာ ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖောက်ဖျက်ရာကျတယ်လို့ မစ္စတာ အိုရှင်ဘာဂျို က ပြောပါတယ်။

အခုလို အရေးယူလိုက်ကို သမ္မတ မသိဘဲ ၊ ဒီဖြစ်ရပ်နဲ့ ပတ်သက်တဲ့သူတွေ အားလုံးကို စည်းကမ်းပိုင်း ဖောက်ဖျက်မှုနဲ့ အရေးယူ သွားမှာ ဖြစ်တယ်လို့ ယာယီ သမ္မတက ကတိပေးလိုက်ပါတယ်။

ရာထူးက ဖယ်ရှားခံရတဲ့ လုံခြုံရေး အကြီးအကဲ Lawa Musa Daura ကို ဖမ်းထားလိုက်ပြီ ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် ဒါကို အတည်ပြုလို့ မရသေးပါဘူး။

နိုင်ဂျီးရီးယားမှာ သမ္မတ ဘူဟာရီ ပြည်ပခရီးသွားနေတာမို့ မစ္စတာ အိုရှင်ဘာဂျိုက ယာယီ သမ္မတ တာ၀န်ယူထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အဘူဂျာမြို့က လွှတ်တော် အဆောက်အအုံရှေ့

Abuja အဘူဂျာမြို့ ရှိ အမျိုးသား လွှတ်တော် ကို လာကြတဲ့ အတိုက်အခံ ပါတီ မှ ဝန်ကြီးနဲ့ ဆီးနိတ် အထက်လွှတ်တော် အမတ်တွေ ကို လက်နက်ကိုင် ဂိတ် အစောင့် တွေ က ဝင်ခွင့်မပေး ပဲ ပိတ်ထားတဲ့ အတွက် ပြည်တွင်းထောက်လှမ်းရေး အကြီးအကဲ Lawa Musa Daura ကို ယာယီ သမ္မတ Yemi Osinbajo က ရာထူး က ဖြုတ်ပစ် လိုက်ပြီး Matthew B. Seiyefa မက်သရူး ဆေယေးဖါ ကို ညွှန်ကြားရေးမှူးချုပ် အသစ် အဖြစ် ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

အခုလို ဝင်ခွင့် တားမြစ်ခြင်းဟာ ဘယ်သူ့ အမိန့်နဲ့ ပြုလုပ်သလည်း ဆိုတာက မရှင်းလင်းသေးပေမဲ့ အတိုက်အခံတွေ ဘက် ကတော့ အာဏာရ ပါတီ နဲ့ အစိုရ အဖွဲ့ဝင် တွေ ရဲ့ လက်ချက် မကင်း နိုင်ကြောင်း စွပ်စွဲ ပြောဆို လိုက်ပါတယ်။

ဖြစ်နိုင်ခြေ ကတော့ လာမဲ့ နှစ် ကျရင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပ ဖို့ ရှိရာမှာ အာဏာရ ပါတီ မှ လွှတ်တော် အမတ် ၅၀ ကျော် ဟာ အတိုက်အခံ ပါတီ ဘက် ကူးပြောင်း လာမှုတွေ ရှိလို့ ဖြစ်နိုင်ကြောင်း ခန့်မှန်း ပြောဆိုနေကြပါတယ်။

အခုလို ဘက်ပြောင်းမှု ပြုတဲ့ အထဲမှာ ဆီးနိတ် လွှတ်တော် ဥက္ကဋ္ဌ Bukola Saraki လည်း အပါအဝင် ဖြစ်ပါတယ်။

နိုင်ဂျီးရီးယားမှာ မတူတဲ့ အုပ်စုတွေကြား တိုက်ခိုက်မှုကြောင့် လူရှစ်ဆယ်ကျော်သေ

နိုင်ဂျီးရီးယား အသေခံဗုံးခွဲမှု လူ ၂၇ ယောက်ထက် မနည်း သေဆုံး

အခု ဖြစ်ရပ်နဲ့ ပတ်သက်လို့ မစ္စတာ ဆာရာကီး ကတော့ သတင်းစာ ရှင်းလင်းပွဲ ခေါ်ယူ မဲ့ အကြောင်း ပြောပါတယ်။

ယာယီ သမ္မတ မစ္စတာ ယယ်မီ အိုရှင်ဘာဂျို ကတော့ ပါလီမန် ကို အမိန့်မရပဲ သိမ်းပိုက်တဲ့ အသွင် ဆောင်တဲ့ ပိတ်ဆို့မှုဟာ အခြေခံ ဥပဒေ ကို ဖေါက်ဖျက်ရာ ကျတဲ့ အတွက် ပြစ်တင်ဝေဖန် လိုက်ပြီး ပါဝင်ပတ်သက်သူတွေ ကိုလည်း စည်းကမ်းဖေါက်ဖျက်မှု နဲ့ အရေးယူဖို့ ရှိတဲ့ အကြောင်း ယာယီသမ္မတ ရဲ့ ပြောခွင့်ရ Laolu Akande က ပြောပါတယ်။

လောလောဆယ် အချိန်မှာ လွှတ်တော် က နားထားတဲ့ အပြင် သမ္မတ ဘူဟာရီ ကိုယ်တိုင် ယူကေ ကို ခရီးထွက်နေတယ်လို့ နိုင်ဂျီးရီးယား မှာရှိတဲ့ ဘီဘီစီ သတင်းထောက် မေရယ်နီ ဂျုန်းစ် ကပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ