ထိုင်ဝမ်က ဘိုးဘိုးရဲ့ ပိုကီမွန်ရောဂါ

မြေးဆီကနေ ဂိမ်းကစားနည်းသင်ခဲ့တဲ့ ဘိုးဘိုး ဓာတ်ပုံ မူပိုင် EPA
Image caption မြေးဆီကနေ ဂိမ်းကစားနည်းသင်ခဲ့တဲ့ ဘိုးဘိုး

အားလုံးကိုဖမ်းမိဖို့ဆိုရင် လိုအပ်တဲ့ လက်နက်ကိရိယာတွေစုံဖို့လိုပါတယ်။

ဘိုးဘိုးချန်စန်းယွမ် ဟာ သူ့ရဲ့စက်ဘီးမှာ ဖုန်း ၁၁ လုံးကို တပ်ထားပြီး ပိုကီမွန်ဂိမ်းကို ကစားနေတာပါ။ နောက်ထပ် ဖုန်း လေးလုံး ထပ် ဝယ် တပ်ဖို့လည်း ရှိပါတယ်။

ထိုင်ဝမ်မှာ သူ့ကို ချစ်စနိုးနဲ့ အန်ကယ်ပိုကီမွန်လို့ ခေါ်ကြပါတယ်။ ဒီဂိမ်းကို သူ့ရဲ့မြေးဆီကနေ သင်ယူခဲ့တာပါ။ ဖုန်းဘတ္ထရီ မကုန်မချင်း နာရီ ၂၀ လောက်အထိကို ဂိမ်းကစားနိုင်တဲ့သူပါ။

ဒီအတွက်သူအနေနဲ့ တလကို ဒေါ်လာ ၁,၂၉၀ အထိ အကုန်အကျခံပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption နာရီ ၂၀ကျော် မပြတ်တမ်းကစားနိုင်ဖို့ ဘတ္ထရီအပိုတွေကို စက်ဘီးခြင်းထဲမှာ ထည့်ယူဆောင်သွား
ဓာတ်ပုံ မူပိုင် EPA
Image caption ထိုင်ဝမ်မှာတော့ အန်ကယ် ပိုကီမွန်ဆိုပြီး လူသိများလာတဲ့ ဘိုးဘိုး

ဖုန်း ၉ လုံး နဲ့ ကစားတဲ့အချိန်မှာ သူ့ကို ထိုင်ဝမ် သတင်းလိုင်း တခုဖြစ်တဲ့ EXP.GG ကနေ သူ့ကို အင်တာဗျုးစ လုပ်ခဲ့ပါတယ်။

ဒီဂိမ်းကို ကစားတဲ့အတွက် သူ့မှာ သူငယ်ချင်းတွေများလာသလို အသက်ကြီးလာတဲ့အခါဖြစ်တတ်တဲ့ မှတ်ဉာဏ်ချို့ယွင်းစေတဲ့ရောဂါကိုလည်းကာကွယ်ပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ဂိမ်းထဲကမွန်းစတားကို ဖမ်းနိုင်ဖို့ ထိုင်ဝမ်အနှံ့လျှောက်သွားနေတဲ့ ဘိုးဘိုး

ပိုကီမွန် ဂိုး ဂိမ်းက ၂၀၁၆ ခုနှစ် ဇူလိုင်မှာ စတင်ခဲ့ပြီး တကမ္ဘာလုံးကို လျင်လျင်မြန်မြန် ပျံ့သွားခဲ့တာပါ။

ဂိမ်းကစားတဲ့သူတွေဟာ စမတ်ဖုန်းကို သုံးပြီး ဂိမ်းထဲက အကောင်ကို ကိုယ့်ပတ်ဝန်းကျင်မှာပဲရှိတဲ့လမ်းတွေ နေရာတွေမှာ လိုက်ဖမ်းရတာပါ။

ဒီအကောင်တွေကို များများဖမ်းနိုင်လေ အဆင့်တက်လေပါပဲ။

ပိုကီမွန်ဂိမ်းဟာ လူကြိုက်များပေမယ့်လည်း လမ်းလျှောက်သွားပြီး ကစားရတာဖြစ်လို့ မတော်တဆထိခိုက်ပြီး သေဆုံးနိုင်ခြေများသလို လမ်းသွားတဲ့အခါ အာရုံမစူးစိုက်နိုင်လို့ ထိခိုက်ဒဏ်ရာရနိုင်ခြေလည်း များတယ်ဆိုပြီး ဝေဖန်ခံရတာတွေလည်းရှိနေတာပါ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဒမန်းရှား ရောဂါကိုရှာနိုင်မယ့် ဗီဒီယို ဂိမ်း

ဆက်စပ် အကြောင်းအရာများ