ဟိုချီမင်းကိုယ်ရံတော် ဘွေတင် ပဲရစ်မှာ ကွယ်လွန်

ဗီယက်နမ်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

ဇူလိုင် ၂၇ ရက်မှာ ကျရောက်တဲ့ ၇၁ နှစ်မြောက် ဗီယက်နမ် အာဇာနည်နေ့မှာ စစ်ပွဲအတွင်း သေဆုံးသူတွေကို ဂုဏ်ပြု ဆုတောင်းနေ

၁၉၇၅ တုန်းက တောင်ဗီယက်နမ်မှာ လက်နက်ချခဲ့တဲ့ မြောက်ဗီယက်နမ်က တပ်မှူးဟောင်း ဘွေတင် ဟာ သြဂုတ်လ ၁၁ ရက်နေ့က အသက် ၉၀ အရွယ်မှာ သူခိုလှုံနေထိုင်ရာ ပဲရစ်မြို့မှာ ကွယ်လွန်သွားပါတယ်။

သူဟာ ၁၉၅၀ ကိုလိုနီ ဆန့်ကျင်တဲ့ စစ်ပွဲ အတွင်း ဟိုချီမင်းရဲ့ ကိုယ်ရံတော် အဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။

နောက်နှစ်နှစ်ဆယ် အကြာမှာတော့ ဆိုင်ဂုံမြို့က သမ္မတ နန်းတော်ထဲ ပထမဆုံး တင့်ကားနဲ့ ထိုးဖောက် ဝင်ရောက် တိုက်ခိုက် ခဲ့သူ ဖြစ်ပါတယ်။

အဲဒီ အချိန်မှာ သူဟာ ထိပ်တန်း အရာရှိ တယောက် ဖြစ်နေပြီး နောက်ပိုင်းမှာ လက်နက် ချခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ဗီယက်နမ် စစ်ပွဲ အတွင်း ပါဝင် ဆင်နွှဲခဲ့ဖူးတဲ့ အမေရိကန် ဆီနိတ်တာ ဂျွန်မက်ကိန်းကို စစ်သုံ့ပန်းအဖြစ်ဖမ်းမိစဉ်မှာ ဘွေတင်က စစ်မေးခဲ့

အခု အမေရိကန် ဆီနိတ်တာ ဖြစ်နေတဲ့ ဂျွန်မက်ကိန်းတယောက် ဗီယက်နမ် စစ်ပွဲ အတွင်း စစ်သုံ့ပန်း အဖြစ် ဖမ်းခံထားရစဉ် သူက စစ်ဆေး မေးမြန်းခဲ့ဖူးပါတယ်။

ဗီယက်နမ်မှာ ကွန်မြူနစ်တွေ အုပ်စိုးလာခဲ့ပြီးနောက် ၁၉၉၀မှာ သူဟာ ပြင်သစ်မှာ စတင် ခိုလှုံနေထိုင်ခဲ့တာ ဖြစ်ပါတယ်။