ဖွဲ့စည်းပုံအသစ် ပြင်နေတဲ့ ကျူးဘား

ဓာတ်ပုံ မူပိုင် Reuters
Image caption ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ်ဆွဲဖို့ ဆွေးနွေး

ကျူးဘား နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် နဲ့ ပတ်သက်လို့ လူထု ဆွေးနွေးဖို့ အချိန်သုံးလ ပေးလိုက်ပါတယ်။

ပထမ မူကြမ်းကို အမျိုးသား လွှတ်တော်မှာပြီးခဲ့တဲ့ လက အတည်ပြုခဲ့ပြီး ထောင်နဲ့ချီတဲ့ ရုံးဌာန တွေနဲ့ ပြည်ပမှာ နေထိုင်သူတွေ အတွက် အင်တာနက် ပေါ်က တဆင့် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

နောက်ဆုံး အချောသတ် ကို လာမယ့် ဖေဖော်ဝါရီမှာ လူထု ဆန္ဒ ခံယူမှာ ဖြစ်ပါတယ်။

ဒီဖွဲ့စည်းပုံသစ်မှာ ကွန်မြူနစ် လူ့အဖွဲ့အစည်း ထူထောင်ဖို့ ရည်ရွယ်မယ့် အစား ဆိုရှယ်လစ် စံနစ်ကို အဓိက ထား ဖို့ ရည်ရွယ်တာ တွေ့ရပါတယ်။

ဒါ့အပြင် ပုဂ္ဂလိက ပိုင်ဆိုင်မှုကို အသိအမှတ်ပြုထားပြီး ၊ လိင်တူ ချစ်သူတွေ လက်ထပ်မှုကိုလည်း ခွင့်ပြုထားပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ဖွဲ့စည်းပုံသစ်ကို ဆွေးနွေးဖို့ လူထုကို သုံးလ အချိန်ပေး

ကျူးဘားနိုင်ငံ မှာ အစိုးရ ကနေ အခြေခံ ဥပေဒ ကို ပြောင်းလဲ ပြင်ဆင်ရေးဆွဲ မယ် လို့ ပြောတဲ့ အထဲမှာ လူမှုရေး၊ စီးပွားရေး နဲ့ နိုင်ငံရေး ဆိုင်ရာ အသင့်အတင့် ပြုပြင် ပြောင်းလဲမှု ပြုမယ် ဆိုတဲ့ အချက်တွေ ပါဝင်လာပါတယ်။

စီးပွားရေး အနေနဲ့တော့ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်တွေ ကို အသိအမှတ် ပြုမယ် လို့ ဆိုထားတဲ့ အတွက် ကွန်မြူနစ် စနစ် ကနေ မသိမသာ ဆိုရှယ်လစ် စနစ်ဆီ ကူးပြောင်းလာတဲ့ အသွင် ဆောင်လာ

ပါတယ်။

နိုင်ငံရေးပိုင်း ပြောင်းလဲမှုမှာ ဆိုရင်လည်း သမ္မတ ၅ နှစ် သက်တမ်း ကိုလည်း အများဆုံး နှစ်ကြိမ် ပဲ ထမ်းဆောင်ခွင့်ရှိ မှာ ဖြစ်ပြီး တပါတီ စနစ် နဲ့ အုပ်ချုပ်နေတဲ့ နိုင်ငံ မှာ ဝန်ကြီးချုပ်ရာထူး လည်း ဖေါ်ဆောင်မှာ ဖြစ်ပါတယ်။

နောက်တဆင့် အနေနဲ့ ဒေသခံ အုပ်ချုပ်ရေးမှူးတွေ ရွေးချယ် ခန့်အပ် မှာလည်း ဖြစ်ပါတယ်။

သာမန် ပြည်သူတွေ အနေနဲ့ သိလိုတာကတော့ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့် ဆိုတဲ့ နေရာမှာ သူတို့ အနေနဲ့ ဘယ်လို အကျိုးအမြတ်တွေ ရစေနိုင်မှာလည်း ဆိုတာ ကို စိတ်ဝင်စားနေကြပါတယ်။

နောက်ထပ် အပြောင်းအလဲ လုပ်ပေးမယ် ဆိုတဲ့ ကိစ္စရပ် ကတော့ အငြင်းပွားစရာ ဖြစ်နေတဲ့ လိင်တူချစ်သူ တွေ ကို လက်ထပ်ခွင့် ပြုမယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။

ဒီ အချက် ကို သမ္မတဟောင်း Raul Castro ရဲ့ သမီး Mariela Castro က လိင်ကျန်းမာရေး သိပ္ပံ ကို ဦးဆောင် နေသူဖြစ်တဲ့ အတွက် ထောက်ခံအားပေးမှု ပြုတာ ဖြစ်ပါတယ်

ဒါပေမဲ့ ဘုရားကျောင်း တွေ ကရော တခြား ဘာသာရေး အဖွဲ့အစည်းတွေ ကပါ အခု ကတည်း က သတိပေး စာရွက်တွေ ဖြန့်ဝေနေပြီး ကန့်ကွက်နေကြပါပြီ။ သင်းအုပ်ဆရာ တွေ ကဆိုရင် အခြေအတင် ဆွေးနွေးပွဲ တွေ ကျင်းပပြီး ဆန့်ကျင် ကြဖို့ အမိန့်ထုတ်ထားပါတယ်။

ဒါပေမဲ့ ဘယ်အတိုင်းအတာ ထိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ် အတည်ပြုနိုင်မလည်း ဆိုတာ ကတော့ ဥပဒေ မူကြမ်း ကို ရှေ့လာမဲ့နှစ် မှာ လူထု သဘောထား ဆန္ဒ ကောက်ယူပွဲ ကျရင် အဖြေ ပေါ်လာဖွယ်ရှိပါတယ်။

ဆက်စပ် အကြောင်းအရာများ