ကိုဖီအာနန် ကွယ်လွန်

ကိုဖီအာနန်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

ကမ္ဘာ့အရေးတွေသာမက မြန်မာ့အရေးလည်း ဆောင်ရွက်ပေးခဲ့

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်းလည်း ဖြစ်၊ ငြိမ်းချမ်းရေး နိုဘယ် ဆုရှင် လည်းဖြစ်တဲ့ မစ္စတာ ကိုဖီအာနန် ကွယ်လွန် သွားပြီ ဖြစ်ကြောင်း နိုင်ငံတကာ သံတမန် တွေ က ပြောပါတယ်။

နိုင်ငံတကာ သံတမန်ရေးရာ စင်မြင့်မှာ လူမဲ အာဖရိကန် တယောက်အနေနဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် လို အဆင့်မြင့်ရာထူး ကို ပထမဆုံး ရယူနိုင်ခဲ့တာ သူ ဖြစ်ပါတယ်။

သူဟာ အဲဒီတာဝန်ကို ၁၉၉၇ ကနေ ၂၀၀၆ အထိ တာဝန်ယူခဲ့တာပါ။

အဲဒီကာလ အတောအတွင်း အီရတ်စစ်ပွဲ ပြဿနာ၊ အိတ်ချအိုင်ဗွီ အေအိုင်ဒီအက်စ ပြဿနာ တွေ က နိုင်ငံတကာပြဿနာ တွေ အဖြစ်ရှိခဲ့ပြီး သူရဲ့ ဆောင်ရွက်မှုတွေ က အမှတ်ရစရာပါ။

မြန်မာပြည်နဲ့ပတ်သက်လို့လည်း ရခိုင်အရေး အကြံပေးကော်မရှင် မှာ ဥက္ကဌအဖြစ် တာဝန်ယူပေးခဲ့တဲ့သူ လည်းဖြစ်ပါတယ်။ဆီးရီးယား ပဋိပက္ခနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တယောက်အနေနဲ့ ငြိမ်းချမ်းရေး ရအောင် အားစိုက်အဖြေရှာပေးခဲ့သူပါ။ သူဟာ ကွယ်လွန်ချိန်မှာ အသက် ၈၀ နှစ် ရှိပါပြီ။