ဆီးရီးယား မှာ စစ်မုန်တိုင်း ကြီး တိုက်တော့မလား

ဓာတ်ပုံ မူပိုင် Reuters
Image caption အရပ်သားတွေ ကယ်ထုတ် ဖို့ ကုလ တောင်းဆို

ဆီးရီးယား နိုင်ငံ အနောက်မြောက်ပိုင်း က သူပုန် တွေ ထိန်း ချုပ်ထားတဲ့ အဒ်လစ် ပြည်နယ် ကို အစိုးရ စစ်တပ် က ထိုးစစ်ဆင် တိုက်ခိုက်ဖို့ လုပ် ဆောင် နေပါတယ်။

အဲဒီ ပြည်နယ် မှာ စစ်မုန်တိုင်းကြီး တခု ဖြစ်လာ နိုင်ကြောင်း ကုသမဂ္ဂ အဖွဲ့ကြီး က လည်း သတိပေးနေပါတယ်။

ဒီနေရာဟာ ဆီးရီးယား သူပုန်တွေ ရဲ့ အခိုင်အမာ နောက်ဆုံး ထိန်းချုပ် ထားတဲ့ ဒေသ ဖြစ်တာ ကြောင့် အစိုးရ စစ်တပ်အနေနဲ့ ထိုးစစ်ကြီး တခု ဆင်နွှဲပြီး သိမ်းပိုက် လိုတာ ဖြစ်ပါတယ်။

ဒီကိစ္စ နဲ့ ပတ်သက်လို့ ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီး ဝါလစ် အယ်မိုလန် က အဒ်လစ် ကို ထိန်းချုပ် ထားတဲ့ အယ်လ်နူစရာ တပ် ကို ချေမှုန်းဖို့ လုပ်ဆောင် တာပါ။ နည်းလမ်းပေါင်းစုံ သုံးပြီးတော့ တိုက်ခိုက်သွားမှာပါ။ ဒါပေမယ့် အရပ် သားတွေ အထိအခိုက် မရှိအောင်တော့ ဆောင်ရွက် ထားပါတယ် လို့ ပြောဆို ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ရုရှား စစ်သင်္ဘောတွေ ဆိုက်ရောက်လာနေ

ဆီးရီးယား သမ္မတ အာဆတ် အစိုးရ ကို ထောက်ခံမှု ပေးနေတဲ့ ရုရှား ဘက်ကလည်း အဒ်လစ် က အကြမ်းဖက် သမားတွေ ကို တိုက်ထုတ် မယ်လို့ ပြောဆို နေပါတယ်။ သူတို့ဟာ အရပ်သား တွေ ကို လူသား အကာအကွယ် အဖြစ် အသုံးပြုနေကြတယ်လို့ လည်း ဆိုပါတယ်။

လာ မယ့် နာရီ ပိုင်းအတွင်းမှာ စစ် ပွဲကြီး ဖြစ်ပွားတော့မယ့် အရိပ် အယောင် ကို မြင်တွေ့ နေရ တာကြောင့် အရပ်သား တွေ ကို အမြန် ကယ်ထုတ် နိုင်ရေး နဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးကြဖို့ ကုလသမဂ္ဂ အဖွဲ့က ပန်ကြား နေပါတယ်။